Saturday, September 29, 2012

ဓာတ်တော်ကျဆရာတော် ဦးသာဂရ၏ ပြောင်မြောက်သော အဆိုအမိန့် များ

မကွေးတိုင်း မြိုင်မြို့နယ် ဇီးတောရွာ မြသီတာကျောင်းတိုက်၌ ခန္ဓာဝန်ချသွားတော်မူသော ဓာတ်တော်ကျဆရာတော် ဦးသာဂရ၏ ပြောင်မြောက်သော အဆိုအမိန့် များ♣♣♣
***********************************************

♣ ဘိုးဘွားမိဘ သြ၀ါဒ လုံးဝပယ်တဲ့ခေတ်

♣ အပြောချိုသာ သဘောမှာ တမာခါးတဲ့ခေတ်

♣ တစ်အူတုံဆင်း ကိုယ်မွေးချင်း မာန်သွင်းကြတဲ့ခေတ်

♣ ကိုယ်ရှိကိုယ်စား မငှားငြား တရားပျက်တဲ့ခေတ်

♣ အကုသိုလ်၌ လွန်ပျော်ပိုက် စရိုက်ဆိုးတဲ့ခေတ်

♣ မာနရှေ့ထား ပြောစကား ခေါင်ဖျားရောက်တဲ့ခေတ်

♣ လူနေချုံကြား စိတ်ဘုံဖျှား ၀ါကြွားကြတဲ့ခေတ်

♣ အမှန်လုပ်လျှင် မကြိုက်ချင် ပြင်ပြင်မုန်းတဲ့ခေတ်

♣ အမှားလုပ်မှ သဘောကျ ကြုံရဤသည့်ခေတ်

♣ လက်နက်အားကိုး လူမိုက်မျိုး ကြီးစိုးကြတဲ့ခေတ်

♣ လက်နက်ချင်းဆိုင် အားချင်းပြိုင် အနိုင်လုတဲ့ခေတ်

♣ သတ္တဝါသေကြောင်း လက်နက်ရောင်း မကောင်းမှူ့ ပွားတဲ့ခေတ်

♣ ပေါက်လွတ်ပဲစား ဝင့်ဝါကြွား စကားဖောတဲ့ခေတ်

♣ ကိုယ့်ဂုဏ်ကိုဖော် မသူတော် လူဆော်လုပ်တဲ့ခေတ်

♣ ပြည်သူပိုင်မျိုး ရတိုင်းခိုး ကံဆိုးမွှေတဲ့ခေတ်

♣ တစ်ဝမ်းသာဝ တစ်ခါးလှ ဤမျှမြင်တဲ့ခေတ်

♣ သူကလည်းဗိုလ် ငါလည်းဗိုလ် ဗိုလ်တွေများတဲ့ခေတ်

♣ သူတစ်လူခင်း ငါတစ်မင်း လူချင်းပြိုင်တဲ့ခေတ်

♣ ကိုယ့်လူထင်ငြား သူဘက်သား ယုံမှားရတဲ့ခေတ်

♣ ယနေ့ ကိုယ့်လူ နက်ဖြန်မူ သူလူဖြစ်တဲ့ခေတ်

♣ အားကိုးရာမှ ဘေးဖြစ်ရ ဆိုးစွဤသည့်ခေတ်

♣ လူနဲ့ လူချင်း မေတ္တာကင်း မုန်းသွင်းပြောတဲ့ခေတ်

♣ တစ်လုပ်စားဖူး သူကျေးဇူး ထင်မြူးဖျက်တဲ့ခေတ်

♣ အကျိုးလိုရောင် ဟန်ပန်ဆောင် အချောင်လုတဲ့ခေတ်

♣ တိုက်ကြခိုက်ကြ လုယက်ကြ ဓားမြသူခိုးခေတ်

♣ မရှက်ကြောက်ပဲ မယ်ရွေးပွဲ ဆင်နွှဲကြတဲ့ခေတ်

♣ သုံးရဲဖြုံးရဲ အကြိုက်လွဲ မြင်းပွဲသွားတဲ့ခေတ်

♣ ကြက်တိုက်ဖဲရိုက် အမဲလိုက် မဲမိုက်ဤသည့်ခေတ်

♣ သုံးဆယ့်ခြောက်ကောင် အမည်ထောင် ပြောင်ပြောင်ထိုးတဲ့ခေတ်

♣ အံဝင်ဂွင်ကျ ပြောဆိုကျ လုပ်ကလွဲသည့်ခေတ်

♣ လိပ်ကြောကြောင်ကော် ပြောင်ချော်ချော် နိုင်းလျှော်ယခုခေတ်

♣ ဟေးလာဝါးလား လူမိုက်များ ရမ်းကားကြသည့်ခေတ်

♣ မေတ္တာ မေတ္တာ ပြောဆိုကာ တဏှာပွားတဲ့ခေတ်

♣ သစ္စာ သစ္စာပြောဆိုကာ လိမ်ညာများတဲ့ခေတ်

♣ ပွဲလမ်းသဘင် လူစည်ခင် ပျော်ရွှင်များတဲ့ခေတ်

♣ ဘုရားကိုသွား ချောင်ခိုများ ရည်းစားမျှော်တဲ့ခေတ်

♣ တစ်လင်မကောင်း တစ်လင်ပြောင်း ၁ သောင်း ခြောက်ထောင်ခေတ်

♣ လက်သည်းရှည်ကြီး ကြားပိုမီး ကြက်သီးထဖွယ်ခေတ်

♣ ဆံပင်ဂုတ်ထောက် လူရုပ်ပျောက် ကြောက်မက်ဖွယ်ရာခေတ်

♣ ယောက်ျားမိန်းမ ခွဲမရ လောကနှစ်ပုံးခေတ်

♣ တင်တု ရင်တု လင်အတု ဂြိုလ်တု ပေါ်တဲ့ခေတ်

♣ လင်ငုတ်တုတ်ထား ကျင့်ဖောက်ပြား မယားလိမ်တဲ့ခေတ်

♣ လောဘဒေါသ မိုက်မောဟ မာနကြမ်းတဲ့ခေတ်

♣ ဒူးထောင်ပေါင်ကား လူရွယ်များ ဝပ်သွားကင်းတဲ့ခေတ်

♣ ဆုံးမရန်ခက် မိုက်တွင်းနက် ငရဲသွားမယ့်ခေတ်

♣ ပါးစပ်ဘုရား လက်ကားရား အမှားလုပ်တဲ့ခေတ်

♣ အသံလုပ်ကာ ဆွဲငင်ကာ ဒေသနာစမ်းတဲ့ခေတ်

♣ တရားတရား တဟားဟား ပျော်ပါးကြတဲ့ခေတ်

♣ တရားဟောကာ စီးပွားရှာ မိစ္ဆာလောဘခေတ်။



♣♣♣ မည်သူ့ကိုမျှ ရည်ရွယ်၍ တင်ပြသည်မဟုတ်ပါ ဗဟုသုတအလို့ငှာသာ တင်ပြခြင်း ဖြစ်ပါသည်။
 မူရင်း=http://www.facebook.com/photo.php?fbid=148636438610998&set=a.110769665731009.12529.100003939288500&type=1&theat

0 comments:

Post a Comment