တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Tuesday, January 29, 2013

အနမ်း နဲ့ ကျန်းမာရေး

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ
ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတာကိုရောသိပါသလား။.......ကဲစိတ်ဝင်စားတယ်ဆိုရင်အောက်မှာရေးထား
တဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ် နေတယ် ဆိုတာကို ဆက်ပြီးဖတ် ကြည့်ပေါ့နော်။ တကယ်တော့
လူတစ် ယောက်နဲ့ တစ်ယောက်နမ်းတယ်ဆိုတာ ခံစားချက်အရရောယဉ်ကျေးမှုဓလေ့ထုံးစံတွေအရပါချစ်ခင်နှစ်လိုခြင်း
ဆိုတဲ့သက်ရောက်မှုကိုဖွင့်ဆိုတာဖြစ်ပါတယ်လူတစ်ယောက်ကိုနမ်းပြီဆိုရင်နမ်းတဲ့လူကအနမ်းခံရတဲ့သူကိုချစ်ပါတယ်
ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ… ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definition လေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။

သင်ကရောဘယ်လိုမျိုးဖွင့်ဆိုမှာလဲအနောက်တိုင်းယုံကြည်မှုအရတော့နမ်းတယ်ဆိုတာ"နှစ်လိုဖွယ်ခံစားဆက်ယှက်မှုကို
ပါးစပ်ကမပြောဘဲနှုတ်ခမ်းချင်းထိတွေ့ပူးကပ်ပြီးဖော်ပြတဲ့ချစ်ခြင်းရဲ့သင်္ကေတ" လို့ဖော်ပြထားပါတယ် နောက်ပြီးတော့
တစ်ယောက်ကိုတစ်ယောက် မြတ်မြတ် နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အချက်(၇)
ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်ကဘာတွေလဲဆိုတော့….. …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြောတွေဟာပြန့်ကားသွားပြီး
သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက် ပစ်ပြီး
သွေးထဲမှာရှိတဲ့ကိုလက်စထရော ပမာဏကို လည်းကျ ဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင်အခု(၃၀လောက်ကိုလှုပ်ရှားလာအောင်
ဦးနှောက်က လှုံ့ဆော်ပေးပါ သတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာပိတ်ဆို့နေတဲ့အညစ်အကြေးတွေကို
ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့
ဆံချည်မျှင် သွေးလွှတ် ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါ နမ်းတိုင်း ကိုယ်တွင်းမှာ
သိုလှောင်ထားတဲ့ အဆီပမာဏ(၁၂ကီလိုရီလောင်ကျွမ်းစေတယ်ဆိုပဲဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကိုများများနမ်း
ကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။နမ်းခြင်းဟာစိတ်ထဲမှာရှိနေတဲ့ဖိစီးမှုတွေအားငယ်မှုတွေကိုချေဖျက်ပေးပြီး
စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း
တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံး နေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့် ကိုယ်ကို
အကြီးမြတ်ဆုံးသူရဲကောင်းကြီးတွေလို့ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေကအတည်ပြုထားပါတယ်။ဒါကြောင့်
ချစ်သူရဲ့ အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ပြီးတော့အနမ်းဆိုတာ သဘာဝရောဂါ ကာကွယ်ဆေးတစ်မျိုးပါပဲတဲ့ ဆေးပညာ သဘောအရလူတစ်ဦးဆီ မှာ ရှိနေ
တတ်ကြတဲ့သဘာဝကိုယ်ခံစွမ်းအားတွေဟာမတူညီကြပါဘူးဒါပေမယ့်ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်
ချင်းစီမှာရှိတဲ့ကိုယ်ခံပဋိဇီဝစွမ်းအားတွေဟာတံတွေးကနေတဆင့်ပေါင်းစပ်သွားပါတယ်အဲဒီကနေတဆင့်ကိုယ့်ချစ်သူ
မှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ရောဂါကာကွယ်မှုစွမ်းအင်တွေကိုယ့်ခန္ဓာကိုယ်ထဲပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာရာခိုင်နှုန်း
(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း" လို့ စိတ်ပညာရှင်တွေကနာမည်ပေးထားပါတယ်။

၆။နောက်ပြီးအနမ်းဟာလူရဲ့ဦးနှောက်စွမ်းဆောင်ရည်တိုးတက်လာအောင်စနစ်တကျနှိုးဆွပေးပါတယ်ဘယ်လိုအချိန်
မျိုးမှာ သိသာလဲ ဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာ တတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ
ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါ တယ်တဲ့။အဲဒီအခိုက်အတန့်မှာလူတစ်ယောက်ရဲ့ဦးနှောက် အရည်အသွေး
ဟာထိပ်ဆုံးအဆင့်ထိတက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်းအမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါကဘာလဲဆိုတော့ ချစ်သူကိုနမ်းရတာ
ရင်ခုန်ကြည်နူးစရာ ကောင်း တယ်တဲ့။ နောက်ပြီးပျော်စရာလဲ ကောင်းပါတယ်တဲ့။ဘယ်လိုလဲ။ဟုတ်ရောဟုတ်ရဲ့လား ???

သင်သွားတိုက်ရင်း “သွေး” ထွက်လာခဲ့မယ်ဆိုရင်

Gum Bleeding

သင့်သွားဖုံးဟာ အလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ်ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်
လို့ ဆိုနိုင်ပါပြီ။  တကယ်လို့များ သင့်သွားဖုံးမှာ သေွးယိုစိမ့်လာပြီဆိုရင် အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။



၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။
သင့်အဖြေဟာ သင့်ခံစားနေရတဲ့ ရောဂါဟာနာတာရှည်လား ။
အခုမှဖြစ်ပေါ်တာလားဆိုတာ သင်ခွဲခြား သိလာပါလိမ့်မယ်။



၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။
တကယ်လို့ သင့်မှာ အဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင် အလိုအလျှောက်ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာ
များကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။



၃။ တခြားနေရာမှ အလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။
ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြားတွင် သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့
ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ
ပြတာပါပဲ။



၎။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။
လည်ချောင်းနာတာ ဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအား
စနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကို သေချာစစ်ဖို့လိုပါတယ်။



၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ် အချိန်က ပြခဲ့ ပါသလဲ။
မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့ အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာ
လေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။



တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့ အကူအညီ ပေးတတ်တာကြောင့်
ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။



၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာ
တွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။


၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေ
ကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။


၃။ သွားဖုံးမှာ အနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တခုပါပဲ။


၎။ အရေပြားမှာ အစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ ရောဂါတချိုကို
စဉ်းစားရပါလိမ့်မယ်။

၅။ အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ ခုခံအားကျဆင်းမှုရောဂါ
စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကို အားပေးစေပါတယ်။




ဘာ့ကြောင့်လဲ…
သွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါ အပြင် အခြားသော အကြောင်း အရာများကြောင့်လည်း
ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို
ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့


သွားဖုံးယောင်ခြင်း
သွားဖုံးတွင်ရောဂါတခုခုရှိခြင်း
သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း
သွေးကင်ဆာ
ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း
ဗိုက်တာမင် စီနှင့် အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း
သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း
ပါးစပ်အတွင်း ပိုးဝင်ခြင်း
အရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့်
သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။ အချို ဓါတ်များစွာပါဝင်သော အစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း
သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်
စုမှုကို အားပေးပါတယ။် အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ
သွားဖုံးယောင်ခြင်းကို အားပေးပါတယ်။




ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသော အသားစများ လျော့ရဲကာ ပျော့ပြောင်း
လာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်
သောက်ခြင်း၊ အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။
ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သောဆေးများ
ကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။




သင်ဘယ်လို ခံစားလာရမလဲ ။
ရောဂါတခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့ အခါ သွေးထွက်လာ
တတ်ပါတယ်။ သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့ အနီးနားမှာရှိတဲ့ အသားမျှင်တွေနဲ့ အရွတ်တွေကိုပါ
ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာ အခေါင်းပေါက်ဖြစ်လာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ
သွားကျွတ်ထွက်တာ၊ သွားဖုံးမှာ အနာဖြစ်တာတွေ အထိဖြစ်တတ်ပါတယ်။



သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေ
ယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။



ဗေလုံး
Hodgkin lymphoma ၊ သွေးကင်ဆာ ၊ Lupus erythemtosus ၊ သွေးမတိတ်သော ရောဂါများ ၊ ရိုးတွင်းချဉ်စီမှာ သွေး
နှင့်ဆိုင်သော ပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင် ဗေလုံးကြီးနေတတ်ပါတယ်။



သွေးချေဥခြင်း
အကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသော အရာ ( platelets ) နည်းနေသော အခြေအနေများတွင် ခန္ဓာကိုယ်အနှံ့
အပြား၌ သွေးခြေဥကလေးများ (အနီရောင် အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။



ဆောင်ရန် ရှောင်ရန်များ
သွားဖုံးမှာသာမက တခြားနေရာများကပါ အလိုအလျှောက် သွေးထွက်နေပြီးဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့
တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတခုတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်
သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့ အကောင်းဆုံး နည်းလမ်းတရပ်ပါပဲ။
ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တကြိမ် ၊ ညအိမ်ရာဝင်တကြိမ် အနည်းဆုံးတိုက်သင့်ပြီး တကြိမ်
တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။



သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေ သွေးထွက်တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့
သွားဖုံးတွေကိုကြွတက်လာစေပြီး အောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကို အနည်းငယ်
စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့ အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်
နည်းအတိုင်း တိုက်သင့်ပါတယ်။



သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့
လည်း အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကို
အသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာ အခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာ ရောဂါကြောင့် သွားသွေး
ထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့်
နောင်ဖြစ်မဲ့ပြသနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ
ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့ အစာများ
ကို ဖယ်ရှားပေးတာကြောင့် အကျိုးရှိစေပါတယ်။




သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်
ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စသော အချိုများသည့်
အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို
လျှောင်ကျဉ်သင့်ပါတယ်။ အစာတခုနှင့် တခုကြားတွင် အစာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်
တလမ်းမှ အားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။



ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးများကိုမာကျောစေကာ
သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း ၊ဖြစ်နိုင်လျှင် ဆေးလိပ်
ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့် အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သော အလွှာတခု
ဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။



အကယ်၍များသင်ဟာ အံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့ အံကပ်ဟာ သင်နဲ့ အဆင်မပြေသေးဘူးဆိုရင်တော့
သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လို အဲဒီ ပြသနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့ အံကပ်ဟာ သွားဖုံးနဲ့
ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။



သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့ အနည်းဆုံးတနှစ်ကိုတကြိမ် ၊ တကယ်လို့များသင့်မှာ သွားနဲ့ခံတွင်းဆိုင်ရာ ပြသနာ
တခုခုရှိခဲ့မယ်ဆိုရင်တော့ တနှစ်ကို တကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ်။

မသိသေးတဲ့သူတွေအတွက်ပါ (ရွေတိဂုံစေတီတော်အောက်မှ ရွှေလောင်းလှေ) တဲ့





HAZY  LIFE ဆိုက်မှတဆင့် ဖော်ပြပါသည် ။ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Windows Phone တွင် Font ထည့်သွင်းပုံ



WindowsPhoneအသုံးပြုတဲ့သူတွေအတွက်WindowsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လို
ထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhoneမှာသင်ထည့်သွင်းချင်တဲ့Fontကိုထည့်သွင်းဖို့အတွက်ဆိုရင်အဆင့်ငါးဆင့်ပဲရှိမှာဖြစ်ပါတယ်။သင်ထည့်သွင်းချင်တဲ့Fontကို
WindowsPhoneOSမှာထည့်သွင်းဖို့အတွက်ကွန်ပျူတာရှိဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့Handsetနဲ့ကွန်ပျူတာချိတ်ဆက်ပြီးထည့်သွင်းရမှာဖြစ်တဲ့အတွက်ထည့်သွင်းဖို့ဆိုရင်အလွယ်တကူ
ရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
WindowsPhoneထဲကိုFontထည့်သွင်းဖို့အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။အချက်တွေကိုအောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေး
ပါကအလွယ်တကူနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။ သင့်ရဲ့WindowsPhoneOSအသုံးပြုထားတဲ့Handsetကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီးActiveSyncကိုဖွင့်ပေးလိုက်ပါ။
၂။သင့်PCအတွင်းမှာရှိတဲ့C:\WindowsFontsဆိုတဲ့လမ်းကြောင်းအတိုင်းFontsFolderထဲကိုရောက်အောင်သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folderကိုသင့်PCထဲကနေဖွင့်ရမှာဖြစ်ပါတယ်။
   Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ  အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ဒီအဆင့်ကတော့WindowPhoneOSအသုံးပြုတဲ့Handsetအတွင်းမှာရှိတဲ့FontFolderကိုသွားရမှာဖြစ်ပါတယ်။လမ်းကြောင်းကတော့
\Windows\Fonts\ ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီအဆင့်ကတော့Windowsစနစ်အောက်ကFontsFolderရှိတဲ့သင်ထည့်သွင်းချင်တဲ့ဖိုင်ကိုMobileDevice
 ရဲ့Windows\Fonts\ အောက်ကိုသင်ထည့်သွင်းချင်တဲ့FontကိုMoveလုပ်ပေးလိုက်တယ်ဆိုရင်WindowsPhoneOSအသုံးပြုထား 
  တဲ့Handset ထဲကို သင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေပြီးသွားပြီဆိုရင်တော့WindowsPhoneOSရဲ့MobileWordsထဲကိုသွားရပါမယ်။ပြီးရင်တော့Menu>Format>Font
ကိုသွားရပါမယ်။dropboxမှာရှာကြည့်လိုက်တယ်ဆိုရင်သင်ထည့်သွင်းထားတဲ့Fontကိုအဲဒီအောက်ကFontListမှာ တွေ့ရမှာဖြစ်ပါတယ်။
Ref:internet journal (www.myanmarinternetjournal.com)

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ် ကို ဖွင့်ရင် မော်ဇီလာ နှင့် ပွင့်အောင် လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ်ဖွင့်ရင် Mozillafirefox  နဲ့ ပေါ်အောင်ဘယ်လိုလုပ်မလဲ မေးလာလို့  မသိသေးတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း သိရအောင် ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်ပါတယ်။

ပထမဦးဆုံး ဂျီတော့ ဆော့ဝဲလ်လေးကိုဖွင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာရင် ညာဖက် အပေါ်မှာရှိတဲ့ Setting ကိုကလစ်ပြီး ဖွင့်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ Settings တွေ အထဲက General မှာရှိတဲ့ Open Gmail when I click on email link ရှေ့က Box မှာ အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေမှာရှိတဲ့ OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
ပြီးရင် Mozilla Firefox Browser ကိုဖွင့်လိုက်ပါ။ ပေါ်လာရင် Mozilla Firefox ရဲ့ Setting တွေထဲက Tools ကိုကလစ် ပြီးရင် Options ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
Options ကို  ကလစ်ပြီးဆက်သွားလိုက်ရင် Options ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။General ဟူသော Setting ကို စတွေ့ ရပါလိမ့်မည်။ Advanced ဆိုသော setting ကိုကလစ်လိုက်ပါ။
Advanced ကို ကလစ်လိုက်ရင် ပေါ်လာတဲ့ စာသားတွေထဲက Always Check to see......your default browser ရှေ့ရှိ လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေရှိ OK ကို နှိပ်လိုက်ပါ။ မရှင်းလျှင် ပုံမှာ ကြည့်ပေးပါ။

အောက်ကပုံကတော့ တစ်ချို့  မော်ဇီလာ ဗားရှင်းတွေ မှာပေါ်တဲ့ပုံစံပါ။ Advanced ကိုကလစ်ပြီး ပေါ်လာတဲ့ Setting တွေထဲက Always Check to see......on startup ရှေ့က လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ် ပြီး အောက်ခြေရှိ OK ကို နှိပ်ပြီး မော်ဇီလာ ဘရိုဇာ ကို ပိတ်လိုက်ပါ။
ပြီးရင် Mozilla firefox browser ကို ပိတ်လိုက်ပါ။

ဒါဆိုရင် ဂျီတော့က မေးလ်ကို ဖွင့်ရင် မော်ဇီလာ ဘရိုဇာ နဲ့ ပဲ ပွင့်ပါပြီ။

အဆင်ပြေကြပါစေ။

Android ဖုန်းထဲသို့ ကွန်ပျူတာမှတစ်ဆင့် ဖုန်းဆော့ဝဲသွင်းနည်း

Android ဖုန်း/Tablet စတင်သုံးစွဲတဲ့ Users တွေအတွက် Android ဖုန်း/Tablet ထဲသို့
application,game သွင်းပုံသွင်းနည်းကို StepbyStepTutorialsအနေနဲ့ရှင်းပြပေးလိုက်ပါတယ်။

အရင်ဆုံး ကွန်ပျူတာကနေ ဖုန်းထဲကို app,game သွင်းဖို့ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့
WonderShare Mobile Go ဆော့ဝဲကိုအောက်က link မှာရယူလိုက်ပါ။

Download link_     http://www26.zippyshare.com/v/21701619/file.html
အပေါ်မှာပေးထားတဲ့WonderShareMobileGo ဆော့ဝဲကိုကွန်ပျူတာထဲကိုသွင်းပြီးသွားပြီဆိုရင်
တော့ အခုသွင်းလိုက်တဲ့ WonderShare Mobile Go ဆော့ဝဲကိုဖွင့်လိုက်ပါ
( ကျွန်တော်တင်ပေးထားတဲ့ Wondershare Mobile Go ဆော့ဝဲကို full version ဖြစ်ဖို့အတွက်
တင်ပေးထားတဲ့zipဖိုင်ထဲမှာcrkဆိုတဲ့ဖိုင်လေးပါပါတယ်။အဲဒီထဲက.dllဖိုင်လေးကိုကွန်ပျူတာထဲက
          C:\Program Files\Wondershar  
         \MobileGoforAndroidဖိုဒါအောက်မှာသွားကူးထည့်ပေးလိုက်ရင် Wondershare 
        Mobile Go ဆော့ဝဲက full version ဖြစ်သွားပါပြီ )
ပြီးရင် ဖုန်းရဲ့ USB Debugging Setting ကို On ပေးထားရမှာဖြစ်ပါတယ်
Android version 2.0 မှ 2.3.6 အထိဖုန်းများကို USB Debugging On နည်းကတော့ Setting
> Application > Development > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။

Android version 4.0 နှင့်အထက်ဖုန်းများကို USB Debugging On နည်းကတော့ Setting >
Developer Options > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။

ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။
ချိတ်ဆက်လိုက်တယ်ဆိုရင် အောက်ကပုံထဲကအတိုင်းမိမိဖုန်းရဲ့screenနဲ့ပေါ်လာပါမယ်။ပေါ်လာ
ပီဆိုရင် app,game သွင်းဖို့အတွက် အောက်ပုံမှာပြထားတဲ့အတိုင်း Apps ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
(ပထမဆုံးစတင်ချိတ်ဆက်တဲ့ဖုန်းဆိုရင်တော့ ဖုန်း driver သွင်းတဲ့အချိန်ပါထည့်တွက်ရင်
တစ်မိနစ်ခန့်ကြာပြီးမှ အောက်က screen မျိုးပေါ်လာမှာပါ)
ဖုန်းထဲသို့ဆော့ဝဲသွင်းရန် “Install” ဆိုသောခလုတ်ကိုနှိပ်ပါ။

ပြီးလျှင် ကွန်ပျူတာထဲတွင် အသင့် download လုပ်ထားသော android ဆော့ဝဲဖိုင် (apk ဖိုင်)
ကိုရွေးပေးပါ။ ပြီးလျှင် Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

မိမိရဲ့ဖုန်းထဲသို့ ဆော့ဝဲစတင်သွင်းနေပြီကို မြင်ရပါမယ်။ အောက်ပုံအတိုင်းပါ။

သွင်းပြီးသွားပြီဆိုရင်တော့ အောက်ပုံထဲကအတိုင်းမြင်ရပါမယ်။
 
ကဲ… အခုဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ဖုန်းထဲမှာ အခု ကွန်ပျူတာကနေ သွင်းလိုက်တဲ့
software လေးရောက်ရှိနေပြီဖြစ်ပါတယ်။ အားလုံးပဲအစဉ်ပြေကြပါစေနော်

မိမိရဲ့ လက်ကိုင်ဖုန်း ဘက်ထရီ ကုန်ခါနီး (အောက်ပုံပါအတိုင်း) တစ်ထစ်လောက်ပဲ ကျန်ပြီဆိုရင် ဖုန်းဝင်လာရင်တောင် မပြောပါနဲ့ ၊

မိမိရဲ့ လက်ကိုင်ဖုန်း ဘက်ထရီ ကုန်ခါနီး (အောက်ပုံပါအတိုင်း) တစ်ထစ်လောက်ပဲ ကျန်ပြီဆိုရင် ဖုန်းဝင်လာရင်တောင် မပြောပါနဲ့ ၊ လက်ခံပြောလိုက်ရင် ဖုန်းက လျှပ်စစ်သံလိုက်လှိုင်း (The emission of energy as electromagnetic waves or as moving subatomic particles) က မူလထက် အဆတစ်ထောင်ပိုလွှင့်ပြီး လူကို အန္တရာယ်ဖြစ်စေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ် ။ PLEASE SHARE THIS When battery is down to the LAST grid/bar, do not answer the phone as the radiation is 1000 times From - Interesting Facts & Information Ref>>>Sandi Kyaw @[100003304253329:2048:Win] (အမျိုးကောင်းသားထံမှ မူရင်းအတိုင်းမျှဝေပါသည်)
 မိမိရဲ့ လက်ကိုင်ဖုန်း ဘက်ထရီ ကုန်ခါနီး (အောက်ပုံပါအတိုင်း) တစ်ထစ်လောက်ပဲ ကျန်ပြီဆိုရင် ဖုန်းဝင်လာရင်တောင် မပြောပါနဲ့ ၊ လက်ခံပြောလိုက်ရင် ဖုန်းက လျှပ်စစ်သံလိုက်လှိုင်း (The emission of energy as electromagnetic waves or as moving subatomic particles) က မူလထက် အဆတစ်ထောင်ပိုလွှင့်ပြီး လူကို အန္တရာယ်ဖြစ်စေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ် ။ PLEASE SHARE THIS When battery is down to the LAST grid/bar, do not answer the phone as the radiation is 1000 times From - Interesting Facts & Information Ref>>>Sandi Kyaw @[100003304253329:2048:Win] မိမိရဲ့ လက်ကိုင်ဖုန်း ဘက်ထရီ ကုန်ခါနီး (အောက်ပုံပါအတိုင်း) တစ်ထစ်လောက်ပဲ ကျန်ပြီဆိုရင် ဖုန်းဝင်လာရင်တောင် မပြောပါနဲ့ ၊ လက်ခံပြောလိုက်ရင် ဖုန်းက လျှပ်စစ်သံလိုက်လှိုင်း (The emission of energy as electromagnetic waves or as moving subatomic particles) က မူလထက် အဆတစ်ထောင်ပိုလွှင့်ပြီး လူကို အန္တရာယ်ဖြစ်စေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ် ။ အထူးသဖြင့်ကြုနေကြတဲ့စုံတွဲများကိုသတိပေးလိုက်ပါတယ်
များသောအားဖြင့်ဘက်ထရီအားကုန်ခါနီးအထိပြောတတ်ကြလို့ ပါ....................

နိုင်ငံခြားရောက် မြန်မာများအတွက် ဆရာအောင်သင်းအကြံ ပေးချက်



နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်

၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ

လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့

အရေးကြီးတယ်။များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်

မာမာကိုယ့်ကိုယ်ကို ပြန်ပြီးတော့ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင်ပဲရှိတတ်တယ်။

ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာအာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရ

တယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက်ခိုင်မာ သွားလို့ ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူ

ထိန်းသွားလို့ရှိတယ်။ဘယ်သူမဆိုအဲဒီလို ဖြစ်လေ့ဖြစ်ထရှိပါတယ်။ဒါကြောင့်အဲဒီဟာကအရေးကြီးတယ်လို့ကျနော်ပြော

ဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။

၂။ ကျန်းမာရေးကို ကိုးကွယ်ပါ

နံပါတ်(၂)အချက်ကတော့အဲအောင်မြင်ချင်လို့ရှိရင်ကျန်းမာရေးကိုကိုးကွယ်ရတယ်။ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို

ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကိုဘယ်လောက်အရေးကြီးတယ်ဆိုတာကလူငယ်တွေဟာအမှတ်မထင်

နေတတ်ကြတယ်။မကျန်းမာရင်ဘာမှမဖြစ်နိုင်တော့ဘူး၊သူများကိုမှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ်တယ်ဆိုတာကို

မေ့နေကြတယ်။ ကိုယ်က ကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေ တတ်တယ်။ အဲဒီတော့ ဘုရားရှင်က

မေတ္တာပို့တာတောင်မှမိမိကိုယ်ကိုမိမိပထမဆုံး  မေတ္တာပို့ပါလို့ပြောခဲ့တာ။ဘာကြောင့်လဲလိုဆိုတော့ကိုယ့်ကိုယ်ကိုကျန်း

မာမှတခြားသူကိုဒုက္ခမပေးမိမှာပေါ့။အဲဒီတော့ကျန်းမာရေးကိုဂရုစိုက်တယ်ဆိုတဲ့ ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့

ဖြစ်တဲ့အခါ ကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ..... မူးယစ်ဆေးဝါး သုံးတာတွေ၊အရက်သေစာအများကြီး

သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့အဆီအအိမ့် တမက်တမောစားတာတွေအဲဒီဥစ္စာတွေအကုန်လုံး

ကို ထိန်းချုပ်သွားရတာ။

အဲဒီဘာကိုပဲစားသည်ဖြစ်စေ၊လုပ်သည်ဖြစ်စေ၊အိပ်သည်ဖြစ်စေ၊နေသည်ဖြစ်စေကျန်းမာရေးကို မထိခိုက်ရအောင်လူ

တွေသိပ်ကိုအရေးကြီးတယ်။ မကျန်း မာ တာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်

တယ်ဆိုတာကို မေ့နေတတ်တယ်။အင်မတန်အရေးကြီးပါတယ်ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာအလေး

နက်ကလေး ထည့်ပေးစေချင်ပါတယ် နော်။


၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ

နောက်တခါနံပါတ်(၃)အချက်ကကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။ဥပမာ...........လျှပ်စစ်ဘက်မှာစိတ်

ထက်သန်လား၊ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်

သန်တာလားအစရှိတာတို့ပေါ့နော်။တကယ့်ကိုအသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့်လုပ်ငန်းတခုကိုကိုယ်ချင့်ချင့်ချိန်

ချိန် ရွေးချယ်ရပါမယ်။ကိုယ့်ဝါသနာပါတဲ့ဥစ္စာဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ကိစ္စမျိုးကတော့ပန်းချီရေးသည်

ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။

ဒါပေမယ့်လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လုပ်ငန်းကိုစိတ်ဝင်

စားလဲဆိုတာပထမဆုံး ရွေးချယ်ဖို့လိုပါတယ်။အဲဒီရွေးချယ်တဲ့ဥစ္စာဟာကိုယ့်စိတ်နဲပတ်ဝန်းကျင်နဲ့ရှိတဲ့အထဲမှာမှကိုယ်

ရွေးလို့ရနိုင်တဲ့လုပ်ငန်းတွေထဲမှာဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊အဲဒါကိုချင့်ချိန်ရွေးချယ်ပြီးတော့အဲဒီဥစ္စာကို နေ့နေ့

ညည လေ့လာရတယ်။


၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ

ဆက်ပြီးတော့ ပြောချင်တာကနံပါတ်(၄)အချက်ကအဲဒီရွေးချယ်လိုက်တဲ့ပညာရပ်ကိုသို့မဟုတ်အဲလုပ်ငန်းကို လေ့လာ

တာအဲဒါကိုနေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင်.... အဲဒီဥစ္စာ ဘယ်တော့မှ

မအောင်မြင်နိုင်ဘူး။အဲဒီလိုကြံဆရင်းကနေဘာဖြစ်လာသလဲဆိုတော့တခါတရံမှာဖြစ်သွားတတ်တာကပထမရွေးချယ်

ထားတဲ့လုပ်ငန်းထက်ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင်

ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့

ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။


၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့

နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်း

အသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊

ငါ့အဲဒါလေးသင်ပေးစမ်းပါကွာဆိုတာမျိုး ပြောတာလိုမျိုး။ကျနော့်ကိုအဲဒါလေးသင်ပေးပါခင်ဗျာလို့အဲဒီလိုပြောတာမျိုး။

အဲဒီလိုလုပ်ဖော်ကိုင်ဖက်အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။တချို့ကဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန်

ဝန်လေးတတ်ကြတယ်။


ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့အပိုင်းတွေမှာကို ကျနော်တပည့်တွေဆီကနေ ပြန်ပြီးသင်ယူနေ

တာပဲ။တပည့်တွေကကိုယ့်ဆရာဖြစ်တဲ့အခါကျတော့လိုလိုချင်ချင်သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့်ကျနော်

ပညာတွေအများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။

အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်

မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ.....့။

သူ့ကိုကျေးဇူးတင်ကြောင်းကိုလှိုက်လှိုက်လှဲလှဲပြောဖို့လိုတယ်။ နောက်ပြီးကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။

ဥပမာ ဆိုပါတော့သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး

စာနဲ့တကြောင်းလေးဖြစ်စေ၊မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ်ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး.......။

ဆိုတာမျိုးလေး.......စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ဒါမှမဟုတ်ကဒ်လေးတခုလောက်ပို့ပြီးဖြစ်စေ၀န်မလေးပါနဲ့။

တကယ်လို့ကြုံလို့ ဖြစ်စေသူ့ကိုလက်ဖက်ရည်တစ်ခွက်တိုက်တာဖြစ်စေ..၊ ထမင်းတနပ်ကျွေးတာဖြစ်စေ၀န်မလေးပါနဲ့။

အဲဒီဥစ္စာတသက်တာလုံးကိုယ့်အတွက်ကိုသင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလို

ဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီအပေါင်း

အသင်းက ကိုယ့်ဘ၀တိုးတက်မှုအတွက်အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ကျနော်အကြံဥာဏ်ပေးချင်ပါ

တယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက်ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။

မိန်းကလေးများပျက်စီးခြင်းအကြောင်းတရားများ

မိန်းကလေးများပျက်စီးရခြင်းအကြောင်းတရားများ
စာေ၇းသူကမိန်းကလေးအကြောင်းကြီးေ၇းသားနေတော့တချို့သောမိန်းကလေးများကမေးကြပါတယ် စာရေးသူကိုလေ ယောက်ျားလေးအကြောင်းကြတော့အမကမရေးပေးဘူးတဲ့ စာရေးသူက မိန်းကလေးဆိုတော့ မိန်းကလေးတွေကိုသိပ်ပြီးတော်စေချင်တတ်စေချင်တာစာရေးသူရဲ့မိန်းကလေးတွေပေါ်ထားရှိတဲ့စေတနာပါ တို့များမိန်းကလေးဘ၀ဟာဘယ်လောက်တောင်တန်ဘိုးကြီးမားတယ်ဆိုတာ
ကို သိပ်ကိုသိစေချင်တယ်လေ…………………..
မိန်းကလေးတစ်ယောက်ဟာအကြောင်းတရားအမျိုးမျိုးကြောင့်ပျက်စီးခြင်းလမ်းမပေါ်ရောက်နေတာကိုမြင်ရရင် ရင်ထဲမှာနာကျင်ခံစားရလွန်းလို့အချိန်တွေပေးပြီးငွေအကုန်ခံပြီးနှောင်း
နောင်တတွေမရခင်………..လိမ်မာသိတတ်တဲ့မိန်းမကောင်းလေးတွေဖြစ်စေချင်လွန်းလို့ပါ။
မိန်းကလေးဆိုတာလေ ဘယ်လောက်တန်ဘိုးကြီးလည်းဆိုတာ တချို့မြင့်မြတ်တဲ့ယောက်ျား
ဘ၀ကိုရနေတာတောင် သူတို့ယောက်ျားတွေကိုယ့်တိုင်နိမ့်ကျပါတယ်လို့ယူဆထားတဲ့မိန်းကလေးဘ၀ကိုခုံမင်နှစ်သက်စွာပြောင်းနေကြတာ ကမ္ဘာနေရာအနှံ့အပြားမှာမမြင်ချင်မကြားချင်အဆုံးပါ။
ဒါကြောင့်ဒီလောက်တန်ဘိုးကြီးတဲ့ကိုယ့်ဘ၀တွေကိုလွယ်လွယ်နဲ့လမ်းမှားကိုဘယ်သို့သော
အကြောင်းကြောင့်မှမရောက်ရှိစေချင်ဘူး……………ဒီလိုတွေဖြစ်တတ်တယ်ဆိုတာစာနဲ့လည်း
သိမယ် တဆင့်စကားတဆင့်ကြားနဲ့လည်းသိကြမယ်ဆိုရင် အရားအားလုံးမဟုတ်တောင် အတော်များများကို မှောင်မိုက်တဲ့ကွန်ယတ်တွေကနေရုံးထွက်နိုင်လိမ့်မယ်လို့……..စာရေး
သူမြင်မိလို့ တသီးတသန့်မိန်းကလေးတွေအတွက်ရေးသားတင်ပြပေးနေတာပါ။
မိန်းကလေးတွေပျက်စီးတယ်ဆိုတာအကြောင်းအမျိုးမျိုးရှိပါတယ်……….ဘာကြောင့်လည်းဘယ်သို့သောအကြောင်းများကြောင့်လည်း ဘာတွေကတို့များ…….မိန်းကလေးဘ၀ကိုပျက်စီးစေတာလည်း……..လည်းပေါင်းများစွာကို
ကိုယ့်သိချင်လာတယ် သိအောင်လည်းအများစုကို အချိန်တွေအများကြီး ပေးခဲ့ရတယ်။
သိချင်စိတ်ပြင်းပြမူ့နဲ့မိန်းမဆိုတာစံပြုလောက်တဲ့သူတွေဖြစ်ရမယ်ဆိုတဲ့ခံယူချက်တခုနဲ့ကိုယ့်ဘ၀ကြီးတခုလုံးမြုပ်နှံပြီးလေ့လာခဲ့ရတယ်လေ…………..
ပစ္စည်းဥစ္စာချိုးတဲ့နွမ်းပါးယုံနဲ့မင်းတို့ဘ၀ကိုပျက်စီးစေတာလားကိုယ့်ဒါကိုလက်မခံဘူး။ငွေ
ကြေးဓနမပြည့်စုံတိုင်းသာပျက်စီးရမယ်ဆိုရင်ဒီကမ္ဘာလောကကြီးမှာပျက်စီးနေမယ့်မိန်းမတွေ
ဒုနဲ့ဒေးပါ….ဘာလို့လည်း ကမ္ဘာပေါ်မှာချမ်းသာတဲ့သူကိုလက်ချိုးပြီးရေတွက်လို့၇တယ်လေ
ငွေကြေးမပြည့်စုံတဲ့ဆင်းရဲ့နွမ်းပါးတဲ့ မိန်းမတွေကများနေတယ်လေ…………
မိန်းကလေးဆိုတာဆင်းရဲ့လေလေ ဘ၀ကိုပိုပြီးသိလေလေဖြစ်၇မယ်လေ…….ဆင်းရဲ့လို့သာ
ပျက်စီးကြေးဆိုရင်တို့များမိန်းမတွေတန်ဘိုးထားမြတ်နိုးမဲ့သူတောင်ရှိတော့မယ်မထင်မိဘူး
လေ………..ဆင်းရဲရင်ပိုပြီးတော့လူအထင်မသေးအောင်ရိုးသားရမယ် ကြိုးစားရမယ်ကိုယ့်ရဲ့
သိက္ခာနဲ့ကိုယ့်ကျင့်တရားကိုဘာနဲ့မှမလဲလှယ်ချင်ပါနဲ့………မာနဆိုတာနေရာတိုင်းထားတာမကောင်းပေမဲ့………..ရှိနေသင့်တဲ့မိန်းမတစ်ယောက်ရဲ့မှန်ကန်တဲ့မာနတရားတော့မိန်းမ
တိုင်းရှိကိုရှိနေရမယ်………လို့စာရေးသူကတော့ခံယူတယ်လေ……….
ဘာတွေနဲ့ခေတ်ကာလသမီးပျိုလေးတွေပျက်စီးနေကြလည်းဆိုတာစာရေးသူလေ့လာကြည်တယ်လေ……….တော်တော်များများဟာ………လွန်ကဲခြင်းဆိုတဲ့နိယာမတရားကိုမလွန်ဆန်
နိုင်ကြလို့မိမိစိတ်ကိုချုပ်တီးနိုင်မူ့စွမ်းရည်တွေညံ့ဖျင်းနေကြလို့ပါ……
မိန်းကလေးတစ်ယောက်ဟာ မိမိရှိရင်းစွဲအလှထက်ပိုလှချင်လာရင် မိမိရဲ့ဝင်ငွေ
မိဘကဆင်ယင်ပေးနိုင်တဲ့စွမ်းအားထက်ပိုပြီးဝတ်ခြင် စားချင်လာရင်………..ပျက်စီးမူ့ဆိုတဲ့
လမ်းဆိုးပေါ်ကို အော်တိုမစ်တစ်ရောက်ရှိသွားတာပါဘဲ…………..လွန်ကဲမူ့တိုင်းရဲ့နောက်ကွယ်မှာပျက်စီးမူ့ဆို
တဲ့………..ဒုက္ခကတွဲလျက်ပါလာတာပါ………..ခေတ်ကာတိုးတတ်နေတဲ့နေထိုင်မူ့ပုံစံသုံးစွဲ
စရာတပ်မက်စရာလူ့အသုံးအဆောင်တွေကလည်း ……….လှမ်းလင့်လို့မမှီနိုင်တဲ့မိန်းကလေး
တွေအတွက် လမ်းမှားကိုရောက်စေပြန်ပါတယ်…………..ခုဆိုပိုလို့တောင်ဆိုးနေပါတယ်
ခေတ်ပေါ်ဖုံးတွေ………..ဖုံးတစ်လုံးသုံးနိုင်ဘို့ကသာမန်မိသားစုတစ်ခုအနေနဲ့ဘယ်လိုမှ….အဆင်မပြေနိုင်ပါဘူးနော်………….နောက်တဆင့်ဟမ်းဆက်လှလှလေးကို ပျိုပျိုမေလေးတွေ
စတိုင်ကျကျလေးနဲ့ကိုယ့်ဘ၀နဲ့အလည်းအထပ်လုပ်ပြီးတောင်ကိုင်လာကြပါတယ်……..
ဟိုတလောကဆိုရင်နိုင်ငံခြားကျောင်းသူတစ်ယောက်ဟာ iphone တစ်လုံးကိုင်နိုင်ဘို့
မိမိရဲ့ကာမကိုရောင်းစားတယ်ဆိုတဲ့သတင်းနောက်မိန်းမတို့ကျက်သရေအရှိဆုံးဖြစ်တဲ့ဆံပင်
စတဲ့ရောင်းချပြီးတောင်…..ဒီအသုံးအဆောင်တခုအတွက်ဘ၀ကိုအလည်းအထပ်လုပ်နေသူ
တွေသိပ်ကိုများလွန်းနေတယ်လေ……….
ဒါတွေဟာမိမိဘ၀ရဲ့တစ်စိတ်တစ်ပိုင်းတောင်တန်ဘိုးမှမရှိတာဘာလို့မိမိရဲ့ဘ၀မိန်းကလေးတယောက်တန်ကြေးကိုအဆုံးသတ်စေရတာလည်း………….
ဒီလိုတွေဖြစ်တယ်ဆိုတာ မိမိရဲ့အသိဥာဏ်နုံ့နဲ့ညံ့ဖျင်းမူ့ကာဣနြေ္ဒကိုထိမ်းသိန်းနိုင်မူ့စွမ်းရည်နိမ့်ကျမူ့နဲ့စာပေကျမ်းဂန်
တွေကိုလေ့လာလိုက်စားမူ့သိပ်ကိုနည်းပါးကြလို့ပါ………….
မိန်းကလေးတစ်ယောက်ဟာဆင်းရဲချို့တဲ့နေရင်ယောက်ျားတွေထက်ရောပြည့်စုံချမ်းသာတဲ့
မိန်းကလေးထက်ေ၇ာကိုယ့်စိတ်ကိုစောင့်ထိမ်း၇မယ်ချိုးနှိမ်ထားတတ်ရမယ်လေ…………
ဆင်းရဲ့ခြင်းချမ်းသာခြင်းဆိုတာရှေးကပြုဘူးသောကံအကျိုးတ၇ားနဲ့သက်ဆိုင်သလိုလက်ရှိ
ဘ၀မိမိရဲ့အသက်အပိုင်းအခြားနဲ့လည်းဆိုင်ပါတယ်…..ချမ်းသာတဲ့သူဌေးသမီးကသူမိဘက
ချမ်းသာလို့သူချမ်းသာနေပေမဲ့ကာလတခုမှဆင်ရဲသွားတတ်တာမျက်မြင်တွေလည်းရှိနေတာ
ပဲလေ………..မိမိကဆင်းရဲနေတယ်ဆိုလည်း ကြိုးစားမူ့ရယ်ရိုးသားမူ့၇ယ်ကံရယ်ပေါင်းစပ်နိုင်
ရင်မချမ်းသာဘူးလို့ဘယ်သူပုံသေကားချပြောနိုင်လို့လည်း…………တွေဝေစရာသိမ်ငယ်စရာမှမလိုတာ……………..မိမိရဲ့ရိုးသားတဲ့စိတ်ရယ်ကြိုးစားမူ့၇ယ်ကိုဘယ်တော့မှအားမလျော့ပြစ်ပါနဲ့………….အကြောင်းတရားများစွာနဲ့လမ်းမှားကိုရောက်နေရင် ရုန်းထွက်နိုင်အောင်အချိန်မီ
ကြိုးစားစေချင်တယ်
ဒါကြောင့်လေတိုးများမိန်းမတွေကိုရှေးပညာရှိကြီးတွေကဆိုထားခဲ့တယ်လေ************
ယောကျားတွေနဲ့ပူးကပ်ပြီးအရောတ၀င်နေတတ်တဲ့မိန်းမ
လင်နဲ့လပေါင်းများစွာကင်းဝေးနေတဲ့မိန်းမ
အ၀တ်အစားချိုးငဲ့လွန်းသောမိန်းမ
လင်က လိင်ကိစ္စကာမကိစ္စမှာမစွမ်းတာစံချိန်မမီတာကိုရတဲ့မိန်းမ
ပွဲလမ်းသဘင်အပျော်အရွင်လိုက်စားမက်မောလွန်းတဲ့မိန်းမ
ပျင်းရိထိုင်းမိုင်းလွန်းတဲ့မိန်းမ
လူများရာကိုသွားတတ်လွန်းတဲ့မိန်းမ
လင်နဲ့ခွဲပြီးမိဘညီအကိုမောင်နှမအိမ်မှာအနေများတဲ့မိန်းမ
တစ်ယောက်တည်းရောက်တတ်ရာရာလျှောက်သွားတတ်တဲ့မိန်းမ
အဲလိုမိန်းမတွေကဟာ မိမိကိုယ့်မိမိပျက်စီးစေတဲ့မိန်းမတွေဖြစ်တယ်လို့ရှေးပညာရှိတွေက
ဆိုခဲ့တယ်လေ
ခင်ပွန်းလင်ရှိနေသားနဲ့ဝေးကွာစွာခွဲနေရရင်စီးပွားရေးချိုတဲ့ရင်မိန်းမ(၆၀)%လောက်ဟာပျက်
စီးစေတယ်…..ဒါကြောင့်ဒီလိုအမူ့မျိုးနဲ့နေနေရမယ်ဆိုရင်တောင်ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ကျင့်တရားကို ဘာသာရေးနဲ့ထိမ်းကွပ်ထားနိုင်ရမယ်…….
နောက်မိန်းမတွေကိုပျက်စဲီးစေတာက…………
မေထုန်လို့ခေါ်တဲ့မေထုန်အမူ့မှာမရောင့်ရဲနိုင်တာ
စနေလို့ခေါ်တဲ့ပစ္စည်ဥစ္စာမှာမရောင့်ရဲနိုင်တာ
ပုတ္တေလို့ခေါ်တဲ့သားဖွားေ၇းမှာမရောင့်ရဲနိုင်တာ
အလင်္ကာရေးလို့ခေါ်တဲ့တန်ဆာဆင်ခြင်းမှာမရောင်ရဲနိုင်တာ
ဒီလိုမရောင့်ရဲနိုင်တော့လိုလာတယ်………လိုတာတွေများလာတော့ပျက်စီးချင်တဲ့စိတ်တွေပေါ်လာတယ်လေ……..လိုချင်မူ့များလာတော့ဖန်တီးမူ့များရတယ်….မှန်ကန်တဲ့ဖန်တီးမူ့မလုပ်
နိုင်တဲ့အခါမှာပျက်စီးချင်စိတ်တွေဖြစ်ပေါ်လာတယ်………ဒါတွေကအားကောင်းလာပြီဆိုရင်
တားမနိုင်ဆီးမရပျက်စီးစေတော့တာပါဘဲ………
မိန်းမတစ်ယောက်ပျက်စီးရင်ယောက်ျားတစ်ယောက်ပျက်စီးသလိုချက်ခြင်းကြီးမပျက်စီးကြပါဘူးမသိမသာတဖြည်းဖြည်းနဲ့ပျက်စီးမှန်းမသိပျက်စီတတ်ကြတယ်…..ပျက်စီးယိုယွင်းမူ့ဖြစ်
လာရင်ပြင်ရတာဟာလွယ်မလိုနဲ့သိပ်ကိုခတ်ပါတယ်…………..မိန်းမဖျက်ရင်ပြည်ပျက်တတ်သလိုမိန်းမပျက်ရင်ပြည်လည်းပျက်တတ်ပါတယ်…….တကယ်တန်းမိန်းမတွေဆိုးလာရင်ယောကျားတွေထက်ပိုဆိုတတ်ကြတယ်………..အဲဒါဘာလို့လည်းဆိုရင်မိန်းမတွေညဉ်ကိုကတစ်တတ်စားလည်းကြက်သွန်နှစ်တတ်စားလည်းကြက်သွန်ပေါက်တဲ့နဖူးမထူးဘူးဆိုပြီးမကောင်းတဲ့
မထိမ်းသိန်းချင်တဲ့စိတ်ကိုမွေးမြူတတ်ကြလို့ပါ…………….
ဆူးပေါ်ကိုဖတ်ကျရင်ဖတ်ပဲပေါက်တာပါဖတ်ကိုဆူးကျရင်လည်းဖတ်ပဲပေါက်ပါတယ်…ဒါကြောင့်မိန်းကလေးဆိုတာမကောင်းတဲ့ညဉ်ဆိုးစေတသိတ်ဆိုးတွေဖယ်ရှားနိုင်ရမယ်အလွယ်လိုက်
ပြီးအကြိုက်ပေးတာကိုလည်းရှောင်ရမယ်ကိုယ့်နဲ့မတန်ရာကိုမလိုချင်ပါနဲ့မသုံးချင်ပါနဲ့မစား
ချင်ပါနဲ့မ၀တ်ချင်ပါနဲ့ကိုယ့်အဆင့်အတန်းနဲ့ကိုယ့်ရှိတာလေးနဲ့လှအောင်ဝတ်တန်ရုံးလေးနဲ့
သန့်ရှင်းသပ်ရပ်စွာဆင်ယင်နေထိုင်တတ်မယ်ခေတ်မှီအသုံးအဆောင်တွေကိုသာယာမူ့နည်း
ကြမယ်ဆိုရင် ပျက်စီးခြင်းဆိုတဲ့အကြောင်းတရားများနဲ့ကင်းဝေးပြီးကိုယ့်လည်းစိတ်ချမ်းသာ
မိဘမောင်ဘွားများလည်းမျက်နှာလှပတ်ဝန်းကျင်မှာလည်းချီးမွန်းခံထိုက်တဲ့မိန်းမကောင်းလေးများဖြစ်လို့အသွင်တင့်စွာဘ၀အနေမြင့်တဲ့မိန်းမများဆီသို့ဦးတည်လျှက်**************
********* မေတ္တာဖြင့်တော်ဝင်နှင်းဆီ *********

ကိုယ်ပျောက်လူသား (သို့) Spot thS Man


တကယ်ကိုယ်ပျောက်လူသား တစ်ယောက်ကဲ့သို့ ပီပီပြင်ပြင် ကိုယ်တိုင် ဖန်တီး
နိုင်ခဲ့သူပါ။ လိမ်ညာထားခြင်း မဟုတ်ပါ။ ဓာတ်ပုံပြုပြင်ထားခြင်း မဟုတ်ပဲ
ကိုယ်တိုင် ဆေးချယ်ခံကာ ပီပြင်သောဖန်တီးထားမှုကို ဆက်လက်ကြည့်ကြရအောင်နော်...



 







ဒီပုံကတော့ လူကိုတောင် ဖောက်ထွင်းမြင်နိုင်သလိုပါပဲ...

တစ်ချို့ပုံတွေ က တော်တော်လက်ရာ မြောက်ပါသည်။
ဝိဥာဉ်များလားဟု ထင်ရတယ်နော်။ ဒီအောက်ကပုံကတော့ အကောင်းဆုံးထင်တယ်ဗျ။
ရှာမတွေ့လို့ နောက်ဆုံးကျမှ ရှုးဖိနပ်လေးသတိထားမိလို့ဗျာ...
ဘယ်လောက်ကောင်းကောင်း ဖိနပ်က သွားပေါ်တယ် အဟီး...

အသက်ဝင်မှုမှာ အလင်းအမှောင်သဘော နဲ့ ရှုထောင့်ပေါ်မူတည်မယ်နဲ့တူတယ်။
ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး ။ သူငယ်ချင်းတို့ ကြည့်ပေးပါအုံး။
သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ပါစေ..

တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ

တချို့ ဟင်းသီး ဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်။

(၁)ခရမ်းချဉ်သီးနှင့် ထောပတ်သီး



ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။


(၂)ဂျုံမှုန့်နှင့် လိမ္မော်ရည်


ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

(၃)ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး



ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲဖက် စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

(၄)ဘလူးဘယ်ရီသီးနှင့် စပျစ်သီး



ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

(၅)သံပရာသီးနှင့် ကိုက်လန်ရွက်



သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှု ပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

(၆)နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်



နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်း စေပါတယ်။

ဆူလေလမ်းမပေါ်က ငွေလဲလူလိမ်များ (ဖြစ်ရပ်မှန်)

ကျွန်တော်မြန်မာပြည်အလည်တစ်ခေါက်ပြန်ခဲ့တယ်........ကျွန်တော်မိဘကျွန်တော့်  နိုင်ငံ..ကျွန်တော့်နယ်ပယ်လေးမှာ.တစ်လတာမျှနေချင်လို့  ပါ......
ကျွန်တော်တို့ပြည်ပမှာထွက်အလုပ်လုပ်တယ်ဆိုတာက....မိဝေးဖဝေးပါ......သူများတွေမိဘရင်ခွင်မှာအတူတူရှိချိန်မှာကျွန်တော်တို့လေးးတွေကမိဘနဲ့ဝေးရာလေးမှာရေမြေခြားတိုင်းတစ်ပါးမှာ..မိဘရှိရာကိုယ့်နိုင်ငံလေးကိုတမ်းတရင်းအလုပ်ထဲမှာဘဲတစ်နေ့တာလေးတွေကိုကုန်ဆုံးခဲ့တာပါ.ကို့လစာလေးတွေကိုမိဘကိုပို့ကိုလည်းစုဆောင်းရင်းအပြုံးလေးတွေနဲ့လုပ်ငန်းခွင်မှာမမောပန်းစွာအလုပ်နေကြတယ်ဆိုတာ.....နိုင်ငံခြားမှာအလုပ်ထွက်လုပ်သူတိုင်းသိနေကျပြီးသားပါ.ကျွန်တော်မြန်မာပြည်ကိုခွင့်တစ်လနဲ့ 26.1.2013 နေ့ကပြန်လာခဲ့တယ် ။

လေယာဉ်ကွင်းရောက်ရင်ဘဲကျွန်တော့်စိတ်တွေပေါ့ပါးလန်းဆန်းသွားခဲ့တယ်....ကို့မြေကိုယ့်ရေကို့ဒေသ....လေးကအပြုံးနဲ့စီးကြိုနေလို့လေ....ကျွန်တော်လေယာဉ်ပေါ်ကဆင်းးပြီးကျွန်တော်နေတဲ့ပဲခူးမြို့လေးကိုပြန်ခဲ့တယ်....ကျွန်တော်မလေးကနေပြန်လာတော့မလေးငွေလေးတချို့သိမ်းဆည်းလာခဲ့တယ်..ကျွန်တော်လေယာဉ်ကွင်းထဲကငွေလေးတချို့လဲမလို့ပါဘဲ.ကျွန်တော်ခရီးပန်းနေတာနဲ့အိမ်ပြန်ကားခလေးတာလဲပြီးကျန်ငွေတချို့အနားယူပြီးမှလဲမယ်လို့အတွေးလေးဝင်ခဲ့တယ်လေ........ကျွန်တော်ဒီအတွေးလေးနဲ့ပဲခူးကိုပြန်ခဲ့တယ် ဒီလိုနဲ့အိမ်ပြန်ရောက်တော့အိပ်စက်အနားယူခဲ့ပါတယ်....

မနက်မိုးသောက်လင်းတော့ကျွန်တော်ကော်ဖီပူလေးသောက်..အိမ်မှာမနက်စာလေးစားပြီးရန်ကုန်ကိုငွေလေးလဲရန်ထွက်လာခဲ့တယ်......ဒီလိုနဲ့ကျွန်တော်ရန်ကုန်မြို့ကြီးကိုရောက်ခဲ့တယ်လေ......ရန်ကုန်ရောက်တော့....ဆူလေကငွေလဲနေရာလေးတစ်လျောက်ကျွန်တော်ငွေလဲရန်ဈေးကိုစုံစမ်းနေခိုက်.ဂျာကင်ကုတ်....ဦးထုပ်ဆောင်း..ထားတဲ့အကိုတစ်ယောက်ကငွေလဲမလားညီလေးလို့မေးလာခဲ့တယ်
ကျွန်တော်လည်းဗျာကိုယ့်နိုင်ငံဆိုပြီးအေးဆေးပေါ့.....ဒါပေမယ့်ကျွန်တော်မေးတဲ့ဦးလေးကို.....အကဲခတ်လိုက်တာ..ဦးလေးကလည်းညီလေးးးဘယ်လောက်လဲမလဲဘယ်ဈေးပေးမယ်ဆိုပြီးကျွန်တော့်ကိုပြောနေတယ်....ကျွန်တော်ရိုးသားစွာပြောခဲ့တယ်..ဦးလေးကျွန်တော်900လဲမယ်ဗျာ...ဘယ်ဈေးရမလဲမေးးတော့ဦးလေးက.....280ပေးမယ်ဆိုပြီးပြောတယ်..ကျွန်တော်လည်း280ဆိုအစဉ်ပြေတယ်ညီလေးလဲမယ်ဆိုပြီး...ပြောတယ်....ဦးလေးကအေးညီလေးလာ..တဲ့အကို့သူဌေးစီလာဆိုတော့ကျွန်တော်လဲလိုက်သွားတယ်....ဦးလေးကကျွန်တော့်ကိုကသလစ်ဘုရားကျောင်းဘေးနားကိုခေါ်ခဲ့တယ် ။

ကျွန်တော့်ကိုအခန်းလေးထဲခဏနေလို့ပြောပြီးသူ့သူဌေးကိုသွားခေါ်မယ်ဆိုပြီးထွက်သွားတယ်...ခဏနေတော့တစ်သိန်းအုပ်တစ်အုပ်ကိုင်ထားပြီးဘောင်းဘီစကအသားဖြူဖြူနဲ့လူတစ်ယောက်ရောက်လာပြီးကျွန်တော်လဲမဲ့ငွေအမေါက်နဲ့ဂဏာန်းပေါင်းစက်နဲ့ တွက်ကျတယ်......ပြီးတော့ပိုက်ဆံမပြည့်လို့ခဏစောင့်ပါဆိုပြီးနောက်ထပ်လူတွေရောက်လာတယ်....အစောကဦးလေးကမလှမ်းမကန်းကနေစောင့်နေတယ်...အခန်းကိုသူတို့တွေကသူတို့ခန္ဓာကိုယ်တွေနဲ့ပိတ်ထားပြီးငွေတွေကိုရေတွက်နေတယ်ပြီးတော့မလှမ်းမကမ်းမှာလဲသူတို့လူတွေကိုခေါ်ထားကြတယ်

ပြီးတော့ငွေတွေကိုကျွန်တော့်ရှေ့တင်ရေတွက်ပြီးကျွန်တော့်ရှေ့တင်ရေတွတ်ရင်းခိုးတယ်...ကျွန်တော်လဲရေနေတဲ့လူလက်ကိုကြည့်တာနဲ့သူတို့မရိုးသားတာကျွန်တော်သိလိုက်ရတယ်...ကျွန်တော်လဲအေးအေးဆေးဆေးလေး....ဘာမှမပြောဘဲငြိမ်နေမိတယ်..ကျွန်တော်ပတ်ဝန်းကျင်အကဲခက်တော့လဲသူတို့လူတွေချည်း8ယောက်လောက်ရှိတယ်.....သူတို့အပေါက်တွေပိတ်ထားပြီးလူကားထားတယ် သူတို့ပေးတဲ့ငွေကိုကျွန်တော်ရေတွက်နေတယ်.....ကျွန်တော်လိုနေမှန်းသိတယ်.....ကျွန်တော်ဘာလုပ်ရမလဲအေးဆေးဘဲစဉ်းစားနေတယ်....ကျွန်တော်ခေါင်းထဲလျင်မြန်စွာအတွေးလေးဝင်လာတယ်...အဲအတွေးလေးကဒီလူတွေကလူလိမ်တွေဆိုတာကိုချက်ခြင်းသိလိုက်ပြီးအေးဆေးစွာဘဲပြန်ထွက်လာတယ်.........လိုတယ်ထပ်ပြောရင်လဲအခြေအနေကပိုဆိုးတာထက်ဆိုးမှာ.....ကောင်းဖို့လမ်းဆိုတာမမြင်ခဲ့ဘူး...

ကျွန်တော်လည်းရင်းဂစ်900ရာလဲတာ....ရင်းဂစ်1000ထောင်ပေးလိုက်ရတဲ့အပြင်.. 250000 လောက်ဖြစ်ရမယ့် မြန်မာငွေကလဲ160000ဘဲကျွန်တော့်လက်ထဲပါလာတယ်...ဒါတွေကပြီးသွားပါပြီလေ...ငွေ120000ကကျွန်တော့်အတွက်..သိပ်အရေးမကြီးပေမယ့်နောက်ထပ်ဆူးလေးဘုရားတစ်ဝိုက်မှာင်ငံခြားငွေလဲမဲ့...သူငယ်ချင်းတွေကျွန်တော့်လိုမျိုးအသက်အန္တရာယ်ထိမဖြစ်ရလေအောင်..

ဆူလေးလမ်းမပေါ်ကငွေလဲတဲ့သူတွေဆီမှာ ဘယ်တော့မှငွေလဲမမိပါစေနဲ့လိုသတိလေးပေးလိုက်ရတာပါ

ဒီပို့လေးကိုလဲဖြစ်နိုင်ရင်လေshareပေးစေချင်ပါတယ်...ကျွန်တော်လူလိမ်တွေစီကရခဲ့တဲ့အတွေ့အကြုံ
လေးကိုပြောပြရင်း...လူအခြင်းခြင်းလိမ်လည်ခြင်းမှကင်းဝေးကြပါစေ...............
Lin Htet

ဧဒင်ဥယျာဉ်မှ ဆက်လက် ခြင်း
အထက်ပါ အကြောင်းအရာတွေလို ဆင်တူ ဖြစ်ရပ် ဧဒင်ဥယျာဉ် မှာတင်ခဲ့တာ ဒါနဲ့ပါဆို 4 ကြိမ်ရှိခဲ့ပါပြီ ။
ထိုသို့ဖြစ်ပျက်နေရတဲ့အကြောင်းအရာတွေကိုကြည့်ရင် ဆူးလေးဘုရားဝန်ကျင်ဆိုတာ မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင် ။ မြို့တော်ခန်းမရဲ့ ရှေ့တည့်တည့် ..။ တာဝန်ရှိတဲ့ သူတွေ ၊ လူမှု့အဖွဲ့အစည်းတွေ ၊ မီဒီယာတွေ ၊ အုပ်ချုပ်ရေးအဖွဲ့စည်းတွေအနေနဲ့ ဒီလိုအဖြစ်မျိုးကို ယနေ့အထိ ဘာကြောင့် ဖြစ်ခွင့်ပြုလဲဆိုတာ မေးစရာဖြစ်လာပါပြီ။

နိုင်ငံတကာမှာ မလုံမခြုံ မိသားစုအတွက် ငွေရှာပြီး ကိုယ့်တိုင်းပြည်ရောက်မှ ဒီလိုဖြစ်ခံရတာ အတော်ဆိုးဝါးပါတယ် ။ ရှက်စရာလဲ ကောင်းပါတယ် ။ အကယ်၍ နိုင်ငံခြားသားတစ်ဦးဦး ကို ဒီလိုလုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဆိုတာ တွေးရဲစရာတောင်မရှိဘူးလို့ ဆိုချင်ပါတယ် ။
 မြန်မာနိုင်ငံမှာ တရားဝင်ငွေလဲဌာနတွေ ရှိသင့်ပါပြီ။
လွန်ခဲ့တဲ့ တစ်လက globletime.cn ခေါ် တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံးနဲ့ စောင်ရေအများဆုံး သတင်းစာရဲ့ သတင်းထောက်ကို ရွှေတိဂုံဘုရားပေါ်က သံဃာတော် အရောင်ဆောင် သူတစ်ဦးရဲ့ ငွေ 10 ဒေါ်လာ တောင်းခံမှု့ကြောင့် စောင်ရေ သိန်းချီသော သတင်းစာများ အင်တာနက်စာမျက်နှာများပေါ်တွင် မြန်မာ့ ယဉ်ကျေးမှု့ ထိခိုက်ခဲ့ပြီးပါပြီ။

ဆက်လက်ပြီးထိုသို့သော အဖြစ်များမဖြစ်ရအောင် ကျွန်တော်တို့ နိုင်ငံတကာရောက်နေတဲ့ မြန်မာလူငယ်အားလုံးကြား ဒီဘလော့ကို လက်ဆင့်ကမ်းခြင်းဖြင့် တတ်နိုင်တဲ့နည်းနဲ့ကာကွယ်ဖို့ ကျွန်တော်တို့ဥယျာဉ်မှူးများက တောင်ဆိုရပါတယ် ။

ဤဘလော့ဖတ်သူ အားလုံး Share ဆိုသော နေရာအားကလစ်ပြီး သင့် email ရှိသူငယ်ချင်းများကို ဆက်လက်လက်ဆင့်ကမ်းရင်း မတရားသဖြင့် လိမ်လည်မှု့အား ကာကွယ်ရာပေးနိုင်ကြပါဦးလို့။

ငါးက နှိပ်ပေးသော ငါးမာဆက်

Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။ ယင်း ငါးဆရာ
ဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့
ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်
ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။
Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။ယင်းအလေ့
အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများမှာပါ ပြုလုပ်ပြီး ဥရောပ၊ အမေရိက
ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့အထိ ပြုလုပ် ပါတယ်။ယင်း ငါးများရဲ့  နှိပ်နှယ်
ပေးမှုကြောင့် အကြောသေခြင်း၊ လေဖြတ် ခြင်းတို့မှ ပြန်လည်ကောင်းမွန်လာတဲ့ လက်တွေ့သာဓကများ ရှိကြောင်း
သိရပါတယ်။

Android device တွေအတွက် Factory Reset မချပဲ Gmail Account ဖျက်နည်း

အခု အောက်မှာ ပြထားတဲ့ နည်းလမ်းလေးက Root လုပ်ထားတဲ့ Android device အတွက်ပဲ အသုံးပြုလို့ရမှာပါ။

အောက်မှာလိုအပ်မဲ့ Root Explorer v2.7 လေးအရင်ဒေါင်းလိုက်နော်
Download link_ http://www66.zippyshare.com/v/1368124/file.html
အဆင့် ၁ :Android device မှာ ပထမဆုံး Root လုပ်ထားဖို့လိုပါတယ်။
အဆင့် ၂ :Root explorer ကိုဖွင့်ပြီး/data/system/ထဲက file : accounts.dbကိုရှာပါ။
အဆင့် ၃ :( accounts.db ) file ကိုdelete လုပ်ပါ။
အဆင့် ၄ :Android device ကို Reboot ချပါ။
အဆင့် ၅ :Android device ပြန်တက်လာပြီဆိုလျှင်မိမိဖျတ်လိုက်သော gmail account ကိုဖျတ်ပြီးသွားပြီ ဖြစ်တဲ့အ
တွက်အခြားgmail account အသစ်ကိုထည့်ပြီး အသုံးပြုလို့ရပါပြီ။ ၁ခုပြောဖို့မဲ့သွားတယ် Rebootချတယ်ဆိုတာဘာ
လဲလို့ကျွန်တော့်ကိုခနခနလာမေးဖူးတယ် Reboot ချတယ်ဆိုတာကိုတော်တော်များများနားမလည်ကြဘူး reset လုပ်
ချင်းသဘောပါဘဲဖုန်းက power ပိတ်သွားပြီးသူ့ဟာသူ power ပြန်တတ်လာတာကိုဆိုလိုတာပါ Reboot လုပ်လို့သူ့
ဟာသူpowerပိတ်မသွားဘူးဆိုရင်သူငယ်ချင်းတို့ကို့ဟာကိုpowerအပိတ်အဖွင့်လုပ်ပေးလိုက်ပါတူတူပါဘဲ။

Computer Keyboard တခုတွင်(မသိသေးတဲ့သူငယ်ချင်းတွေအတွက်)

Computer Keyboard တခုတွင်(မသိသေးတဲ့သူငယ်ချင်းတွေအတွက်)
=======================
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး
Toilet ထက် ၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။
မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊
Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။
ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။
ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။
တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။
အဖေဖြစ်သူက Computer Programmer – တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို ချီပြီး နမ်း တတ်သည်။
ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့် တအားနုနယ်သည့်ကလေးလေးပေါ့။
သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(Neonatal Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။
မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ့ လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့် (immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။
ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်ကို ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန့် စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။
မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန့် စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ သန့် စင်နိုင်သည်။
ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့် သေချာစွာဆေးကြောသင့်သည်။
သင်တို့၏လက်ကိုသန့် ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။