တစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရား ......

ဟိုးတစ်ချိန်တုန်းက ကျိုက္ခမီရေလယ်ဘုရားရဲ့ ပုံပါ ......................

ယောကျာ်းဆောင်က ဘုရားပုံတွေပါ ...............

ဒီဘုရားတွေကိုတော့ ယောကျာ်းဆောင်မှာဖူးလို့ရပါတယ် မိန်းမတွေတော့တက်လို့မရပါဘူး မိုးကြိုးပစ်တယ်လို့တော့ပြောကြပါတယ် ......................

ကျိုက္ခမီရေလယ်ဘုရားကို ကုန်းတော်ပေါ်မှမြင်နေရပုံပါ ...........

ကုန်းတော်ပေါ်ဘုရားကနေကြည့်ရင် အခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့မြင်ရပါမယ် ဘုရားလာဖူးဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျား .........

Wellcome To Kyaikkhami

" ကျိုက္ခမီရေလယ်ဘုရားမှလှိုက်လှဲစွာကြိုဆိုပါ " ဘုရားဖူးလာကြတဲ့မိတ်ဆွေများအားလုံးကို ကျွန်တော်မှမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျား ...

နေ၀င်ကျိုက္ခမီရေလယ်ဘုရား မြင်ကွင်းလေးတွေပါ .............

အဲလိုနေ၀င်ချိန်တွေဆိုရင်တော့ လေညှင်းလေးခံလို့အမောပြေပင်လယ်ကြီးကိုကြည့်ရင်းအလွမ်းတွေလည်းပြေစေသလို အကြော်စုံတို့ အသုပ်စုံတို့လည်းသွားစားလို့ရပါတယ်ခင်ဗျား ...

Monday, February 4, 2013

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း သော့ ဘယ်မှာထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့်ကို ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိထားပါတယ်။ (၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝန်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကို ပွတ်ပြီး စဉ်းစား တတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်သစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခု လုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။ (၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။ ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်ကို ဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ် တွေ့ရင် ဘယ်လို ခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခု အရ ဒီနေ့သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ် ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက် စာရင် ထိုအရာကို ပိုပြီး မှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်က အသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ (၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့ မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လို့တောင် ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက် လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်း လုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက် ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။ (၄) ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့။ အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တို အတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။ (၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။ Chamomile Tea ကို စူပါမားကတ်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာ ပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ် လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ hCytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။ ဒေါက်တာနုမြတ် Ref:Good Health By Shade The Mandalay Hill
သော့ ဘယ်မှာထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။ စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့်ကို ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ။

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝန်ခန်းထဲမှာ တစ်ခုခုကို အလေးအနက် စဉ်းစားပြီဆိုရင် မေးစေ့ကို ပွတ်ပြီး စဉ်းစား တတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်သစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခု လုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။

ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကို ဆက်ချင်ရင် ဘယ်ကို ဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ်ကြိမ် တွေ့ရင် ဘယ်လို ခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခု အရ ဒီနေ့သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ် ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက် စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်က

အသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။

သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့ မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လို့တောင် ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက် လမ်းလျှောက်သူ သက်ကြီးရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်း လုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက် ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေကို ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့။

အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တို အတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။

Chamomile Tea ကို စူပါမားကတ်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာ ပါရှိနေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ် လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ hCytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀) ချက်

ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ဖြစ်ပါတယ် အဲဒီလိုမဖြစ်ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။
1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

File/ Folder လေးတွေကို ဓါတ်ပုံလေးနဲ့ ပေါ်အောင်လုပ်နည်း

ဒီနည်းလေးကတော့ မိမိတို့ရဲ့ file folders လေးတွေမှာ ပုံလေးနဲ့ပေါ်အောင်လုပ်တဲ့နည်းလေးပါ။ လုပ်ပုံလုပ်နည်းလေးကတော့ လွယ်လွယ်လေးပါ...
(1). Start >> All Programs >> Paint ကို ဖွင့်ပါ။
(2). Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
(3). ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေးလိုက်ပါ။ နောက်က .ico လေး ထည့်ပေးရပါမယ်... (eg., mypic.ico)
(4). Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။
(5). မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
(6). Box ကျလာရင် Customize ကို ရွေး။ Change Icon ကို နှိပ်။ Browse ထဲမှာ မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်ပါ။
(7). Ok >> Apply ပေးလိုက်ပါ....
....နည်းပညာဗဟုသုတများတိုးပွားကြပါစေ....

ကွန်ပျူတာကို ပုံမှန်လုပ်ပေးစေချင်သောအချက်များ

၁။ disk cleanup ပြုလုပ်ခြင်း

disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့


temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files


အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....

၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နုငိပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်
ကိုယ့် ကွန်ပျူတာမှာ ရှာချင်တာတွေ ရှိရင် အရင် ကထက်ပိုပြီးတော့ ရှာ နိုင်တာတို့ တခြား ဖိုင်တွေ ကနေပြီးတော့ မလိုတော့ဘူး ပြန်ထွက်တာတို့ဘာတို့ ဆိုရင် မီးလုံး လေး လှိမ်နေတာလေးတွေ
ဘာတွေ မြင်ဖူးမှာပါ .. အဲဒီလိုကလေးတွေမဖြစ်အောင်လည်း ဖြေရှင်းနိုင်ပါတယ်...ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...disk defrag လုပ်တာကို လည်း ကျွန်တော်ဒီနေရာ
ကလေးမှာ bat fileကလေးနဲ့လုပ်တာကလေး ကိုပြထားဖူးပါတယ်...ရိုးရိုးတမ်းတမ်းကလေး လုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....

၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း

အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :D ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို R click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors  ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ . ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..Automatically  fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ။။။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..
ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..
ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..
ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..
အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ့...

Gmail Account ပျက်သွားလို့၊ Password မေ့သွားလို့၊ Lock ကျသွားလို့ =>> Recovery ပြန်လုပ်ကြည့်မယ်။

 သိပြီးသားသူတွေအတွက်တော့ အသေးအဖွဲလေးဖြစ်နေပါလိ့မ်မယ်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်သာ ရည်ရွယ်ပါသည်။ ကျနော်သိတာလေး ကို ပြန်လည်မျှဝေပေးခြင်းပါ။
 1.  အောက်ပါပုံအတိုင်း Google Talk ကို open ပါ။ ၀ိုင်းပြထားသောနေရာမှ Forgot your password ကို click ပါ။ ဒါမှမဟုတ် မေးလ်ကို Sign In လုပ်တဲ့နေရာရဲ့ အောက်က I cannot access my account ကို click လည်းရပါတယ်။
2.  အောက်ပါအတိုင်း Username ကိုရိုက်ပြီး Submit ကို Click နှိပ်ပါ။
3. အောက်ပုံမှာ ပြထားသော စာတွေကို အကြီးဆိုအကြီး အသေးဆိုအသေးမှန်ကန်စွာရိုက်ပါ။ ပြီးရင် Continue ကို Click နှိပ်ပါ။
4.  အောက်မှာတွေ့ရတာကတော့ မိမိအကောင့် create လုပ်ခဲ့စဉ်က ပေးခဲ့သော Question တွေပဲဖြစ်ပါတယ်။ Answer my security question ၊ Get a password reset link at my recovery email: နှင့် I no longer have access to these ရယ်ဆိုပြီးရှိပါတယ် ကို အဆင်ပြေမယ့်တစ်ခုကို check လုပ်ပြီး ဆက်သွားပါ။
ပထမတစ်ခုနဲ့ ဒုတိယတစ်ခု ထဲက နှစ်သက်ရာ တစ်ခုကို ရွေးပါ။ အောက်ဆုံးတစ်ခုက နဲနဲရှုပ်ပါတယ်။ ကဲ ပထမတစ်ခုကိုရွေးပြီဆိုပါစို အောက်မှာကြည့်လိုက်ပါ။ ကို အကောင့်လုပ်ခဲ့စဉ်က ပေးခဲ့တဲ့ Security question မှာပေးခဲ့တဲ့နာမည်တိုင်း စာလုံးအကြီးအသေး မှန်ကန်စွာနှင့် Space ခြားပြီးပေးခဲ့တယ်ဆို Space ပါခြားပေးပါ။ ဖြည့်ပြီးပြီဆို Continue ကို Click နှိပ်ပါ။
5. အောက်မှာအတိုင်း Password အသစ် ပြောင်းပေးဖို့ ချပေးပါလိမ့်မယ်။ New password နဲ့ Re-enter password မှာ တူတူ ထည့်ပြီး Reset password ကိုနှိပ်လိုက်ပါ။ New password ရိုက်တဲ့အခါ နောက်မှာ strong ဖြစ်တဲ့အထိ ရိုက်ပေးပါ။
6. အောက်မှတိုင်း Your password has been reset လို့ပေါ်လာပြီဆို account recovery လုပ်တာ အောင်မြင်ပါပြီ။ Sign out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ ဒါက ပထမမေးခွန်းကိုရွေးပြီး လုပ်တာပါ။
ခု ဒုတိယမေးခွန်းကိုရွေးကြည့်ပါမယ်။ ဒုတိယမေးခွန်းကိုရွေးမယ်ဆိုရင် recovery email (or) Secondary email ကို ဖွင့်ပြီး gmail team က ပို့ပေးတဲ့ မေးလ်မှ password reset link ကို click နှိပ်ပြီး reset လုပ်ပေးရမှာဖြစ်လို့ recovery email (or) Secondary email ကိုကြိုဖွင့်ထားဖို့လိုပါလိမ့်မယ်။ ကဲဖွင့်ထားပြီးပြီဆို အောက်မှတိုင်း ဒုတိယမေးခွန်း ရှေ့မှာ check လုပ်ပြီး continue ကို click လုပ်လိုက်ပါ။
အောက်မှာအတိုင်းတွေ့ရပါလိမ့်မယ်။ အဲဒီလိုတွေ့ရပြီဆို ခုနာက ဖွင့်ထားတဲ့ secondary mail ထဲကို သွားစစ်ကြည့်လိုက်ပါ။
Google account recovery ဆိုပြီး မေးအသစ်တစ်စောင်ရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို click နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ။ အောက်မှာအတိုင်းတွေ့ရပါလိမ့်မယ်။ အဲဒီမှာ သူနှိပ်ခိုင်းတဲ့ အနီရောင်နဲ့ ၀ိုက်ပြထားတဲ့ Link ကို Click နှိပ်လိုက်ပါ။ နောက် page တစ်ခု ကျလာပြီး password reset လုပ်ခိုင်းပါလိမ့်မယ်။ ကိုယ်ထားချင်တဲ့ password ကိုထားပေးပြီး reset password ကိုနှိပ်လိုက်ရင် ရပါပြီ။

ကဲဒီလောက်ဆို အဆင်ပြေလောက်ပါပြီ။ အားလုံးကိုကျေးကျေးပါနော်..။ အားလုံးပဲ အစစအဆင်ပြေပါစေ...။

Facebook Account ဖျက်နည်း

Facebook Account ကို လုံးဝအသုံးမပြုလိုတော့ဘဲ ဖျက်ပစ်ချင်တယ်ဆိုရင် အောက်ပါနည်းလေးအတိုင်း ဖျက်ပစ်နိုင်ပါတယ်..
- မိမိ Facebook Account ကို Sign in ပြုလုပ်ပါ။
- Ctrl+T ကိုနှိပ်ပြီး Tab အသစ် တစ်ခုကို ခေါ်ပါ။
- Address Bar တွင်
http://www.facebook.com/help/contact.php?show_form=delete_account
ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
- Submit ကိုနှိပ်ပါ။
- ပြီးနောက် Account Password နှင့် Security Check တွင်ပေးထားသော စာသားများကို မှန်ကန်အောင်ရိုက်ပေးပါ။
- Okay ကိုနှိပ်ပါ။
နောက်ထပ် Okay ကိုထပ်နှိပ်ပေးပါ။
-- မှတ်ချက် ။ ၁၄ ရက်အတွင်း ပြန်လည်အသုံးပြုနိုင်ပါသေးတယ်။... အဆင်ပြေပါစေနော်...

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မ ထ
တမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်း ထုတ်ပြန်
ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်း ရပ်ရှိ အင်တာနက် က
ဖေးဆိုင်တစ်ခုအတွင်းနှစ်ရက်တိုင် အစာလည်း ထမစား တစ်နေကုန် ကစားနေသဖြင့် ထိုသို့  အသက် ဆုံးရှုံး ရခြင်းဖြစ်
သည်ဟုသတင်းတွင်ဖော်ပြထားသည်။

ထိုလူငယ် ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်း တွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေ အထားဖြင့် တွေ့ ရှိခဲ့ရ
ကြောင်း၊ သူက သွားနှိုး လိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်
ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း  ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။  ရဲတပ်ဖွဲ့ မှ ရင်ခွဲရုံ သို့ အလောင်းကို ပို့ပြီး
သေဆုံး ရခြင်း အကြောင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊  နာရီပေါင်း များစွာ ခွေခေါက် ထိုင်ပြီး ကစား နေခြင်း
ကြောင့်အပြင်နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီ ကလည်း နယူးတိုင်ပေ တွင် လူငယ် တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို
လက်လှမ်းနေသည့် အနေ အထားဖြင့် သေဆုံးသွား ခဲ့ကြောင်း၊ ထို လူငယ်ကိုလည်း နှလုံးရောဂါကြောင့်ပင် သေဆုံးခဲ့
ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဗိုင်းရပ်စ် ကာကွယ်ခြင်းအစီအမံ ၇ ချက် (Ebook)

ဗိုင်းရပ်စ်ကတော့နေ့စဉ်နဲ့အမျှအသစ်အသစ်တွေထွက်နေတာဘဲဗျကာကွယ်ရမှာတော့ကျွန်တော်တို့တာဝန်ပေါ့ဟုတ်ဘူးလား
ကာကွယ်တဲ့နည်းပညာစာအုပ်လေးတင်ပေးလိုက်တယ်နော် အောက်မှာယူလိုက်ပါ။
Download link_     http://minus.com/mPfbdydz8OxBA

ကမ္ဘာ့အကြီးဆုံး ဂဏန်း


န်မာအခေါ်အရ အုန်းသီး ဂဏန်းဖြစ်ပြီး အုန်းပင်၊ ထန်းပင်ပေါ် တက်လို့ အုန်းသီး၊ ထန်းသီးကို ခြွေချ၊ ညှပ်ချတတ်တဲ့ ဂဏန်းများ ဖြစ်ပါတယ်။

လက်နှစ်ဖက် ဆံ့တန်းလိုက်ရင် ၂ ပေ ခွဲလောက်ထိ ရှည်ထွက်ပါတယ်။ စုစု ပေါင်း အလေးချိန် ၉ ပေါင်လေးပြီး လက်မမှာ ပါတဲ့ အသွားဟာ အင်မတန် ထက်ပါတယ်။ သူ့ကို အုန်းသီး သူခိုးလို့လည်း နာမည်ပြောင် ပေး ထားပါသေးတယ်။ ကြည့်လိုက်ရင် ဂဏန်းလို့တောင် ထင်ချင်စရာ မရှိပါဘူး။ ပင့်ကူ အကြီးစား တစ်ကောင်လေ အလားတောင် အရောင်အသွေးနဲ့ အရှယ်အစား ကြောင့် ထင်ရပါတယ်။

နေထိုင်ကျက်စားတဲ့ ဒေသကတော့ အိန္ဒိယသမုဒ္ဒရာနဲ့ အနီးဝမ်းကျင်က နိုင်ငံများ၊ မက်ဂါဒက်စကား၊ သြစတီးလျ နိုင်ငံတို့ မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ Cononut Crab ကို ကမ္ဘာ့အကြီးဆုံး ဂဏန်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Top Tracks for Michael Learns to Rock (playlist)

                                                                                                                                 
အပျင်းပြေနားထောင်ဖို့ ပါသီချင်းကောင်းလေးတွေတင်ပေးလိုက်ပါတယ်
                                              
တကယ်ကိုနားထောင်ရတာမိုက်ပါတယ် အဟောင်းလေးတွေနားထောင်ရတာ
ကြိုက်တဲ့သူတွေအတွက်ပေါ့ ဟတ်ထိတဲ့သီချင်းတွေလေ..................

နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ


နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ သင်လည်း သိမှာ ပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုး ပါပဲ။

အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်း နိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမဝင်နိုင်တာမျိုး ဖြစ်တတ် ပါတယ်။
ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝနာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှား တာတွေ ကိုလည်း နှေးကွေး စေပါတယ်။

နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ် ဆိုရင် သင့်တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက် တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား (အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။

နံနက်စာကို ဂျုံအပြည့် အဝပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။

အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။

သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီး တွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။

ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့်ပါတယ်။

ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲ သင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။ နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်အေက သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။ ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ် ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေ ပါတယ်။ ဗီတာမင်ဒီက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်အေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ် တွေကို ရရှိ နိုင်ပါတယ်။

Friday, February 1, 2013

Kuch Kuch Hota Hai (playlist)

                                                                                                                                                                              
အိုးဟိုး၇ှာတော့တွေ့ တယ်လေ ကဲဇတ်ကားတစ်ကားလုံးတင်ပေးလိုက်တယ်နော်
အင်း.......... ကွန်မကောင်းရင်တော့ကျွန်တော်လည်းမတတ်နီုင်ဘူးနော် ကဲဒီကားလေး
ကိုတော့သိကြပါတယ် ကြည့်ဖူးသူများရှိပါက ပြန်ကြည့်ပေါ့နော်မကြည့်ရသေးတဲ့သူ
ရှိခဲ့ရင်လည်း အားရပါးရကြည့်ပါနော် india ရဲ့ နာမည်ကြီးဇတ်ကားတစ်ကားပေါ့
အကောင်း DRAMA ကားဆိုလည်းမ မှားပါဘူး ကျွန်တော်ကတော့ခဏခဏကြည့်ပါတယ်
ဒါကြောင့်ပြန်ရှယ်လိုက်တယ်နော် အားရပါးရကြည့်ကြ 3D မဟုတ်တော့အားနာပါတယ်............

Kuch Kuch Hota Hai - Title songs - Full HD


                                                                                                                                                                                                                                                                 

နားထောင်ဖူးတဲ့သူများရှိမယ်ထင်ပါတယ် ကျွန်တော်တို့ ငယ်ငယ်တုန်းက
အတော်ကိုခေတ်စားတဲ့သီချင်းပေါ့ ဒီနေ့ youtube ထဲမှာလမ်းလျှောက်ထွက်ရင်း
တွေ့ လို့ ပြန်ကောက်လာတာပါ နားတော့မလည်ဘူးဗျ ဒါပေမဲ့သီချင်းကလည်း
အရမ်းကောင်း ဇတ်ကားလည်းကောင်းတော့ ကျွန်တော်ရှယ်ပေးတာပါ
ဇတ်ကားကြည့်ချင်သူများ၇ှိရင်ပြောပါ ကျွန်တော် တင်ပေးပါ့မယ် ဘာမှတော့
မဟုတ်ပါဘူးအပျင်းပြေပေါ့ youtube ကိုဘဲကျေးဇူးအထူးတင်တယ် လိုချင်တဲ့
သီချင်းတွေဆိုသူ့ မှာအကုန်ရတယ်လေ ဒါကြောင့်နားထောင်ချင်တဲ့သူများ
နားထောင်သွားကြပါနော်........................

အရေးကြီးပါသည် ဖတ်ပြီးဝိုင်း ရှယ်ပေးကြပါ............


https://www.facebook.com/events/233482366787735/   အင်ဒိုနီရှာကကောင်တွေ အောက်ဖော်ပြပါ မြန်မာနိုင်ငံရှိဆိုဒ်များဆော်ဖို. ပြင်ဆင်နေကျ ပါပြီး ထို့ကြောင့် ကျနော်တို့မြန်မာတွေ သူတို့မဆော်ခင် ကိုယ်တွေ အရင်ဆော်ရင် အသင့်ပြင် ထားကြပါရန် စိနီယာ အစ်ကိုတွေ က ပြောပါတယ်ခင်ဗျ ပါဝင်လိုသူများ အဆင်သင့်ပြင် ဆင်ထားကြ ပါဗျ..   အောက်ဖော်ပြပါမြန်မာဆိုဒ်တွေလည် မိမိတို့ဆိုဒ် Securityတွေ ကို မြှင့် ထားကြပါ။   Target : - http://www.mofa.gov.mm/ www.ncgub.net/ http://www.erepublic.org/egovincountriesmoni/myanmarformerlyburma.html http://www.myanmar.com/ministries/index.html  www.weeklyeleven.com www.soccermyanmar.com http://www.yatanarpon.net.mm/ http://cyberghostvpn.com/ http://pastebin.com/G9yQhHmg www.dmh.gov.mm/  .gov.mm websites / http://www.dca.gov.mm/ http://www.myanmarevisa.gov.mm/ http://www.mot.gov.mm/ http://www.iwt.gov.mm/ http://www.nlm.gov.mm/ http://www.4thgmssummit.gov.mm/ http://www.dmh.gov.mm/ http://www.mofa.gov.mm/ http://www.most.gov.mm/ http://www.energy.gov.mm/ http://www.dica.gov.mm/ http://www.mol.gov.mm/ http://www.mora.gov.mm/ http://www.iwt.gov.mm/ http://www.ministryofinformation.gov.mm/ http://www.slrd-moai.gov.mm/ http://www.mosports.gov.mm/ http://www.myanmarcustoms.gov.mm/ http://www.mofr.gov.mm/ http://www.mip.gov.mm/ http://www.csostat.gov.mm/ http://www.commerce.gov.mm/ http://www.irdmyanmar.gov.mm/ http://www.moh.gov.mm/ http://www.moai.gov.mm/ http://www.mcpt.gov.mm/ http://www.construction.gov.mm/ http://www.myancoop.gov.mm/ http://www.cbm.gov.mm/ http://www.myanmarteak.gov.mm/ http://www.dmh.gov.mm/ http://www.mcpt.gov.mm/ http://www.myancoop.gov.mm/ http://www.mpa.gov.mm/ http://www.ais.gov.mm/ http://www.dot.gov.mm/ http://www.waterresources.gov.mm/  .com.mm websites / http://www.umfcci.com.mm/ http://www.city.com.mm/ http://www.myanmarteldir.com.mm/ http://www.universal-link.com.mm/ http://www.ugi.com.mm/ http://www.myanmar.com/ http://www.wbts.com.mm/ http://www.spa-myanmar.com/ http://www.khitlunge.com.mm/ http://www.ems.com.mm/ http://www.myringtune.com.mm/ http://www.myanmar.com/ http://www.myanmar-image.com/ http://www.myanmarvisa.com/  .net.mm websites / http://www.mpt.net.mm/ http://www.goldenhawks.net.mm/ http://www.yatanarpon.net.mm/ http://www.mmnic.net.mm/ http://www.indiaembassy.net.mm/ http://www.mrtv4.net.mm/ http://www.mail.mptngw.net.mm/ http://www.mtalk.net.mm/ http://www.enjoy.net.mm/ http://www.myanmariwatani.net.mm/ http://www.myanmars.net/  .edu.mm websites / http://www.ummg.edu.mm/ http://www.um2ygn.edu.mm/ http://www.um1ygn.edu.mm/ http://www.ucsy.edu.mm/ http://www.elearning.edu.mm/ http://www.mmmc.edu.mm/  .org.mm websites / http://www.mmcert.org.mm/ http://www.usda.org.mm/ http://www.mm.undp.org/ http://www.mes.org.mm/ http://www.mm-rs.org/ http://www.arn.org/ http://www.myanmarnlp.org.mm/ http://www.mahasi.org.mm/  JOIN WITH US FOR More Updates.. https://www.facebook.com/events/233482366787735/  လက်ဆင့်ကမ် shareပေးကြပါဗျ
https://www.facebook.com/events/233482366787735/

အင်ဒိုနီရှာကကောင်တွေ အောက်ဖော်ပြပါ မြန်မာနိုင်ငံရှိဆိုဒ်များဆော်ဖ
ို. ပြင်ဆင်နေကျ ပါပြီး ထို့ကြောင့် ကျနော်တို့မြန်မာတွေ သူတို့မဆော်ခင် ကိုယ်တွေ အရင်ဆော်ရင် အသင့်ပြင် ထားကြပါရန် စိနီယာ အစ်ကိုတွေ က ပြောပါတယ်ခင်ဗျ ပါဝင်လိုသူများ အဆင်သင့်ပြင် ဆင်ထားကြ ပါဗျ..

အောက်ဖော်ပြပါမြန်မာဆိုဒ်တွေလည် မိမိတို့ဆိုဒ် Securityတွေ ကို မြှင့် ထားကြပါ။


Target : -
http://www.mofa.gov.mm/
www.ncgub.net/
http://www.erepublic.org/egovincountriesmoni/myanmarformerlyburma.html
http://www.myanmar.com/ministries/index.html

www.weeklyeleven.com
www.soccermyanmar.com
http://www.yatanarpon.net.mm/
http://cyberghostvpn.com/
http://pastebin.com/G9yQhHmg
www.dmh.gov.mm/

.gov.mm websites /
http://www.dca.gov.mm/
http://www.myanmarevisa.gov.mm/
http://www.mot.gov.mm/
http://www.iwt.gov.mm/
http://www.nlm.gov.mm/
http://www.4thgmssummit.gov.mm/
http://www.dmh.gov.mm/
http://www.mofa.gov.mm/
http://www.most.gov.mm/
http://www.energy.gov.mm/
http://www.dica.gov.mm/
http://www.mol.gov.mm/
http://www.mora.gov.mm/
http://www.iwt.gov.mm/
http://www.ministryofinformation.gov.mm/
http://www.slrd-moai.gov.mm/
http://www.mosports.gov.mm/
http://www.myanmarcustoms.gov.mm/
http://www.mofr.gov.mm/
http://www.mip.gov.mm/
http://www.csostat.gov.mm/
http://www.commerce.gov.mm/
http://www.irdmyanmar.gov.mm/
http://www.moh.gov.mm/
http://www.moai.gov.mm/
http://www.mcpt.gov.mm/
http://www.construction.gov.mm/
http://www.myancoop.gov.mm/
http://www.cbm.gov.mm/
http://www.myanmarteak.gov.mm/
http://www.dmh.gov.mm/
http://www.mcpt.gov.mm/
http://www.myancoop.gov.mm/
http://www.mpa.gov.mm/
http://www.ais.gov.mm/
http://www.dot.gov.mm/
http://www.waterresources.gov.mm/

.com.mm websites /
http://www.umfcci.com.mm/
http://www.city.com.mm/
http://www.myanmarteldir.com.mm/
http://www.universal-link.com.mm/
http://www.ugi.com.mm/
http://www.myanmar.com/
http://www.wbts.com.mm/
http://www.spa-myanmar.com/
http://www.khitlunge.com.mm/
http://www.ems.com.mm/
http://www.myringtune.com.mm/
http://www.myanmar.com/
http://www.myanmar-image.com/
http://www.myanmarvisa.com/

.net.mm websites /
http://www.mpt.net.mm/
http://www.goldenhawks.net.mm/
http://www.yatanarpon.net.mm/
http://www.mmnic.net.mm/
http://www.indiaembassy.net.mm/
http://www.mrtv4.net.mm/
http://www.mail.mptngw.net.mm/
http://www.mtalk.net.mm/
http://www.enjoy.net.mm/
http://www.myanmariwatani.net.mm/
http://www.myanmars.net/

.edu.mm websites /
http://www.ummg.edu.mm/
http://www.um2ygn.edu.mm/
http://www.um1ygn.edu.mm/
http://www.ucsy.edu.mm/
http://www.elearning.edu.mm/
http://www.mmmc.edu.mm/

.org.mm websites /
http://www.mmcert.org.mm/
http://www.usda.org.mm/
http://www.mm.undp.org/
http://www.mes.org.mm/
http://www.mm-rs.org/
http://www.arn.org/
http://www.myanmarnlp.org.mm/
http://www.mahasi.org.mm/

JOIN WITH US FOR More Updates..
https://www.facebook.com/events/233482366787735/

လက်ဆင့်ကမ် shareပေးကြပါဗျ

Facebook မှာ mp3 သီချင်းထည့်မယ်

Facebook မှာသီချင်းတင်တာလေးကို ဒီနေ့ပြောပြချင်ပါတယ်။ အရင်ကတော့နည်းလမ်းတွေရှိပါတယ်။
အခုနည်းလေးက အစဉ်ပြေတာကြောင့်ပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။ Register လေးတော့လုပ်
ပေးရပါ့မယ့်။ အောက်မှာ နည်းလမ်းလေးကိုကြည့်ပြီး လိုက်လုပ်ကြည့် လိုက်ပါနော်။


ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးRegisterလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



Registerပီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင် Facebook ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။



ဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းသွားပြီ ဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်လုပ်ဆောင်သွားပါ
လိမ့်မယ်။
  အဆင်ပြေကြပါစေဗျာ။