အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့
သိရပါတယ်။ ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက်
၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်
တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။
Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃
သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ
တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။
မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်
မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်
မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီး
သွားခြင်း ဖြစ်ပါတယ်။
ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social
account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ်
အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
ဒီအကြောင်းလေးကိုကျွန်တော်ဘာလို့ပြောပြချင်လဲဆိုတော့ တော်တာကိုတော့လက်ခံပါတယ်သူ့အရည်အချင်းကို
အသုံးချရမဲ့နေရာမှားသွားတော့ သူကြိုးစားထားတာသူလေ့လာထားတာတွေအားလုံးခနလေးအတွင်းမှာပျောက်ကွယ်
သွားတာပေါ့ဟုတ်ဘူးလားသူငယ်ချင်းတို့လဲကိုယ်တတ်တဲ့ပညာရပ်တွေကိုအကောင်းဆုံးအသုံးချနိုင်ပါစေလို့ကျွန်တော်
ဆုတောင်းပေးလိုက်ပါတယ်နော်
Melbourne near me Trusted Removalist
7 months ago







0 comments:
Post a Comment