PC မှာ အဓိကအရေးကြီးဆုံးကတော့ data ပဲဖြစ်ပါတယ်။ သင်ဟာ PC ရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်
ဝယ်ယူ အစားထိုးလို့ရနိုင်ပေမယ့် အရေးကြီးတဲ့ data တွေဆုံးရှုံးသွားရင်တော့ ပိုက်ဆံနဲ့ ပေးပြီးဝယ်လို့မရနိုင်
ပါဘူး။ အရေးကြီး data တွေပါဝင်တဲ့ Hard drive တွေ ပျက်စီးမှုကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ ကြီးမားတဲ့
ဆုံးရှုံးမှုနဲ့ရင်ဆိုင်ကြရပါတယ်။
Data ကို King လို့ဆိုကြပါတယ်။ ဒီလို အရေးကြီးတဲ့ data တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်း တွေကို
ရှာဖွေလာကြပါတယ်။ Hard drive ပျက်စီးသွားရင်တောင် data မဆုံးရှုံးနိုင်တဲ့ နည်းလမ်းကို တီထွင်လာကြ
ပါတယ်။ ဒါကတော့ funcy hard dirve controller ကိုသုံးပြီး hard drive နှစ်ခုမှာ တပြိုင်နက် read/write
လုပ်ခြင်းပဲဖြစ်ပါတယ်။ Hard drive နှစ်ခုလုံးစီမှာ တူညီတဲ့ data တွေ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ ပထမ
drive ကို primary drive လို့ခေါ်ပြီး နောက်တစ်ခုကိုတော့ mirror drive လို့ခေါ်ပါတယ်။ ဒီလို drive နှစ်ခု
သုံးပြီး တစ်ချိန်တည်းမှာ read/write လုပ်ခြင်းကို drive mirroring လို့ခေါ်ပါတယ်။
နောက်ထပ်ပုံစံတစ်ခုကတော့ separate controller နှစ်ခုအသုံးပြုခြင်းဖြစ်ပါတယ်။ ဒီလိုအသုံးပြုခြင်း ကြောင့်
primary drive controller အလုပ်မလုပ်ခဲ့ရင်တောင် system ဟာ ဆက်ပြီး အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။
ဒီလို separate mirroring technique ကို drive duplexing လို့ ခေါ်ပါတယ်။ Drive duplexing ဟာ drive
mirroring ထက်ပိုပြီး မြန်ဆန်ပါတယ်။ ဒါပေမယ့် drive duplexing နဲ့ drive mirroring နှစ်ခုစလုံးဟာ
ပုံမှန်ထက် performance နှေးကွေးတာကို တွေ့ရပါတယ်။
အကောင်းဆုံး method တစ်ခုကတော့ redundant data တွေကို ဖန်တီးခြင်းလို့ခေါ်တဲ့ disk striping
ဖြစ်ပါတယ်။ Disk striping ဆိုတာကတော့ file တွေကို အပိုင်းသေးသေးလေးတွေခွဲပြီး hard drive တွေမှာ
တ၀က်ဆီခွဲပြီး သိမ်းဆည်းခြင်းဖြစ်ပါတယ်။ Disk striping ရဲ့ ကောင်းတဲ့ အချက်ကတော့ performance
speed မြန်ဆန်ခြင်းဖြစ်ပါတယ်။ Disk striping ဟာ disk mirroring နဲ့ plain disk striping ကို ပေါင်းစပ်
ထားခြင်းဖြစ်ပါတယ်။ Data ကို protect လုပ်ပေးပြီး performance ကို မြန်ဆန်စေပါတယ်။ Network
servers တွေမှာ Disk striping ကို အသုံးပြုကြပါတယ်။
မှတ်ချက်။ ။ကျွန်တော်ကိုယ်တိုင်ရေးထားတာမဟုတ်ပါ။ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။
Tuesday, July 3, 2012
Data တွေကို ဘယ်လိုကာကွယ်မလဲ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment