Wednesday, April 24, 2013

ညပိုင်းအလုပ်လုပ်ရသူများကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မား


                ညပိုင်း အလုပ်လုပ်ရသူများ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်မား
         
ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း ကူးစက်မှုရောဂါဆိုင်ရာ အမေရိကန်
ဂျာနယ်မှလေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။
       
ဒီလေ့လာမှုက ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေနဲ့ ဆီးကျိတ်၊ အူမကြီး၊အဆုတ်၊ ဆီးအိမ်၊ စအိုနဲ့မုန့်ချိုအိတ်ကင်ဆာ
နဲ့လင်ဖိုမားကျူမာ ဆက်စပ်မှုအကြောင်း ကမ္ဘာ့ပထမဆုံးလေ့လာမှုလို့ သိရပါတယ်။
     
ညဘက်မှာ မီးရောင်ကို ထိတွေ့နေရတာကြောင့် အိပ်စက်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်း မယ်လတိုနင်ထုတ်လုပ်မှု လျော့
နည်းသွားကာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မယ့် ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့်လို့ သိရပါတယ်။
   
မယ်လတိုနင် ဟော်မုန်းဟာ ညလယ်ပိုင်း မီးရောင်မရှိတဲ့အချိန်မှာ ထွက်ပေါ်လာတတ်ပြီး ဟော်မုန်းလုပ်ငန်းဆောင်တာနဲ့
ခုခံအားစနစ်အတွက် အရေးကြီးတဲ့ကဏ္ဍမှ ပါဝင်ကြောင်း သိရပါတယ်။
(pyimyanmar  ---မှ)

0 comments:

Post a Comment