Wednesday, April 24, 2013

ဖိုတိုရှော့နည်းပညာ


ကဲဒီတစ်ခါတော့ အပျင်းပြေ တံဆိပ်ဝိုင်းလေးလုပ်ကြည့်ရအောင်နော်။ စိတ်ရှည်ရှည်ထော့ထားနော်။ အရင်ဆုံး File>New (သို့) Ctrl+N နဲ့ စာရွက်တရွက်ယူလိုက်ပါ။ ပြီးရင်တော့ Layer box မှ Create a New layer ကိုနှိပ်ပြီး လေယာအသစ်ယူလိုက်ပါ။ နောက်တော့ Tool box မှ Ellipse Tool ကိုယူလိုက်ပါ။ ပြီးရင်တော့ လေယာအသစ်ပေါ်မှာ Shift ကီးကိုဖိပြီး အ၀ိုင်းတစ်ခုဆွဲလိုက်ပါ။ ဆွဲပြီးရင်တော့ Tool box မှ Horizontal Type Tool ကိုယူပါ မီနူးဘားမှာ Center text ကိုထားပြီး မိမိရေးချင်တဲ့စာကြောင်းကို   ရေးလိုက်ပါ။ ကာလာကိုတော့ ကိုယ်ကြိုက်တာယူရေးနော်။ ကျွန်တော်အပြာ  လေးနဲ့ရေးထားတယ်။  အောက်ကပုံလေးကိုကြည့်လိုက်ပါဦး။




အကယ်၍ သူငယ်ချင်းစက်ဝိုင်းကြီးက တအားကြီးနေရင်တော့ Edit>Free Transform (သို့) Ctrl+T ကိုနှိပ်ပြီး ထောင့်နားလေးမှ Shift ကီးကိုဖိပြီးအတွင်းဘက်ကို ဆွဲကျဉ်းလိုက်ပါ။ ရှစ်ကီးဖိခိုင်းတာက သူငယ်ချင်းပုံပျက်သွားမဆိုးလို့ပါ။ အဲ့ဒါလေးတော့ သေချာလုပ်ပါ။ တော်ကြာ တံဆိပ်ပြဲကြီးဖြစ်သွားအုံးမယ်။ မ၀ိုင်းဘဲနဲ့ ဟဲဟဲ။ ကဲအောက်ကပုံလေးကြည့်ပါ။




(၂) ကတော့ သူငယ်ချင်းရေးထားတဲ့ စာလေယာကို Layer>New>Layer via copy (သို့) Ctrl+J နဲ့ပွားယူ လိုက်ပါ။ ပွားထားတဲ့ Layer ကို Edit>Free Transform (သို့) Ctrl+T နှိပ်ပြီး အဲ့ဒီအပေါ်မှာ ညာကလစ် နှိပ်ပြီးခါ ကျလာတဲ့အထဲကမှ Rotate 180 ဒီဂရီကို ရွေးပြီးနှိပ်ပေးလိုက်ပါ။ ပွားထားတဲ့လေယာ လေးက အောက်ကိုဇောက်ထိုးကျသွားပါလိမ့်မယ်။ ရှင်းအောင် အောက်ကပုံကို ကြည့်ကြည့်ပါဦး။





(၃) နောက်တော့ အဲ့ဒီဇောက်ထိုးဖြစ်နေတဲ့လေယာမှာ သူငယ်ချင်းကြိုက်တာကို Tool box မှ Horizontal Type Tool ယူပြီးရေးလိုက်ပါဦး။ ကျွန်တော်ကတော့ နေပြည်တော်လို့ရေးလိုက်တယ် ဟဲဟဲ။ ပြီးရင်တော့ Tool box မှ Path Selection Tool ကိုယူပြီး အလယ်လောက်မှ အထက်သို့ ဆွဲတင်လိုက်ပါ။   ဇောက်ထိုးဖြစ် နေတဲ့စာက အတည့်ဖြစ်သွားပါလိမ့်မယ်။ အောက်ကပုံကိုလေ့လာပါ။




(၄) ကျွန်တော်တို့စာရေးတာတော့ပြီးသွားပြီ။ နောက်တော့ Layer box မှ Create a New layer ကိုနှိပ်ပြီး   လေယာအသစ်ယူလိုက်ပါ။ ယူထားတဲ့ လေယာမှာ Tool box မှ Eliptical Marquee Tool ကိုယူပြီး Shift ကီးကိုနှိပ်ကာ ရေးထားတဲ့စာအပြင်ကနေ စာနဲ့အံကိုက် အ၀ိုင်းတစ်ခုဆွဲလိုက်ပါ။ ပြီးရင်တော့ မီနူးဘား မှ Edit>Storke ကိုနှိပ်လိုက်ပါ။ Storke box မှာ Width 5 px လောက်ထား။ ကာလာမှာ အပြာရောင်ထား။ Location မှာ Center ထားပြီး Ok လိုက်ပါ။  အောက်မှ ပုံကို လေ့လာ ပါဦး။ ကျွန်တော် သူငယ်ချင်းတို့အဆင်ပြေအောင် သေချာအနီလေးတွေနဲ့ ၀ိုင်းပြထားပါတယ်။




(၅) နောက်တော့ အဲ့ဒီဝိုင်းထားတဲ့လေယာကို Layer>New>Layer via copy (သို့) Ctrl+J နဲ့ပွားယူ လိုက်ပါ။ အဲ့ဒီပွားလို့ရလာတဲ့ Layer ကို Edit>Free Transform (သို့) Ctrl+T နှိပ်ပြီး Shift Key လေးကို ပါဖိလို့ အတွင်းဘက်သို့ ဆွဲပြီးချုံ့လိုက်ပါ။ ရှင်းသွားအောင်ပုံလေးကြည့်ပါဦး။




(၆) နောက်တော့ ကိုဆွဲထားတဲ့ အ၀ိုင်းအပြင်ဘက်လွတ်တဲ့တစ်နေရာလောက်မှာ Tool box မှ Horizontal Type Tool ယူပြီး ရက်စွဲနဲ့ စာအမှတ်ကို ရေးလိုက်ပါ။ လွယ်ပါတယ်နော့်။




(၇) ရေးထားတဲ့စာလေးကို အတွင်းဘက်နေရာကို ဆွဲသွင်းလိုက်ပါ။ ပြီးရင်တော့ Layer box မှ Create a New layer ကိုနှိပ်ပြီး   လေယာအသစ်ယူလိုက်ပါ။ ယူထားတဲ့ လေယာမှာ Tool box မှ Custom Shape tool ကိုယူလိုက်ပါ။ မီနူးဘားမှ Shape နေရာလေးမှာ ကြယ်ပုံစံလေးကို ရွေးလိုက်ပါ။ ကျွန်တော် အနီရောင် လေးတွေနဲ့ ၀ိုင်းပြထားပါတယ်။ ဆွဲပြီးသွားရင်တော့ အဲ့ဒီကြယ်လေးကို Ctrl ကီးကိုဖိလျက် Enter ကီးကိုခေါက်လိုက်ပါ။ Select အနေနဲ့ဖြစ်သွားပါလိမ့်မယ်။ ဆလက်ဖြစ်သွားတော့မှ Alt ကီးကိုဖိ လျက် Backspace ဖြင့် အပြာရောင်ဖြည့်လိုက်ပါ။ အောက်ကပုံလေးကြည့်ပါ။




(၈) အနေနဲ့ကတော့ သူငယ်ချင်းဆွဲထားတဲ့ ကြယ်လေးကို နေပြည်တော်ဘေးတစ်ဖက်တချက်မှာ Layer>New> Layer via copy (သို့) Ctrl+J နဲ့ပွားယူပြီး နေရာချပေးလိုက်ရင်တော့ ကျွန်တော်တို့ရဲ့ တံဆိပ်ဝိုင်း သင်ခန်းစာပြီးပါပြီဗျာ။ အောက်ကျွန်တော့်လက်ရာလေးကိုကြည့်ပါဦး။ ကဲ ကျွန်တော်ကတော့ ဒီလိုလုပ်လို့ရတယ်လို့ ပြတာပါ။ ဟဲဟဲ ............... ကျန်တာတော့ အနော်ပါဘူးနော်။ 



 တတ်လို့ တော်လို့တော့မဟုတ်ပါဘူးဗျာ။ မျှဝေတဲ့သဘောပါ။ ကျွန်တော်လည်း ဘာမှဟုတ်တိပတ်တိ သိပ် မတတ်ပါဘူး။ မသိသေးတဲ့သူတွေကို မျှဝေတာပါ။ ပညာရှင်အားလုံးကိုလေးစာလျက်။ 

ရိုးရိုးလေး 

yoeyoelay18@gmail.com

0 comments:

Post a Comment