Wednesday, April 24, 2013

အိပ်ပျော်စေသည့်နည်း ၇-နည်း


အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်ကြောင်းကို ဆေးသုတေသနပညာရှင်များ၏ သုတေသနပြုချက်အရ
သိရှိကြရပြီး ဖြစ်သဖြင့် အိပ်ရေးဝအောင်အိပ်နိုင်ဖို့ အရေးကြီးလိုအပ်ပါသည်။ အလုပ်သမားများသည်လည်း အလုပ်ပင်
ပန်းလွန်း၍ ညအိပ်ချိန်တွင် အိပ်မပျော်တတ်။

ကျောင်သားကျောင်းသူများသည်လည်း ပညာခေတ်ကြီးမှာ နည်းပညာများကို အပြိုင်အဆိုင်ကြိုးစားကြရ၍ ည,ညအိပ်
မပျော်တတ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည်လည်း ဈေးကွက်စီးပွားရေးစနစ်မှာ တိုးတက်ကြီးပွားနိုင်စေရန်စဉ်းစား
နေကြရသဖြင့် ည,ည အိပ်ရေးမဝ၊ အိပ်ရေးပျက်သောညများတဖြည်းဖြည်းများလာကြသည်။ ကြာတော့လည်းစိတ်ဖိစီး
မှုတွေ များပြားလာပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါသည်။

လူတန်းစားအသီးသီးတွင် ဖြစ်ပေါ်တတ်သော အိပ်မပျော်သည့်ဝေဒနာကို ပျောက်ကင်းစေပြီး အိပ်ရေးဝဝ အိပ်နိုင်ရန်၊
ကောင်းစွာအိပ်ပျော်ရန် နည်းလမ်းများရရှိဖို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆေးသုတေသန ပညာရှင်များသည် သုတေသ
နပြုလေ့လာစမ်းသပ်ပြီးနောက် တွေ့ရှိရသော အဖြေ(၇)ချက်ကို ထုတ်ဖော်ကြေညာပေးခဲ့သည်။ သိပ္ပံနည်းကျစမ်းသပ်
တွေ့ရှိထားသည့် အိပ်ပျော်အောင် လေ့ကျင့် လုပ်ကိုင်နေထိုင်ရမည့် နည်း(၇)နည်းမှာ---

(၁) အချိန်မှန်မှန် အိပ်ပါ---
မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက ယင်းအချိန်တွင်အိပ်ဖြစ်အောင်
အိပ်ပါ။ ထိုသို့ လေ့ကျင့်ထားခြင်းဖြင့် ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို ရရှိသွားလိမ့်
မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်းဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။

(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့---
မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီ
ထက်ပိုပြီးမဖတ်သင့်ပေ သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည်ပျက်သွား၍မျက်စိကြောင်
ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်တာနက်
ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်ချိန်ကိုမထိခိုက်ရန်အထူးသတိထားသင့်ကြပါသည်။သို့မဟုတ်
ပါက အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။

(၃) အတွေးနယ် မချဲ့ပါနဲ့---
တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့် ညအချိန် အိပ်ရာဝင်ခါနီး တွင် အိပ်မပျော်ဖြစ်တတ်သည်။
ထိုအချိန်မျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည် ဟိုရောက်ဒီရောက်
နှင့် ကမ္ဘာကို ပတ်၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့် အိပ်၍ မပျော်တော့ပါ။ ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်
အောင် အကောင်းဆုံးပြုနည်းမှာ မိမိ၏ စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ပုတီးစိပ်ခြင်းနှင့် တရား မှတ်ခြင်း
တို့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ---
ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်း အနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါ
သည်။ ကိုယ်တွင်း အနွေးဓာတ် ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ
အကြောများ ပြေလျော့သွားပြီး လူလည်း လန်းဆန်းလာပါသည်။ တစ်နေ့လုံးအလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်းမှု
များမှာလည်း ပျောက်ကင်းသက်သာသွားစေသည်။ စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူ သို့ ရောက်ရှိခဲ့
စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့် ကုန်တိုက်ကြီးများ ကို တနေရာပြီးတနေရာနေရာ
အနှံ့ လှည့်လည် သွားရောက် ကြည့်ရှုခဲ့ပါသည်။ ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ လူမှာ မ
လှုပ်ချင်လောက်အောင် ပင်ပန်းနွမ်း နယ်နေပါသည်။ ပင်ပန်းလွန်းသဖြင့် ရင်မောပြီး အိပ်၍ မပျော်တော့ပါ။ ရေနွေးဖြင့်
ရေချိုးလိုက်ရန် အကြံပေး၏။ ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်ကောင်းလောက်အောင် လူမှာ လန်းဆန်းသွား
ပါသည်။ ထို့နောက် အိပ်ရာသို့ဝင်ရောက်အိပ်သောအခါကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။

(၅) ကော်ဖီ မသောက်ပါနဲ့---
အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်ပါသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်သည့်
အလေ့အကျင့်သည် ကောင်းသည်ဟု မဆိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်းသည်လည်း
အိပ်မပျော်ခြင်းကိုဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို စွဲလမ်းစေသည့်
အပြင် သောက်ပါ များလျှင် မျက်စိကြောင်၍ အိပ်မပျော် ဖြစ်တတ်သည်။ တစ်ခုခု သောက်လိုသော ဆန္ဒ ရှိပါက နွားနို့
သောက်၍ အိပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။ မြန်မာလူမျိုးတို့သည် အိပ်ခါနီး
မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း
မျက်စိကြောင်ကာ အိပ်မပျော်ဖြစ်တတ်ပါသည်။

(၆) အရက်မသောက်ပါနဲ့---
အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ အချို့ သူများသည်
အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့ အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင် အိပ်ရန်
ကိုပင် မေ့လျော့ကာ နေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး အိပ်မပျော်သော ရက် များများလာသောအခါ
စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။

(၇) အိပ်ခါနီး ဆူညံသံကင်းရမည်---
အိပ်ခါနီးအချိန်တွင်ဆူညံလွန်းသောအသံများကိုကြားရပါက အိပ်ပျော်မှုကိုအနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်
ပေ။ တစ်ခါတရံ အိပ်ပျော်နေစဉ်ပင် လန့်၍ နိုးတတ်ပါသည်။ သို့သော် သာယာ ငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ
အိပ်ပျော်ခြင်းကို ဖြစ်စေသည်ဟုကျန်းမာရေး သုတေသီတို့ကပြောကြားကြပါသည်။ ကလေးငယ်များပင်လျှင် တေးဂီတ
သံများကြောင့် အချိန်တိုအတွင်းအိပ်ပျော်သွားတတ်ကြောင်းလေ့လာတွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပညာရှင်များကပြောကြား
ခဲ့သည်။

အိပ်ပျော်အောင် ကောင်းကောင်း အိပ်နိုးကြမှ သာလျှင် ကာယ သုခ၊ စိတ္တ သုခ ဟူသော နှစ်ဖြာသော သုခနှင့် ပြည့်စုံနိုင်
ကြပြီး ရောဂါဘယ လည်းကင်းဝေးကြမည်ဖြစ်ပေသည်။ ထိုသို့ ကျန်းမာကြံ့ခိုင်မှသာလျှင် လုပ်ငန်းခွင်တွင်လည်း အဆင်
ပြေချောမွေ့ကြမည်ဖြစ်သည်။

0 comments:

Post a Comment