Wednesday, April 24, 2013

ဖိုတိုရှော့နည်းပညာ


ဒီတစ်ခါတော့ ဖိုတိုရှော့လေးသုံးပြီး အသက်ကြီးလို့အရည်းအကြောင်းဖြစ်ပေါ်နေတဲ့ အ ရာလေးတွေကို  လျော့ပါးသွားအောင်လုပ်တဲ့နည်းလေး သုံးပြပါမယ်။ ခက်ခက်ခဲခဲတော့မဟုတ်ပါဘူးဗျာ။  ကဲပထမဆုံးပုံတစ်ပုံလောက်ဖွင့် လိုက်ကြရအောင်ဗျာ။ ပုံက အသက်အတော်တန်ကြီးတဲ့ သူမှဖြစ်မှာနော်။ မော်ဒယ်တွေနဲ့ မဖြစ်ဘူး။ ကျွန်တော် အမေဒေါ်စုရဲ့ပုံလေးနဲ့ ပြင်ပြပါ့မယ်။ ဒီနည်းလေးကို တော့ ကျူဝင်၊ ကျူထွက်နည်းပညာလို့ အမည်ပေးထားပါတယ်ဗျာ။




(၁) ပုံကို Layer>New>Layer via copy (သို့မဟုတ်) Ctrl+J ဖြင့် လေယာပွားလိုက်ပါ။ ဒီပုံလေးကို ကြည့်ပါ။ ဒီလောက်ကတော့ အလွယ်ပေါ့နော့်




(၂) ပြီးရင်တော့ Tool ဘောက်မှ Edit in Quick Mask Mood (သို့မဟုတ်)  Q  ကိုနှိပ်လိုက်ပါ။ ကျွန်တော် အနီရောင်နဲ့ဝိုင်းပြထားပါတယ်။ အဲ့လိုနှိပ်လိုက်မယ်ဆိုရင် Layer ပွားထားတဲ့ ဟာလေးက အပြာရောင်ကနေ မီးခိုးရောင်ပြောင်းသွားတာကို သတိပြုပါ။ မပြောင်းသေးဘူးဆိုရင်တော့ ရှေ့ဆက် တက်လို့ရမှာ မဟုတ်ဘူးနော်။ ပုံနဲ့ပြထားပါတယ်။ ရှင်းသွားမှာပါ။




(၃) ပြီးရင်တော့ Tool ဘောက်မှ Brush (B) ကိုယူပြီး မျက်စိအောက်ဖက်မှ အရေးကြောင်းတို့၊ ပါးစပ်ဘေး နှစ်ဘက်မှ အရည်းကြောင်း စသည်ဖြင့် တွန့်နေသော၊ ရှုံ့နေသော နေရာများကို ဘရပ်ဖြင့် ခြယ်လိုက်ပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဘရပ်ဖြင့်ဆွဲရင် အနီရောင်အဖြစ်ပေါ်ပါတယ်။ မပေါ်ခဲ့ရင် မီးနူးဘားက Opacity တို့ Flow တို့ ပါဆန့်ရော့နေတာဖြစ်နိုင်တာကို သတိပြုပါ။ ကျွန်တော် အနီရောင်ဖြင့် နံပါတ် နှစ်လို့ပြထားပါတယ်။ ရှင်းသွားအောင် ပုံလေးကိုကြည့်လိုက်ပါနော်။



(၄) ကိုယ့်စိတ်ကြိုက် ချယ်လို့ပြီးရင်တော့ (Q) လေးကို ပြန်နှိပ်လိုက်ပါ။ ကျွန်တော် အနီရောင်ဖြင့် ၀ိုင်းပြထား ပါတယ်။ အဲ့လို့နှိပ်လိုက်ရင် ကိုယ်ခြယ်ထားတာလေးတွေကို Select အနေဖြင့် တွေ့ရမှာပါ။ 

 နောက်တော့ Select>Inverse (သို့) Ctrl+Shift+I ကိုနှိပ် ပြီး Select ကို အတွင်းပိုင်ယူလိုက်ပါမယ်။

 ကျွန်တော်တို့ အချောသပ်လေးဖြစ်အောင်လို့ ဖယ်သာနည်းနည်းထည့်ပါမယ်။ အလွယ်အနေနဲ့တော့ Ctrl+Alt+ D တို့ကိုတွဲနှိပ်လိုက်ပါ။ ဖယ်သာ ကို ဒီပုံမှာ 3 လောက်ထားထာပါတယ်။ ပုံဆိုဒ်အရ ကွဲပြား နိုင်ပါတယ်။ ပြီးရင်တော့ Ok ပေါ့နော်။ ပုံလေးကိုကြည့်ပါ။




(၅) နောက်တော့ Filter>Blur>Gaussian Blur ကိုယူလိုက်ပါ။ Radius ကို ပုံအနေအထားအလိုက် သင့် သလိုထည့်ရပါမယ်။ ကျွန်တော်ဒီပုံမှာ 1.0 လောက်ထားထားပါတယ်။ ပြီးရင်တော့ OK ပေါ့ဗျာ။ 




ကဲဗျာ အားလုံးတော့ ပြီးပါပြီး။ အချောသပ် အနေနဲ့ ဘလားတိုးလေးနဲ့ လိုအပ်တဲ့နေရာလေးတွေကို ပွတ်တိုက်။ လိုအပ်မယ့် အရာလေးတွေကို ပြုပြင်လိုက်မယ်ဆို ရင်တော့ အမေစုရဲ့ ခန့်ညားလှပတဲ့ ပုံလေးကို ပိုင်ဆိုင်သွားပြီးပေါ့နော်။ ကျွန်တော့်လက်ရာလေးကိုကြည့်ပါဗျာ။ ပညာရှင်တော့ မဟုတ်ပါဘူး။ လေ့လာနေဆဲ အသင်တစ်ယောက်ပါ။ လိုအပ်သွားတာလေးများရှိရင် နားလည်ခွင့်လွတ်ပေး ပါဗျာ။ တော်လို့တတ်လို့ မဟုတ်ရပါဘူး။  မသိသေးတဲ့ သူငယ်ချင်းများကို မျှဝေတဲ့သဘောပါ။ ကဲ အားလုံးဘဲ ပျော်ရွှင်ပါစေလို့။ ဒီနည်းလေးက ဒီတစ်ခုထဲ အသုံးဝင်တာမဟုတ်ဘူးဆိုတာ လေးတော့ သိထား ပေးပါဗျာ။ ကိုယ်စိတ်ကူးရှိသလို အများကြီးအသုံးဝင်ပါတယ်။ နောက်ကြုံရင် ပြောပြပေးပါမယ်ဗျာ။  အင်တာနက်လိုင်းလေးကောင်းရင် ဆုံသေးတာပေါ့ဗျာ။




yoeyoelay18@gmail.com

0 comments:

Post a Comment