Wednesday, April 24, 2013

ကျွန်တော် ဖတ်မှတ်ခဲ့ရသော ဆရာတော်ဘုရားကြီးများ ၏ သြ၀ါဒအဆုံးအမများ

ကျွန်တော် ဖတ်မှတ်ခဲ့ရသော ဆရာတော်ဘုရားကြီးများ ၏ သြ၀ါဒအဆုံးအမများ "

ယခုတစ်လော ကျွန်တော် ဖတ်ဖြစ်နေသည့်ဓမ္မစာအုပ်အတော်များများမှာ သာသနာ့ရှေ့ဆောင်၊သာသနာ့ဦးသျှောင်
ဆရာတော်ဘုရားကြီးများ(ပေသလမထေရ်ကြီး)များ၏အကြောင်းအရာများဖြစ်နေပါ၏။
(ပေသလ=သီလကိုချစ်သောပုဂ္ဂိုလ်)
"၀ိနည်း"ကျင့်ဝတ်ကိုရိုရိုသေသေကျင့်ကြံအားထုတ်နေသောထိုရဟန်းတော်ကြီးများသည်သိက္ခာ(၂၂၇)သွယ်သောသိက္ခာ
ပုဒ်တို့ကိုသာမက"ကုဋေကိုးထောင်ကျော်"ဟုဆိုသော(အတိအကျဆိုရပါလျှင်-၉၁၈၀၅၀၃၆၀၀၀)သိက္ခာပုဒ်တို့ကိုပင်လိုလို
ချင်ချင် မြတ်မြတ်နိုးနိုး ပျော်ပျော်ရွှင်ရွှင် ကျင့်သုံးနေကြသည့်ပုဂ္ဂိုလ်ကြီးများဖြစ်ကြောင်းသိခဲ့ရပါသည်။

ဖော်ပြပါဆရာတော်ဘုရားကြီးများသည်ယခုခေတ်အခါနှင့်လက်လှမ်းမမီအောင်၊သက်သေပြဖွယ်မရှိတော့နိုင်လောက်
အောင်ကြာမြင့်သောကာလကအဖြစ်အပျက်မျိုးမဟုတ်ဘဲ၊ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်သက်သေပြစရာရှိနေသေး
သောအကြာင်းအရာများလည်းဖြစ်နေပြန်ပါသည်။

ကျွန်တော်တို့လက်လှမ်းမီရာ ခေတ်ကာလအတွင်းကပေါ်ထွန်းခဲ့သော မထေရ်ကြီးတို့၏နေပုံ၊ထိုင်ပုံ စသည်အမူအရာတို့ကို
ကြည်ညိုနိုင်ကြစေရန် စုစည်းတင်ပြအပ်ပါသည်။

အကြောင်းအရာတစ်ခုတင်ပြပြီးတိုင်းအောက်ခြေ၌ဆိုင်ရာအညွှန်းစာအုပ်နှင့်စာမျက်နှာကိုဖော်ပြထားပါသည်။ဤသို့အညွှန်းစာအုပ်အမည် ထည့်သွင်းလိုက်ရသည့်ရည်ရွယ်ချက်မှာ "သဒ္ဓါတရား"ထက်သန်သည့်သူတို့အတွက် အကျယ် ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြဆိုခြင်းဖြစ်ပါသည်။
အချို့သောသူတို့က မူ-"ဤအကြောင်းအရာမျိုးဖြစ်ခဲ့ဖူးသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား"ဟူသောယုံမှားသံသယရှိပါလျှင်
ထို သံသယ ပယ်ဖျောက်နိုင်စေခြင်းအကျိုးငှာဆိုင်ရာစာအုပ်ကိုဖတ်ရှုနိုင်ရန်အတွက်ရည်ရွယ်၍အညွှန်းတပ်ဖော်ပြလိုက်ရပါ
သည်။


၁။ မင်းကွန်းဆရာတော်ဘုရားကြီး နှင့် ပွဲကြည့်မှု

"မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး"ထံသို့ "ဒါယကာတစ်ဦး"ချဉ်းကပ်လာပြီး-
"တပည့်တော်တို့ကတော့ ဆရာတော်ဘုရားကိုပဲ ကြည်ညိုလေးစားနေပါတယ်
မြို့ကြီးပြကြီး က ကိုယ်တော်တွေတော့ မကြည်ညိုနိုင်ပါဘူးဘုရား"
ဟု လျှောက်ထားရာ"မင်းကွန်းဆရာတော်ကြီး"က
"ဒကာကြီး၊ဘာအကြောင်းကြောင့်လဲ" ဟုမေးတော်မူ၏။
ထို "ဒကာ"က-
"မြို့ပြကကိုယ်တော်တွေရုပ်ရှင်ပွဲ,အငြိမ့်ပွဲ,ဇာတ်ပွဲ,မှအစနေရာတကာ သူတို့ပါ,ပါနေလို့ပါဘုရား"ဟူ၍လျှောက်ထားခဲ့လေ
သည်။
ထို အခါ "မင်းကွန်းဆရာတော်ကြီး"က-

"ဒကာကြီး၊ သစ်တို့တွင် ကျွန်းသစ်,ရှားပင် တို့ဟာအဖိုးမတန်ဘူးလား၊အေး-ဒီ ကျွန်း တို့၊ရှား တို့ မယ် အကာရယ်,အနှစ်
ရယ်လို့ နှစ်မျိုးရှိကြရာမှာ အနှစ် က ပို၍အဖိုးတန်ပေတာပ။
ဒီလို အနှစ်ပြည့်ဝလာဖို့ရာ နှစ်ပေါင်းများစွာကြာအောင်မွေးယူရ
တယ်။အနှစ် မပြည့်သေးတဲ့ ကျွန်းပင်တို့ ,ရှားပင်တို့၊ ပင်အနုတွေကို အနှစ်မရှိရပါ့မလားလို့ မမွေးဘဲ ခုတ်လှဲသတ်ပစ်လိုက်
မယ် ဆိုရင် အနှစ်ရှိတဲ့ ကျွန်းပင်၊ ရှားပင် ရပါဦးတော့မလား။

ဒီလိုပဲ အခုတော့ မြို့ကကိုယ်တော်လေးက အနှစ်မပြည့်မီ ပွဲကြည့်ကြဦးမှာပဲ၊အနှစ်ပြည့်လာတဲ့အခါ ဒကာကြီးများအနေနဲ့
ဘောပွဲ,ရုပ်ရှင်ပွဲ ကြွ ပါဘုရား လို့ ကား နဲ့သွားပင့်တောင် ဘယ်လိုမှ မလိုက်တော့ဘူး။

အခုနေ နုနုငယ်ငယ် အနှစ်ထည့်နေခိုက် အချိန် အနှစ်မပြည့်ရပါ့မလား လို့ မကြည်ညိုမလေးစားဘဲ ခုတ်လှဲထားလိုက်မယ်
ဆိုရင် တန်ဖိုးရှိတဲ့ သီလအနှစ်တရား,သမာဓိအနှစ်တရား,ပညာအနှစ်တရားတွေ ပြည့်ဝလာနိုင်မှာမဟုတ်တော့ဘူး ဒကာ
ကြီး"
ဟု မိန့်ကြားတော်မူပါသည်။

(အရှင်ဝဇီရပါဏိ(မြေထဲ)၏ ရင့်စေလိုပါသည်။တတိယသုံးနှစ်ခရီးစာစောင်။စာ-၂၁၃)

၂။ ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ကြီး နှင့် စက္ခုနြေ္ဒ

ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်အနီး၊ဗဟန်းရပ်ရှိ"ရာဇဂုရုဘွဲ့တံဆိပ်တော်ရ"ကျောင်းတော်ရာရွှေကျင်ဆရာတော်ဘုရားကြီးအရှင် သာသန" သည်ကျောင်းတွင်း၊ကျောင်းပြင်မည်သည့်အခါမဆို စက္ခုနြေ္ဒကိုအမြဲချ၍ လေးတောင်မျှသာကြည့်တော်မူ
လေ့ရှိသည်။
တစ်ခါသော်အထက်အညာမှမထေရ်တစ်ပါးသည် "ကျောင်းတော်ရာဆရာတော်"ကိုဖူးပြီး မိမိအရပ်သို့ပြန်ကြွရာ မင်းကွန်း၌
သီတင်သုံးတော်မူနေသော"ပထမရွှေကျင်ဆရာတော်ဘုရားကြီး"ထံတော်သို့အဖူးမျှော်ဝင်ရောက်သောအခါ-

"ရန်ကုန်မြို့တွင် ကျောင်းတော်ရာဆရာတော် "စက္ခုနြေ္ဒ"အမြဲချ၍ဟန်လုပ်နေပါသည်ဘုရား"ဟုလျှောက်ထားခဲ့လေ၏။
"ရွှေကျင်ဆရာတော်ဘုရားကြီး"က မိမိ၏တပည့်(ကျောင်းတော်ရာဆရာတော်)၏ပကတိသဘာဝအကျင့်သီလ ကိုသိရှိပြီး
ဖြစ်တော်မူသောကြောင့်-

"ဦးပဉ္စင်းလဲ သူ့လိုပဲ ဟန်လုပ်ပြီးနေကြည့်စမ်းပါလေ"
ဟု"ဣနြေ္ဒနှင့်နေရန်"မိန့်ဆိုတော်မူခဲ့ပါသည်။

(ရွှေဟင်္သာဆရာတော်၏ ရွှေကျင်နိကာယသာသနာဝင်။စာ-၄၉၈)
၃။ စံကင်းဆရာတော်ကြီး နှင့် ကွပ်ပျစ်
"န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး"သည်အနေအထိုင်၊ထည်ဝါမှုမောက်ကြွားမှုတို့ကိုရှောင်ကြဉ်၍
ရိုးရိုးကုပ်ကုပ်နေထိုင်ကျင့်သုံးတော်မူလေ့ရှိပါသည်။

"စံကင်းဆရာတော်ဘုရားကြီး"သက်တော် ရာပြည့်စဉ်က စစ်ကိုင်းတိုင်း၊လင်းယဉ်ရွာ၊ရှမ်းကုန်းမှတပည့်မျာညးလှူဒါန်းထား
သော "ခုတင်ကြီး"ပေါ်၌သီတင်းသုံးရသည်ကို ရှက်နိုးတော်မူဟန်ရှိတော်မူလေ၏။

တစ်နေ့သောအခါ ဆရာတော်ကြီးသည်အနည်းငယ်နာမကျန်းဖြစ်သဖြင့် ၀ိုင်းဝန်းပြုစုနေကြရသည်။"လျောင်းသောဣရိယာ
ပုဒ်"နှင့်သာအနေများသောကြောင့် မအိမသာဖြစ်နေ၏။ထို့ကြောင့်တပည့်များကခပ်လှဲလှဲထိုင်နိုင်ရန်"ကုလားထိုင်ကြီး"တစ်
လုံးကိုရှာလာကြပြီး ဆရာတော်ကြီးကို ကုလားထိုင်ကြီး""ပေါ်ပင့်တင်ကြ၏။ထိုအခါ ဆရာတော်ကြီးက"ဘယ်လိုကုလား
ထိုင်လဲ"ဟုစစ်မေးပြီး စမ်းသပ်ကြည့်ပြီးကာ-

"နေပါစေ၊မထိုင်ချင်ပါဘူး။
ရဟန်းလုပ်နေပြီး ထည်ထည်ဝါ၀ါ နေတာမကောင်းပါဘူး။ဆောင့်ကြွားကြွားနိုင်လှတယ်။ဒီခုတင်ပေါ်နေရတာတောင်
သူတို့စေတနာငဲ့လို့ နေရတာ။ သူတော်ကောင်းတွေမြင်ရင် ရှက်စရာကြီး။
အရင် နေ နေကျဖြစ်တဲ့ ၀ါးကွပ်ပျစ်ကလေးနဲ့ နေရတာာက ကောင်းတယ်"

(ဦးမာနိတသိရီ နှင့် ဦးနန္ဒမာလာဘိဝံသတို့၏ စံကင်းဆရာတော်။စာ-၄၆၁)
၎။ဘုန်းတော်ကြီး ဦးသီလ နှင့် ကုလားတက်
"ဘုန်းတော်ကြီး ဦးသီလ" သည် "သထုံမြို့"အပိုင်"ကျိုက်ကော်ကင်ပွန်းခြုံ တံတားဦးမြောက်ကျောင်း"၌ခေတ္တသီတင်းသုံး
နေစဉ်အခါကဖြစ်သည်။
တစ်နေ့သော် "သထုံစာသင်တိုက်မှ ဘုန်းကြီး ဦးဓမ္မိဿရ" နှင့်ဆရာတော်တစ်ပါးတို့က ကျောင်းကိုလာ၏။
အကြောင်းကိစ္စကိုမေးရာ-

"ကုလားတက်တစ်ခု အလိုရှိ၍လာကြကြောင်း"ဘုန်းတော်ကြီးအားလျှောက်ထား၏။
ထိုအခါ "ဘုန်းတော်ကြီးဦးသီလ"က-
"ဘုန်းကြီးတို့ မနက်၊မနက် တွန်နေတဲ့ကြက်တွေကို ဘယ်သူက ကုလားတက်ခေါက်ပေးသလဲ"ဟုမိန့်တော်မူလိုက်သော
အခါ ထို ဆရာတော်များမှာခေါင်းမထောင်ဝံ့ဘဲ ထိတ်လန့်ကြတော့၏။"ငါတို့မှာ ရဟန်းဖြစ်လျက် ကြက်လောက်မှနိုးကြား
ခြင်း မရှိလေတကား"
ဟု သံဝေဂဉာဏ်လည်းဖြစ်ပေါ်ကြကုန်၏။

(ဆရာတော် အရှင်အရိယ ၏ ဘုန်းတော်ကြီးဦသီလ ထေရုပတ္တိ။စာ-၈၈)
၅။ သီးလုံးဆရာတော်ဘုရားကြီး နှင့် ခန္တီ
"၀ိပဿနာအစ၊သီးလုံးက"ဟုဆိုရမလောက်အောင် ယနေ့ခေတ်မြန်မာနိုင်ငံ၏မဂ်ရောက်၊ဖိုလ်ရောက်ဝိပဿနာဘာဝနာ
အလုပ်ကိုပြန်လည်အသက်ဆက်ပေးခဲ့သောအရှင်မြတ်ကြီးသည်ကား "ရွှေဘိုခရိုင်၊ဆိတ်ခွန်ရွာအနီး"သီးလုံးတောရ"၌
သီတင်းသုံးတော်မူခဲ့သော"သီးလုံးဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ"(၁၁၄၈-၁၂၂၂)ဖြစ်၏။

ဆရာတော်ကြီး၏ဒေါသမာန်မာန နည်းပါး၍"ခန္တီတရား"ပြည့်ဝမှုဂုဏ်တို့မှာသက်တော်ဝါတော်ကြီးရင့်၍သာမဟုတ်ဘဲ ငယ်
စဉ် "ကိုရင်"ဘ၀ကပင် ထင်ရှားခဲ့ပါသည်။

တစ်နေ့"ကိုရင်"၏သည်းခံမှုကိုစမ်းသပ်လိုသောအခြားကိုရင်တစ်ပါးက "ဆွမ်းလုံးနှင့်တကွသပိတ်ဆေးရေ"တို့ကိုဆွမ်းဘုန်း
ပေးနေသော"ကိုရင်စန္ဒိမာ"အပေါ်လောင်းချလိုက်၏။

"ကိုရင်စန္ဒိမာ"သည် စိတ်ဆိုးသည့်မူဟန်မပြဘဲ သင့်လျော်သောနေရာသို့ ထ သွားပြီး ဆွမ်းလုံးကိုခါချ။သင်္ကန်းကိုပြင်ရင်း
လက်ကတော့ထိုးပြီး ရေလောင်းချသော ကိုရင်ရှေ့တွင်ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး-
" မိမိ၌ အပြစ်များရှိပါကခွင့်လွှတ်ပါရန်" တောင်းပန်ခဲ့လေသည်။

(အရှင်ကုမာရ(မြောင်းမြ)၏နိဒါန်း။မဟာဝိသုဒ္ဓါရာဓိကထေရုပတ္တိဒီပနီ။ဒုအကြိမ်ရိုက်။စာ-န။)
၆။ အဘိဓဇ မစိုးရိမ်ဆရာတော်ကြီး နှင့် ပရိတ်ကြီး
မန္တလေးမြို့၊ဆဋ္ဌသင်္ဂိတိမဟာနာယက၊အဘိဓဇ "မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးသူရိယာဘိဝံသ"သိက္ခာ(၁)၀ါအရ၊
"ပထမကျော်"အောင်ပြီးကာစ(၁၂၆၁-ခုနှစ်)ခန့်ကဖြစ်သည်။

ဆရာတော်ကြီးမှာ "ပထမကျော်ဦးပဉ္စင်းကလေး"ဖြစ်၍မန္တလေးမြို့ပေါ်မှ ဒကာ၊ဒကာမများက မကြာ၊မကြာ ဆွမ်းပင့်၍ကပ်
ကြသည်။ထိုအချိန်၌မန္တလေးမြို့ပေါ်၌ပရိယတ်ကိုအလွန်လိုလားသောဒကာကြီးတစ်ဦးအိမ်ကဆွမ်းပင့်လေသည်။ဆွမ်းကပ်
ပြီးနောက် ထို ဒကာကြီးမှာ နေ့စဉ်ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ပူဇော်နေသောဒကာကြီးဖြစ်သဖြင့် "ပရိတ်ကြီး(၁၁)သုတ်
ရွတ်ဖတ်ချီးမြှင့်တော်မူပါဘုရား"
ဟုလျှောက်ထားသည်။

ဆရာတော်သည်ငယ်စဉ်မှစ၍"ပရိတ်ကြီး(၁၁)သုတ်"ကိုကျက်ခဲ့၊ရွတ်ခဲ့ဖူး၍ ညက်ညက်ကျေခဲ့သော်လည်းမရွတ်တာကြာ၍
အချို့မှာ ခပ်မေ့မေ့ဖြစ်နေသည်။
ထို့ကြောင့် ရယောင်ကား လုပ်၍ရွတ်မနေဘဲ အရိုးခံအတိုင်းပင်-"ဒကာကြီး၊ ပရိတ်ကြီး(၁၁)သုတ် မေ့ကုန်ပြီဗျ"ဟု ၀န်ခံလိုက်၏။
ထိုအခါ ထိုဒကာကြီးက"ဦးပဉ္စင်း က ပထမကျော်အောင်ဆိုပြီး ပရိတ်ကြီး(၁၁)သုတ်မှ မရဘဲကိုး"ဟုထပ်ဆင့်ကွန့်လိုက်ပါ
သေးသည်။
ဤအကြောင်းနှင့်စပ်၍ ဆရာတော်ကြီးက တပည့်တို့ကိုဆုံးမရာ၌-

"ငါတို့ အဲဒီတုန်းက ရှက်လိုက်တာကွာ၊ နောက် အဲဒီ ဒကာကြီး နဲ့အတွေ့ကို မခံရဲတော့ဘူး။
အေး-မင်းတို့လဲ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အရှက်မကွဲစေနဲ့။
ဆင်ပြောင်ကြီး ဖြစ်ပြီး ပုရွက်ဆိတ်ကိုက်ခံရတာနဲ့ နာသလိုဖြစ်နေကြမယ် "
ဟု သြ၀ါဒစကားရပ်ကိုထည့်၍မိန့်ကြားတော်မူပါ
သည်။

(အရှင်ရာဇဓမ္မာဘိဝံသ၏ ဘဒ္ဒ န္တ သူရိယာဘိဝံသ ထေရုပတ္တိကထာ။စာ-၁၈၄)

၇။ ဆရာတော်ဦးဗုဓ် နှင့် လောက၀တ်
"ဆရာတော် ဦးဗုဓ်" သည်"အမရပူရမြို့"၌သီတင်းသုံးနေစဉ် တစ်နေ့သော်"ဘကြီးတော်မင်း"သည်"ဆရာတော်ဦးဗုဓ်"ကို
ဖူးမြင်လို၍ ကျောင်းတော်သို့ထွက်လာ၏။

"ဘကြီးတော်မင်း"ကျောင်းသို့ရောက်ကာနီးတွင် "ရှေ့တော်ပြေး"က ဆရာတော် ရှိရာသို့ ရှေးဦးစွာလာနှင့်၍-
"ဆရာတော်ဘုရား၊မင်းတရားကြီး က ဆရာတော်အားဖူးမြင်လိုသောကြောင့် ထွက်တော်မူလာကြောင်း"လျှောက်ထား၏။

"ဆရာတော်ဦးဗုဓ်" သည် ကျောင်းကြီးပေါ်၌မဟုတ်ဘဲ ကျောင်းဝင်းအတွင်း"တံမြက်လှည်း"နေဆဲဖြစ်ရာ-
"နင်တို့ ရှင်ဘုရင်လာသည်ကို ငါ က အာဂန္တုက ၀တ် ပြုရဦးမှာလား"ဟုလောကီ ကိုမကြည့် သမာဓိကိုသာအလေးပြုကာ
မိန့်ဆိုတော်မူခဲ့လေသည်။

(ဦးသုဒဿန ၏ ညောင်ကန်သာသနာဝင်။စာ-၁၆၆)


၈။ ခင်မွန်တောရ ဆရာတော်ကြီး နှင့် ငါးကြော်

"စစ်ကိုင်းခရိုင်၊ချောင်းဦးအပိုင်း၊ခင်မွန်ရွာအရှေ့မြောက်"တွင် "ခင်မွန်တောရဆရာတော်ကြီး"(၁၁၉၀-၁၂၇၆)သီတင်းသုံးရာ
"မဟာဗောဓိတောရ"သို့ သံဃာတော်များဘုန်းပေးရန် ကျောင်းဒကာ က "ငါးကြော်များ"တောင်းကြီးနှင့်တစ်လုံးလှူထားခဲ့
၏။

နောက်တစ်နေ့နံနက် ဆွမ်းကပ်သောအခါ "ငါးကြော်များ"တွင်ကိုယ်မပါဘဲ ခေါင်းချည်းသာရှိနေသဖြင့် သံဃာများကဆွမ်း
ဝေယျာဝစ္စပြုသော"ကပ္ပိယကြီး"အပေါ် မကျေနပ်ဖြစ်နေကြသည်။

ဤအကြောင်းစုံကို ဆရာတော်ကြီး ကြားသိတော် မူသောအခါ "ကပ္ပိယကြီး"ကိုအပြစ်ပြောလျှင် "ကပ္ပိယ"နစ်နာမည်ကို
ထောက်ညှာပြီး သံဃာတော်တို့အားခေါ်၍-

"ဦးပဉ္စင်းတို့၊ ဦပဉ္စင်းတို့ သိမ်ထဲဝင်ပြီး သိက္ခာတင်ကြစဉ် ပထမအခါက
(သံသရာမှ ထွက်မြောက်ခြင်းငှာ ရဟန်းအဖြစ်သို့ ပြုပေးတော်မူပါဘုရား) လို့သာ ဆိုခဲ့ကြတယ်။
(ငါးကြော်တစ်ကောင်လုံး စားရပါစေခြင်းအကျိုးငှာ ရဟန်းပြုပေးတော်မူပါဘုရား) လို့များ ဆိုခဲ့ကြသေးသလား"
စသည်ဖြင့်
သံဝေဂဆောင် သတိရအောင် မိန့်တော်မူခဲ့လေသည်။

(ရှင်ဗုဒ္ဓဃောသ ဦးဘသန်း ၏ မဟာဂန္ဓာရာဓိက ထေရုပတ္တိ အကျဉ်း။စာ-၃၄)

၉။ ဒီပဲယင်း ဆရာတော်ကြီး နှင့် လယ် ဥပမာ
"ရွှေကျင် နိကာယ တတိယ သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီး" သည်"မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်"၌
သီတင်းသုံးနေစဉ် စစ်ကိုင်းတိုင်း၊လင်းယဉ်ရွာမှ ဒကာမလေးများက"မုန့်ဆီကြော်"လာ ကပ်၏။
"ဆရာတော်ကြီး" က-
"ဒီ မုန့်တွေ ဘယ်သူ စားဖို့ လှူတာလဲ" ဟု ဒကာမလေးများကို မေးလျှင်-
"ဆရာတော်ကြီး ဘုဉ်းပေးဖို့ပါ ဘုရား" ဟုလျှောက်ကြ၏။
"ဆရာတော်ကြီး" က-
"ဟဲ့-ပြင်ပြောကြစမ်း။ ဘယ်သူစားဖို့ လှူတာလဲ"ဟု ထပ်၍မေးတော်မူပြန်ရာ "ဆရာတော်ကြီးဘုဉ်းပေးဖို့ပါဘုရား"ဟူ၍
ပင် လျှောက်ထားကြလေသည်။
ထိုအခါ "ဆရာတော်ကြီး" က-
"နင်တို့ လယ်လုပ်တာမြင်ဖူးကြလား"
"မြင်ဖူးကြပါတယ် ဘုရား"
"လယ် ထဲ စပါးတွေကြဲတာ လယ် စားဖို့လား၊ ကြဲသူ စားဖို့လား"
"ကြဲ သူ စားဖို့ပါ ဘုရား"

ဤတွင် ဆရာတော်ကြီး က-
"ကဲ-ဒီလိုဆို ဒီမုန့်တွေ ဘယ်သူစားဖို့လှူကြတာလဲ"ဟုမေးပြန်ရာ-
"တပည့်တော်တို့ စားဖို့ပါဘုရား" ဟု ဖြေကြမှ-
"အေး-ဟုတ်တယ်"ဟု မိန့်ဆိုတော်မူပါသည်။

(ဥုးမာနိတသိရီ၏ စံကင်းဆရာတော်ကြီး၏ မြေတန်ဖိုး သြ၀ါဒ။စံကင်းရာပြည့်မော်ကွန်း။စာ-၁၂၀)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-44510875

0 comments:

Post a Comment