3D ကြည့်ရင် သတိပြုစရာ....
3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊
ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ပုံရိပ်တွေကို သေသေချာ
ချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။
ရေရှည်ကုသမူ ...
ရေရှည်က မျက်စိနှစ်လုံးအတူတူ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ ဒါမှမဟုတ် မျက်မှန်အသစ်တပ်ပေးဖို့လိုပါ
တယ်။
ရေတိုကုသမူ.....
3D မျက်မှန်ကို ချွတ်လိုက်ပြီးထိုင်လိုက်ပါ။ အသက် နှစ်ချက်ခပ်ပြင်းပြင်းရှူပြီးမျက်စိတွေကိုပိတ်လိုက်ပါ။မိမိတစ်တောင်
ဆစ်များကို ဒူးပေါ်မှာတင်၊ ရှေ့ကိုကိုင်ပြီး ဦးခေါင်းကို မိမိရဲ့ လက်ဖ၀ါးထဲမှာနားနေပါစေ။ဘယ်လက်ဖ၀ါးကိုဘယ်ဖက်
မျက်စိပေါ်မှာတင်၊ လက်ချောင်းတွေနဲ့၊ နဖူးကိုထိထား၊လက်ဖနောင့်နဲ့ မေးရိုးကိုပင့်ထားမျက်စိပေါ်မှာတော့လက်ဖ၀ါးရဲ့
ချိုင့်နေတဲ့ နေရာကွက်လပ်ကို တည့်တည့်တင်ပြီး မျက်တောင်ခပ်ဖို့ နေရာချန်ထားပါ။ ညာဖက်လက်၊ညာဖက်မျက်စိကို
လည်း ဒီအတိုင်းပဲပြုလုပ်ပြီး ညာလက်ချောင်းတွေကိုဘယ်လက်ချောင်းတွေပေါ်မှာယှက်ထားလိုက်ပါ။ပြီးရင်အသက်ကို
ပြင်းပြင်း ရှူလိုက်ပါ။ (အနည်းဆုံး ၄မိနစ်) နားနားနေကြည့်ပါ။3D ဗီဒီယို(သို့မဟုတ်)3Dgamesတွေကိုကြည့်နေ၊ကစား
နေရင်ကြားမှာ ခေတ္တ ခေတ္တရပ်နားပါ။
ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)
0 comments:
Post a Comment