အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ
Saturday, January 19, 2013
လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။လူမှုရေးဆိုရှယ် ၀က်ဆိုဒ်
် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။
“Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး
၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။အဲဒါကတော့ .. အမေရိကမှာရှိတဲ့ iPhones အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ
ဲ့စနစ်ကို Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။
အသုံးပြုလိုသူတွေအနေနဲ့  iPhone အတွင်းမှာ Facebook Messenger ကို ထည့်သွင်းထားရပါမယ် ၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ်
ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)လိုအပ်ပါတယ်။ Facebook တာဝန်ရှိသူ တွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာ
တွေကို Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း ပြင်ဆင်နေပါပြီ။
မကြာခင်မှာFacebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မှာပါ တဲ့။
iPhone သမားတွေက Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့ နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်
်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထား
ဖို့ လိုအပ်ပါတယ်။
အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။ သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ
အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။အာရှဒေသ အပါအ၀င်တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆို
တာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger
ကို အောက်ပါ လင့် မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ်။
> https://itunes.apple.com/en/app/facebook-messenger/id454638411?mt=8 /span>
Source:
http://www.bbc.co.uk/
http://mashable.com/
ဆောင်းဦးလင်း
ဧရာဝတီ
အေးချမ်းမွန်မှ Myawady News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

0 comments:
Post a Comment