အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်းဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။
အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။
အခန်းရဲ့  တည်ဆောက်ပုံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ခြောက်ခြား စရာ ကောင်းတာကို မြင်တွေ့ ရပါတယ်။ အသံကာ၊ အသံ စစ်ထုတ်စနစ် များလည်း အဆင့်ဆင့်ခံထားတဲ့အတွက် အထဲမှာ ခြင်တောင်ပံ ခတ်သံ တောင် ကြားရတယ်လို့ ဆိုပါတယ်။ အထဲမှာ လူတစ်ဦးတည်းကိုသာ ခုန်တစ်လုံးမှာ ထိုင်ခိုင်းစေတဲ့ စမ်းသပ်မှု ပြုလုပ်ပါတယ်။
မိနစ်အနည်းငယ်အတွင်း သူ့ နှလုံးခုန်သံကိုပါ ကြားရလာ ပါတယ်။ နောက်ဆုံး ဘာသံမှ မကြားတဲ့အဆုံး နားထဲမှာ ကျယ်လောင် ဆူးရှတဲ့ အသံများ ကြားရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြင်မြင် သမျှ ကလည်း အာရုံသာ မဆိုက်နိုင်ရင် ခေါင်းမူးစေမှာဖြစ်ပါတယ်။ ဒီတော့ အမြင်ရော၊ အကြားရော တိုက်ခိုက်မှုပေါင်း များစွာကြောင့် နောက်ဆုံး တစ်ယောက်တည်း အော်ဟစ်ငိုကြွေးရပါမယ်။ ငိုလေလေ၊ အသံထွက်လေလေ ပိုမို စိတ်ခြောက်ခြားဖယ်ရာ ကောင်းလာပြီး ရူးသွားတဲ့ အဆင့်ထိကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယင်းအခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခန်းလို့လည်း ခေါ်ဆိုကြကြောင်း သိရပါတယ်။
ကဲ!!!အရူးထဲက အနော့်ဘော်ဘော်တွေလဲ အဲDအခန်းကိုဝင်ကြည့်ချင်ကြရဲ့လားဟင်????
Melbourne near me Trusted Removalist
7 months ago







0 comments:
Post a Comment