Tuesday, January 29, 2013

ကျွန်တော်တို့လေးစားတဲ့သူတစ်ဦးဖြစ်တဲ့ Microsoft ဘီလ်ဂိတ် ရဲ့ ဘွဲ့နှင်းသဘင်အခမ်း အနားတစ်ခုမှာပြောခဲ့တဲ့စကားတွေပါ

၁။  လူ့ဘ၀ကမမျှတဘူး။ ဒါကို လက်ခံနိုင်အောင်ကြိုးစားပါ။
၂။ ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာမဟုတ်ဘူး။အကျိုးသက်ရောက်မှုကိုအရင်လုပ်ပြီးမှ ကိုယ့်ရဲ့ခံစား
    ချက်ကိုဆန်းစစ်ဖို့လောကကြီးမ ပိုမျှော်လင့်တယ်။
၃။ ကျောင်းကနေခွာတာနဲ့လခကောင်းမရနိုင်ဘူး။ ချက်ချင်းဟမ်းဖုန်းချိတ်ထားတဲ့ကွပ်ကဲသူမဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်ကြိုး
    ပမ်းအားထုတ်မှရနိုင်တယ်။
၎။ ကျောင်းကဆရာတွေကို ဆိုးတယ်လို့ခင်ဗျားတို့ထင်ရင်တနေ့ခင်ဗျားတို့ကုမ်ပဏီသူဌေးတွေဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်
    မယ်။သူဌေးတွေက အလုပ်ကိုအကြွေးမထားဘူး။
၅။ ဟမ်ဘာဂါ ဆိုင်မှာအလုပ်လုပ်လို့ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့မထင်ပါနဲ့။ ခင်ဗျားဘိုးဘွားတွေက ဟမ်ဘာဂါ အလုပ်အတွက်
    အဓိပါယ်ဖွင့်လိုက်မယ်။ အဲဒါက ``အခွင့်အရေးတဲ့´´။
၆။ ခင်ဗျားဘာမှ ဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့အမှားအတွက် ဒေါသထွက်မနေနဲ့။
    အမှားထဲကသင်ယူပါ။
၇။ ခင်ဗျားမမွေးခင်ဗျားမိဘတွေကအခုလိုထိုင်မှိုင်နေတာမဟုတ်ဘူး။သူတို့အခုလိုထိုင်မှိုင်ရတာကခင်ဗျားအသုံးစရိတ်အတွေရှာ
    နေလို့၊ ခင်ဗျားရဲ့ အ၀တ်တွေလျှော်ရလို့ဖြစ်တယ်။ ဒါကြောင့်ခင်ဗျားမိဘတို့ခေတ်ကဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို
    ခင်ဗျားပြုပြင်တယ်ထင်ဖို့မကြိုးစားခင် ခင်ဗျားရဲ့စိတ်ကို အရင်သန့်ရှင်းလိုက်ပါ။
၈။ ကျောင်းမှာနိုင်သူနဲ့ရှုံးသူဆိုတာရှိတယ်။ ဘ၀မှမရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေးအပြတ်ပေးပြီး အဖြေရနိုင်ဖို့ရှာခိုင်
    လိမ့်မယ်။ တကယ့်လက်တွေ့ဘ၀မှာတော့ဒီလိုမရှိဘူး။
၉။ တီဗွီထဲက သရုပ်ဆောင်တွေက တကယ့်လက်တွေ့ဘ၀တွေမဟုတ်ဘူး။ တကယ့်ဘ၀တွေက လူတိုင်းကော်ဖီဆိုင်ကို ကျော
    ခိုင်းပြီး အလုပ်ထဲဝင်ရတာချည်းပဲ။
၁၀။ စာဂျပိုးတွေကို တလေးတစားဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျားအလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁။ လူဘ၀မှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေး
      မှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကိုအသုံးပြုပါ။

0 comments:

Post a Comment