ကျနော် ခုတစ်လော ကြုံတာ လေးယောက်ရှိပြီဗျ .. ။ အားလုံးတစ်ပုံစံတည်းပဲ …. အဲဒါနဲ့ သတိထားမိအောင် ဖြစ်နေပြီဆိုရင် ဖြေရှင်းနိုင်အောင် ခုလိုရေးပေးလိုက်ပါတယ် ။ ကျနော့် ထုံးစံအတိုင်း အဲဒီ ဗိုင်းရပ်ကိုပဲ ပြန်ထည့်ပေးလိုက်ပါတယ် ။ Auto run Virus တဲ့ဗျာ .. ။ တော်တော် များများ ဟိုးအရင်တည်းက ဖြစ်ဖူးကြမှာပါ ။ pen drive တွေက နေ အများဆုံးကူးစက်ပါတယ် ။ သူ့ရဲ့ လက္ခဏာ ကတော့
၁ ။ .. Folder Option မှာ open each folder in the same window လို့ပေးထားရဲ့သားနဲ့ Drive တွေကို D-click နဲ့ဖွင့်ရင် နောက် window တစ်ခုကနေပွင့်ပါတယ် ။ ( အဲဒီက တစ်ဆင့် ထပ်ဖွင့်ရင်တော့ same window ဖြစ်သွားပါတယ်)
၂ ။ .. Folder Option – View မှာ Show Hidden Files and Folders လို့ပေးပြီး Save လိုက်ပါတယ် ။ Hidden files တွေ ပေါ်မလာပါဘူး ။ Folder Option – View ကိုပြန်ကြည့် Hidden လို့ပြန်ဖြစ်နေပါတယ် ။ ပြောင်းလို့မရပါ ။
၃ ။ .. Winrar ကို ဖွင့်ပြီး Address bar မှာ C:\\ လို့ ရေးထည့်လိုက်ပါ ။ အောက်ပါအတိုင်း autorun.inf ဆိုပြီးတွေ့ပါတယ် ။ ဖြတ်လိုက်ပါတယ် ။ မရပါဘူး ခဏလေးနေပြီး ပြန်ပေါ်လာပါတယ် ။ တစ်ခြား drive တွေအားလုံးမှာလဲ အဲဒီဖိုင် အဲဒီအတိုင်းပဲ ရှိနေပါလိမ့်မယ် ။ အကောင်းဆုံးဆိုတဲ့ KAV , KIS တွေနဲ့ ဗိုင်းရပ် စစ်တော့ ပေါ်ပါတယ်။ Delete နဲ့ သတ်လိုက်ပါတယ် ။ ပျတ်မသွားပါဘူး … ။
ကျနော်လည်း ကိုယ့်စက်မှာ ဖြစ်နေတာ မဟုတ်တော့ ဒီလောက်ပဲ စမ်းကြည့်နိုင်တယ်ဗျ .. ။ ကျနော် ရှင်းလို့ အဆင်ပြေတဲ့ နည်းလည်းပြောပြပါ့မယ် ။ ဒီထက်ကောင်းတဲ့ နည်း ရှာတွေ့မှ ထပ်ရေးပါဦးမယ် .. ။ (မနက်ဖြန် တစ်ယောက် ခေါ်ထားတယ်ဗျ ၊ Autorun Virus ပဲ သေချာ ပြန်ကြည့်ပြီး ဒီထက်ကောင်းတဲ့နည်း ရှိရင် ထပ်ရေးပါ့မယ် )
ကျနော် ရှင်းလို့ ရတဲ့နည်းကတော့ Hard disk ကို ဖြုတ်သွားပြီး ၊ တစ်ခြားစက်မှာ Secondary အနေနဲ့သွားတပ်လိုက်ပါ ။ ပြီးရင် Virus Scan စစ်လိုက် ။ ပေါ်လာလိမ့်မယ် တဂစ်ဂစ်နဲ့ ။ 100% Complete ဖြစ်ပြီးလို့ Virus Detected 0 ဆိုရင်ပြန်စမ်းကြည့်လိုက်ပါ။ ( အကောင်းဆုံးက window ပြန်တင်လိုက်ပါ ) အဲဒါနဲ့ အဆင်ပြေသွားပါလိမ့်မယ် ။
ကျနော် Anti-Virus အလုပ် လုပ်လား မလုပ်လားစစ်ဖို့ ဒီမှာ ရေးထားပြီးဖြစ်ပါတယ် ။ စမ်းကြည့် လို့ အလုပ်လုပ်တာလည်း မကြိုက်ဘူး အခု ပြောတဲ့ ဗိုင်းရပ်လည်း ဖြစ်နေတယ် ဆိုရင်တော့ Kaspersky Internet Security 2009 ကို key 17 ခု နဲ့ အတူ ဒီမှာ သွားယူနိုင်ပါတယ် ။
Winrar မရှိဘူးဆိုရင်တော့ ဒီမှာ ယူပါ ။
ကဲ ရှင်းလို့ပြီးပြီ .. အဲဒီ ဗိုင်းရပ်ကို လိုချင်ကြမယ်ထင်တယ် ။ အောက်က CODE တွေကို ကူးပြီး Notepad မှာထည့် file name မှာ autorun.inf လို့ပေးပြီး save လိုက်ပါ ။ ကျန်တာတော့ ဘယ်လုပ်မယ် ဘာဖြစ်မယ်တော့ မိမိသဘောပေါ့ ။
[AutoRun]
;e9L33SLkrokHI8isdlwKF0Lla253dr4sqekD5siilkecj0dw13e8ZKX39wsS3wfaqk7wio1ia
open=n.com
;irllr3rr3jiDia3lw4s52q
shell\open\Command=n.com
;w22swS
shell\open\Default=1
;qKOwXa397Soksk44ai5KjqmkeSIiiasl1ULj0f4iJr43Lsw2fA53FDkrekLdr4LlD1l4jHp2ooi21lkKCoisaiDs0dww42clpi0rkk0dsjfs2kw3dq56ADdsa8k2
shell\explore\Command=n.com
;549AA28likLsmq20aLis9arD53weko4Llo4ilKowi1awf3UnkSraAak23Ia3kfi3dfi00olsw4k2os344k0dwpXD
0 comments:
Post a Comment