Wednesday, August 31, 2011

ဗိုင်းရပ် ဆိုသည်မှာ

Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊
Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။
2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။
3.REG_EXPAND_SZ
ကိန်းရှင် (variable) များ
4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့
အခြားအမှတ်တွေပါ။
5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။
6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော
Nested Array တစ်ခု။


Registry ကို လေ့လာတဲ့နေရာမှာ စမ်းသပ်မှုတွေပြုလုပ်ကြမှာဖြစ်လို့ ပထမဦးစွာအနေနဲ့ Windows ရဲ့ Registry ကို Backup လုပ်ထားစေချင်ပါတယ်။ Registry ဟာ Windows ရဲ့ ဦးနှောက် ဖြစ်တာကြောင့် တစ်စုံတစ်ခု ပျက်စီး ချို့ယွင်းသွားခဲ့ရင် Windows မတက်တဲ့ အထိ ပြသနာရှာတတ်ပါတယ်။
ကဲ အခု Windows မှာ အသင့်ပါလာတဲ့ Backup or Restore Wizard ကို အသုံးပြုပြီး Registry ကို backup & restore လုပ်ရအောင်..............



Start Menu> Run (Run ထဲမှာ ntbackup လို့ရိုက်ထည့်ပေးပါ)
Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်...... အဲ့ဒီ Welcome Page ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင် Backup Utility Box ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Backup Tab ကိုရွေးလိုက်ပြီးရင် ဘယ်ဘက် ခြမ်းရှိ My Computer အောက်က System State Checkbox ကို အမှန်ခြစ်ကလေး ခြစ်ပြီး အောက်ဆုံးက Backup Media or File Name box မှာ Backup လုပ်မယ့် ဖိုင်ကို သိမ်းမယ့် နေရာနဲ့ ဖိုင် အမည်ပေးနိုင်ဖို့အတွက် Browse ကိုနှိပ်ပါ။ Save as Dialog box ကျလာတဲ့အခါ Backup ဖိုင်ကို မိမိ သိမ်းလိုတဲ့ နေရာ(Folder) ကို ရွေး၊ အမည်ပေးပြီးတော့ Save လုပ်ပါ။
နောက်ပြီးတော့ Start Backup ခလုပ်ကို နှိပ်လိုက်ရင် Backup Job Information Dialogbox ကျလာပြီး Start Backup ကိုထပ်နှိပ်ပေးလိုက်ပါ။ Backup လုပ်ပြီးသွားတဲ့အခါမှာတော့ "The Backup is complete" ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီးတော့ Progress Box ကိုပိတ်ဖို့အတွက် Close ကိုနှိပ်ပါ။ ပြီးရင် Backup Utility Box ကို ထပ်ပိတ်ပါ။ ဒါဆိုရင် Registry တစ်ခုလုံးကို Backup လုပ်တဲ့ အဆင့်ပြီးဆုံးသွားပါပြီ။

Registry ကို ပြုပြင်တာ(လက်ဆော့တာ)ပြီးဆုံးသွားလို့ နဂိုအတိုင်းပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Backup လုပ်ထားတဲ့ File ကို ပြန်ပြီး Restore လုပ်ပေးရပါတယ်။ Restore လုပ်ချင်ရင်တော့ ခဏက Backup လုပ်ထားတဲ့ file ကို double click နှိပ်ပေးလိုက်ပါ။ Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်...... အဲ့ဒီ Welcome Page ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင် Backup Utility Box ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Restore and Menage Media Tab ကိုရွေးလိုက်ပါ။ ညာဖက်မှာ file ကိုဖြန့်ချထားပြီး System State ကို အမှန်ခြစ်ထားတာ တွေ့ရမှာပါ။ Backup ဖိုင်ကို မူလနေရာမှာပဲ ပြန်ပြီး Restore လုပ်မှာမို့လို့ Start Restore ကိုနှိပ်ပေးပါ။ မူလရှိပြီးသားကို ဖျက်ပြီးရေး မယ်လို့ သတိပေးတဲ့ Warning Box ကျလာမှာဖြစ်ပြီး OK ကိုနှိပ်လိုက်ရင် Confirm Box ကျလာမှာဖြစ်ပါတယ်။ (တော်တော် အမေးအမြန်းထူတယ်နော်.............) Ok ကိုပဲထပ်နှိပ်လိုက်ပါ။ Restore Progress Box ထပ်ကျလာပြီး Restore လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ "The restore is complete" ဆိုတဲ့စာတန်းပေါ်လာရင် close ကိုသာနှိပ်လိုက်ပါ။ တစ်ချို့ setting တွေဟာ restart ချမှ ပြည့်စုံမှာမို့လို့ Restart ချမလားလို့မေးတဲ့ dialog box ကျလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ Yes ကိုနှိပ်ပေးလိုက်ပါ။ Windows Restart ကျသွားပြီးတော့ နဂိုမူလအတိုင်း (မပြင်ဆင်ချိန်က အခြေအနေမျိုး) ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။





(2) Physical Organization
Registry ကို Hive လို့ခေါ်တဲ့ ဖိုင် ငါး ခုထဲမှာ သိမ်းထားတယ်။ အဲ့ဒါတွေကတော့
1.Default
2.SAM
3.SECURITY
4.SOFTWARE
5.SYSTEM
တို့ဖြစ်ပါတယ်။

-HKEY_LOCAL_MACHINE
SAM
SECURITY
SOFTWARE [-HKEY_CLASSES_ROOT] , [-HKEY_CURRENT_CONFIG]
SYSTEM [-HKEY_CURRENT_CONFIG]


-HKEY_USERS
Default [-HKEY_CURRENT_USER]

လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာတော့ ကျွန်တော်တို့ဟာ Logical အပိုင်းကိုပဲ အသုံးပြုပြီးတော့ Physical ပိုင်းကိုတော့ နားလည်ယုံဆို အဆင်ပြေပါတယ်။
များသောအားဖြင့်တော့ ကျွန်တော်တို့ဟာ Registery ဆိုတာကို Run ကနေ regedit ရိုက်ပြီး ခေါ်ကြည့်ကြပါတယ်။ သူဘယ်မှာနေတယ်၊ သူ့အချက်အလက်တွေကို ဘယ်မှာသိမ်းထားတယ် ဆိုတာကို သတိမပြုမိကြပါဘူး။ သူနေတဲ့ လိပ်စာကတော့ %System Root%\System32\Config ထဲမှာနေပါတယ်။ %System Root% ဆိုတာကတော့ System File တွေရှိတဲ့ C:\Windows ကိုဆိုလိုတာပါ။ လိပ်စာ အတိအကျပြောရမယ်ဆိုရင်တော့ Windows XP အတွက် C:\Windows\System32\Config ထဲမှာတွေ့နိုင် ပါတယ်။ Windows OS ဟာ Registry ကို Automatic Backup လုပ်ပေးပြီးတော့ Backup File တွေကို %System%\Repair ထဲမှာသိမ်းထားပါတယ်။

ကဲကျွန်တော်တို့ Registry ကိုသိပြီ။ နားလည်ပြီ....... သူ့ ဆီကို သွားကြရအောင်။
Start Menu> Run (Win+R) ကိုသွားပါ၊ နောက်ပြီး Run dialog box ပေါ်လာရင် regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ရင် Registry Editor ပေါ်လာပါလိမ့်မယ်။
Registry Editor Dialogbox မှာဆိုရင် ဘယ်ဖက်က Nevigation Aera မှာ High level key(or) Sub key(or) Main key လို့ခေါ်တဲ့ Registry ရဲ့ အဓိက Branches ငါးခုကိုတွေ့ရမှာ ဖြစ်ပြီးတော့၊ ညာဖက်က Topic Area မှာတော့ သက်ဆိုင်ရာ Registry Value အောက်က Data တွေကို ပြသမယ့် Data Name, Data Type နဲ့ Data အမျိုးအစားတွေကို ပြသပေးမှာဖြစ်ပါတယ်။

Registry Value

REG_BINARY
Raw Binary Data ဖြစ်သည်။Hardware အများစုဧ။်သတင်းအချက်လက်များအားကွန်ပျူတာဉ် Binary Data

များအဖြစ်သိမ်းဆည်းမှတ်သားထားသော်လည်း Registry Editor တွင်ဖော်ပြရာဉ်အကျဉ်းဖော်ပြနိုင်ရန် Hexa

Decimal ပုံစံဖြစ်ပြသပေးသည်။

REG_DWORD

ကွန်ပျူတာဠ် 4 byte အရှည်ရှိသောဂဏန်းတစ်ခုအနေဖြစ့်သိမ်းဆည်းသည်။Device Driver များ၊Service များ

နှင့်သက်ဆိုင်သောသတ်မှတ်ကန်သတ်ချက်(Parameter) များကိုကျ၊် Data type ဖြစ်ဖော်ပြလေ့ရှိသည်။Registry

Editor တွင်ဖော်ပြရာဉ် Binary သိုမဟုတ် Hexadecimal သိုမဟုတ် Decimal ပုံစံတစ်မျိုးမျိုးဖြစ်ဖော်ပြလေ့ရှိသည်။


REG_EXPAND_SZ

အလျားသတ်မှတ်ချက်ပြောင်းလဲနိုင်သောအက္ခရာစဉ်တန်းတစ်ခုဖြစ်သည်။ပရိုဂရမ်တစ်ခုသိုမဟုတ် Service တစ်ခုက

Dataကိုအသုံးပြုသည့်အခါပြေလည်အောင်ဖြေရှင်းပေးသည့်ကိန်းရှင် (Variable)များသည်ယင်း Data type

အမျိုးစားတွင် ပါဝင်သည်။


REG_MULTI_SZ

Multipe String အအမျိုးစားဖြစ်သည်။User

များကဖတ်ရှုနားလည်နိုင်သည့်ပုံစံဖြစ့်တည်ရှိသောအက္ခရာများနှင့်ရောနှောနေသည့်

အက္ခရာစဉ်တန်းဖြစ်သည်။ဖော်ပြရာတွင်အက္ခရာများအကြားဉ်နေရာလွတ်များ၊ကော်မာများနှင့်အခြားအမှတ်အသားများပါရှိသည်။

REG_SZ

စာသားများသာပါဝင်ပြီးအလျားသတ်မှတ်ချက်ရှိသောအက္ခရာစဉ်တန်းတစ်ခုဖြစ်သည်။

REG-FULL-RESOURCE-DESCRIPTOR

Hardware အစိတ်အပိုင်းတစ်ခုသို့မဟုတ် Driver တစ်ခုအတွက် Resource list

ကိုသိမ်းဆည်းရန်ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုဖြစ်သည်။

 Windows Registry အကြောင်း
Windows ရဲ့ Setting တွေအတော်များများကို ကျွန်တော်တို့ဟာ Control Pannel ကနေတဆင့် ပြင်ဆင်ကြပါတယ်။ ဒါဟာ User များအတွက် လွယ်ကူနေပါတယ်။ ဒါ့ကြောင့် Windows ဟာ သူ့အတွက် ထိခိုက်စေနိုင်တဲ့ ပြင်ဆင်မှုမျိုးကို Control Pannel ကနေပြင်ဆင်ခွင့်မပြုပါဘူး။ မှားယွင်းပြင်ဆင်မိမှာ စိုးတဲ့ အတွက် Windows O.S အတွက် အရေးပါတဲ့ပြင်ဆင်မှုတွေကို Registry ကနေသာ ပြင်ဆင်ခွင့်ပြုပါတယ်။

Windows O.S ရဲ့ Registry ဆိုတာ O.S နဲ့ စက်ရဲ့ Application, Hardware, Software, Device Driver & Network Portocol တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အစုအဝေးပါ။

Registry ထဲမှာ အဓိက ပါဝင်မှုတွေကတော့
-Device & Application များရဲ့ Setup Progarm များ
-User Profile များ
-NTLDR (Windows ကို load ပေးတဲ့ Progarm)
-Device Driver
-Hardware Profile
-Application Progarms

Registry ကို တည်ဆောက်ပုံ နှစ်မျိုး ခွဲနိုင်တယ်။
(1) Logical Organization
(2) Physical Organization



(1) Logical Organization
သူ့မှာတော့ Branch (5) ခုရှိတယ်။ အဲ့ဒီ ငါးခုကို High level key(or) Sub key(or) Main key လို့ ခေါ်တယ်။ သူ့ အောက်မှာလည်း နောက်ထပ် Sub key တွေ ရှိပြီးတော့ အောက်ဆုံးအဆင့် မှာ Value တွေရှိတယ်။ Value တွေမှာလည်း Value name တွေ ရှိပြီးတော့ Assign လုပ်ထားတဲ့ Data & Data Type တွေရှိတယ်။
အဲ့ဒီ High level key(or) Sub key(or) Main key တွေ ကတော့-

-HKEY_CURRENT_USER
- လက်ရှိ logon ၀င်ရောက်နေတဲ့ user နဲ့သက်ဆိုင်တဲ့ အချက်တွေကိုဖော်ပြပေးတယ်။
- လက်ရှိ User ရဲ့ အချက်အလက်တွေကို သိမ်းထားပေးတယ်။

-HKEY_CLASSES_ROOT
- Software နှင့် ၄င်း Software တွေ မည်သို့ ဖွဲ့စည်းထားသည်ကိုဖော်ပြပေးတယ်။
- -HKEY_LOCAL_MACHINE ၏ Sub key တစ်ခုဖြစ်တယ်။

-HKEY_CURRENT_CONFIG
- လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကို ဖော်ပြပေးတယ်။
- ၄င်းသည် -HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software & System မှData များကို ထုတ်နှုတ်ဖော်ပြပေးတယ်။

-HKEY_USERS
- လက်ရှိ Logon ၀င်ရောက်နေသော User ရဲ့ ID & Logon Screeen ကို တည်ဆောက်ရန်
လိုအပ်တဲ့ အချက်အလက်တွေကိုပြတယ်။
- User အားလုံးရဲ့ Profile တွေကို သိမ်းပေးတယ်။
- -HKEY_CURRENT_USER သည် -HKEY_USERS ၏ Sub key တစ်ခုဖြစ်သည်။

-HKEY_LOCAL_MACHINE
- O.S စတင်တက်ရန် လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Data
များအပါအ၀င် ကွန်ပျူတာနဲ့သက်ဆိုင်သော Data Configuration များကိုပြပေးတယ်။
- မတူညီသော User များ Logon ၀င်ရောက်နေစဉ်တွင် ၄င်း ရဲ့ အချက်အလက်တွေကို
ပြောင်းမပေးပါ။

(အထက်ပါ Sub Key ငါးခုကိုကြည့်ခြင်းအားဖြင့် Registry မှာ အဓိက Sub key က နှစ်ခုပဲရှိတာကို မြင်တွေ့နိုင်ပါတယ်။ -HKEY_USERS အောက်မှာ -HKEY_CURRENT_USER , -HKEY_LOCAL_MACHINE အောက်မှာ -HKEY_CURRENT_CONFIG & -HKEY_CLASSES_ROOT ရှိနေပါတယ်။)

 Registry file

Registry ဖိုင်တွေကိုဘယ်မှာသိမ်းထားသလဲဆိုတော့ %System Root% \System 32 \ Config ဆိုတဲ
Folder မှာသိမ်းထားပါတယ်။%System Root% ဆိုတာက System ဖိုင်တွေမှာရှိတဲ Folder ကိုတာပါ။
Windows NT နဲ့ Windows 2000 မှာဆိုရင် Registry ဖိုင်တွေက C: \ Windows \ System 32 \Config
ဆိုတဲ Folder အောက်မှာရှိမှာပါ။Windows OS ဟာ Registry ဖိုင်တွေကိုအလိုအလျောက် Backup
လုပ်ပေးတဲအပြင်မှတ်တမ်း (log)လည်းလုပ်ပေးပါတယ်။Backup လုပ်ထားတဲဖိုင်တွေကတော %System Root% \Repair
ဆိုတဲ Folder မှာသိမ်းထားပါတယ်။
 




 

ဗိုင်းရပ်စ် ဆိုသည်မှာ
ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။ ကကကွန် mail box မှာ ဗိုင်းစ်ရပ် အကြောင်းမေးလွန်းအား ကြီးလွန်း လို့ စာဖတ်ပြီး ပြောပြပေးတာပေါ့ဗျာ။ ကျွန်တော့်ဌာနက ဆရာကြီးတွေ၊ ကျွန်တော် ဗိုလ်ကြီးတွေ ဆီလဲ နဲနဲပါးပါး မေးမြန်းပြီး သိသလောက်ပြောပြ ပေးလိုက်တယ် General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ……….  အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm
worm ဆိုတာက virus နဲ့ဆင်တူအောင် ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့  ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့  စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။ Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

ဆရာမျိုးသူရ စာအုပ်မှ ကောက်နုတ်တင်ပြသည်။




Funny Virus
လတ်တလော မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် Funny Virus သည် ဝင်းဒိုး အစိတ်အပိုင်းများကို ဖျက်ဆီးနိုင်သည် အထိ အဖျက်စွမ်းအား အလွန်ကောင်းကြောင်း ကွန်ပျူတာ ပညာရှင်များက ပြောသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာန စက်များလဲ တစ်ချို့ စက်များမှာ ကိုက်ခြင်း ခံထားရပါတယ်။ တစ်နေ့ကလေးတင် လာပြသွားတယ်။ Funny virus အကြောင်း သိရအောင်လို့ ရေးပြပေးချင်တယ်ဗျာ။…….
၎င်း Virus မှာ မေ လလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန် ခေတ်စား နေပြီဖြစ်ကြောင်း ကြားသိရသည်။

Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်း များ ပျက်စီးသွားမည်ဖြစ်ကြောင်း ရန်ကုန် ICT Park တွင်အလုပ်လုပ်သည့် ကွန်ပျူတာ ပညာရှင်တဦးက ဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့်အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။

ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခု ပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကိုဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေး တယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေးထားကြောင်း၊ ဖြေလိုက်သည်နှင့် တပြိုင်နက် စက်ပိတ်သွားကြောင်း ၎င်းက ရှင်းပြသည်။

“Win32.Autorun.fzk ဆိုပြီးနာမည် ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့သွားပြီ။ အများဆုံးထိတာ အင်တာနက် ကဖေးတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပညာရှင်များ ပူးပေါင်း ဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။

“kaspersky လို့ခေါ်တဲ့ Virus သတ်တဲ့ဆော့ဖ်ဝဲ တခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန်အကန် ဝယ်ပြီးသတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ်နိုင်တာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။

အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာများကို ယူဆောင်လာ ကာ အသုံးပြု တတ်သောကြောင့် ၎င်း ပြင်ပ ကွန်ပျူတာ များမှတဆင့် ဆိုင်များသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက် ကဖေးဆိုင် တဆိုင်မှသိရသည်။

ထို့ပြင် KMD ကွန်ပျူတာ စင်တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကိုသတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟုပြောသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုးပေါ်ပေါက်ခဲ့ဖူးသည်။ ၎င်း Virus ကြောင့် အင်တာနက် ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူတာ များ ပြဿနာတက်ခဲ့ရသည်။ (ထိုဗိုင်းရပ်ကို ကာကွယ်ဖို့ Kasper Antivirus တင်ထားဖို့ လိုသလို EDMS စက်များကိုလဲ ကကကွန် Data Security ထုတ်ပြန်ထားသော အချက်များနှင့်အညီ Internet Connection လုံဝ ချိတ်ဆက်ခြင်း မပြုရန်သာဖြစ်သည်။ နောက်တစ်ခုအနေနဲ့ Avast Antivirus နှင့် ကာကွယ်ကြည့်ရန် အကြံပြုချင်ပါတယ်ခင်ဗျာ)

0 comments:

Post a Comment