Thursday, August 25, 2011

iPhone ကိုယ်တိုင် Unlock လုပ်ခြင်း (မြန်မာ ebook)

အရင်ထဲက ကျနော် တစ်ခုပြီးတစ်ခု တင်ပေးခဲ့ပါတယ်။ Unlock လုပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မြန်မာလို မရေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လက်တွေ့လုပ်ဖို့ မရှိလို့ပါ။ စာဖတ်ပြီးသက်သက်လည်း ရမ်းမရေးချင်ဘူးလေ။ အခုရေးထားတဲ့ pdf က မြန်မာလို ရေးထားတာဖြစ်ပြီး၊ ကျနော့် အစ်ကိုကြီး ကိုကိုရဲ ရဲ့ လက်ရာဖြစ်ပါတယ်။ သူ့ရဲ့ Knowledge Bridge Magazine အတွက်ရေးပြီး ကျနော့်ဆီ လှမ်းပို့ပေးတာပါ။ ကြာပါပြီ … မတင်ဖြစ်လိုက်တာပါ။ သူ့ဘလော့လည်း မရှိတော့တဲ့အပြင် ကျနော်လည်း တင်ထားချင်တာကြောင့် အားလုံးအတွက် အဆင်ပြေအောင်တင်ထားပေးလိုက်ပါတယ်။

Download Mediafire (မြန်မာ ebook . Unlock iPhone)
Download ifile (မြန်မာ ebook . Unlock iPhone)
ဝင်းဒိုးကိုသုံးပြီး အလွယ်တကူ unlock လုပ်နိုင်ဖို့ ရှင်းလင်းစွာ ရေးထားတဲ့အတွက် တန်ဖိုးရှိပါတယ်။ iPhone ကိုယ်ပိုင်မရှိတာတောင် ဖတ်ကြည့်ပြီး တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ ဒါတွေ မရေးခဲ့ခင်က ရန်ကုန်မှာ unlock တစ်ခါလုပ်ရင် မြန်မာငွေ ရှစ်သောင်းခွဲ ပေးခဲ့ရပါတယ်။း)
credit to @kokoye … အစ်ကိုရေ ခွင့်မတောင်းတော့ပဲ တင်လိုက်တယ်နော် … အခုမှ စိတ်ကူးထပေါက်လို့ပါ။

0 comments:

Post a Comment