Thursday, August 25, 2011

တို့ရွာဘက်မှာ ဆူဆူညံညံ ဖြစ်နေတဲ့ ဗိုင်းရပ်လေ

ဒီပို့စ်ကို ဖတ်မယ်ဆိုရင် ဆုံးသည်အထိ ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ Virus တိုင်းအတွက် အရမ်းအသုံးဝင်တဲ့ Software လေးတစ်ခု နောက်ဆုံးမှ ပေးမလို့ပါ)
ဒီပို့စ်က ကျနော့် ကွန်ပျူတာနဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တာကို ရှင်းခဲ့တဲ့ နည်းဖြစ်ပါတယ်။ အားလုံးနဲ့ တူချင်မှ တူပါလိမ့်မယ်။
ဒီနေ့ ကြားမိကြမယ်ထင်တယ်။ နစ်ထဲကနေ ဗိုင်းရပ်လင့် တွေ နှိပ်မိတယ်။ ဗိုင်းရပ်တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ .. ဟီဟီ ။ ကျနော်လည်း ပျင်းနေတာနဲ့ တစ်နေကုန် အိပ်နေလိုက်တာ .. အေးရော … ။ :P နောက်တာပါ .. ဒီလိုဗျ ကျနော် မနေ့ညကတည်းက ရေးမလို့ပါ။ မနေ့ညက သူငယ်ချင်းတစ်ယောက် သူ့ကွန်ပျူတာ ဗိုင်းရပ်ကိုက်လို့တဲ့ လာပြောတယ်။ ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ နစ်ကနေ လင့်တစ်ခု တက်လာလို့ နှိပ်ကြည့်လိုက်တော့ ဒေါင်းလုပ်ကျလာတာတဲ့။ အဲဒါကို run မိလိုက်လို့ ဖြစ်တာပါ။ ဘာတွေ ဖြစ်လဲဆိုတော့ … သူပြောပြတာတွေ မပြောတော့ဘူးနော် … အမှန်တိုင်းပြောရရင်တော့ မရေးလည်းမရေးချင်တော့ပါဘူး။ ခါတော်မီတွေ မလုပ်ချင်ဘူးဗျာ … သူများတွေ စိုးရိမ်နေတဲ့ အချိန် ဖြဲချောက်တာမျိုးဖြစ်သွားမှာစိုးလို့ပါ။ ကျနော် ဘယ်လောက်ထိ ဖြစ်မလဲ သိချင်တာနဲ့ တမင်ကို Run ကြည့်လိုက်ပါတယ်။ အဲ တစ်ခုတော့ကြိုပြောမှပဲ။ ကျနော့်သူငယ်ချင်း သယ်လာပေးတဲ့ ဗိုင်းရပ်က Chrome.exe , New Folder.exe နှစ်ခုဗျ။ autorun.inf ဆိုတဲ့တစ်ခုကလည်း ရိုးရာမပျတ်ပါတယ်။ autorun က Chrome.exe ကို အလုပ်လုပ်ဖို့ ညွန်းထားတာ၊ Chrome ရယ် autorun ရယ်က Hiding file ဗျ။ Double Click နဲ့ နှိပ်မိတာနဲ့ Chrome.exe က အလုပ်လုပ်မယ်ပေါ့ဗျာ။ တကယ်လို့ မဖွင့်ခဲ့ဘူးဆိုရင် New Folder ဆိုတာကိုတော့ ပုံမှန် folder icon နဲ့ပဲ မြင်ရလိမ့်မယ်။(New Folder.exe က R-click နှိပ် open နဲ့ဖွင့်ရင်ကို အလုပ်လုပ်ပါတယ်) ထုံးစံအတိုင်းပါပဲ တစ်ခု Run မိသွားတယ်ဆိုတာနဲ့ ရှိသမျှ Drive တွေထဲကို ပျံ့သွားပါတယ်။(Flash drive အပါအ၀င်ပေါ့)။ ကျနော် ဖြစ်တာကိုပြောပြမယ်နော်။

New Folder.exe ကို R-Click လုပ်ပြီး Open နဲ့ဖွင့်လိုက်တယ်။ explorer process ပျောက်သွားတယ်။(re-initialize လုပ်တဲ့နည်း ဒီမှာပြောထားဘူးပါတယ်။)
အဲဒီတော့ windows ဆိုင်ရာ ဘာမှ မမြင်ရတော့ဘူး Wallpaper တစ်ခုပဲ ကျန်ပါတယ်။ explorer ကို ပြန်ခေါ်ဖို့ task manager ကလည်း ဗိုင်းရပ်ထုံးစံ အတိုင်း Disable ပေးခံရပါတယ်။
ထူးခြားတာ ဆိုလို့ yahoo messenger တက်လာတာကလွဲရင် ဘာမှ မတွေ့သေးပါဘူး။ အဲဒါနဲ့ Restart ပေးကြည့်လိုက်ပါတယ်။ ပြန်တက်လာတော့ wallpaper တစ်ခုကလွဲလို့ ဘာမှ မတွေ့ရပါဘူး။

တစ်နည်းပဲ ကျန်တယ်လေ သူများကွန်ပျူတာမှာ Hard disk ဖြုတ်ပြီး ခဏသွားတပ်ကြည့်ပါတယ်။ C:\Windows ထဲက explorer.exe မရှိတော့တာပါ။ အဲဒါလေး ပြန်ကူးထည့်ပြီး ကျနော့် Hard disk နဲ့ပဲ windows ပြန်သုံးကြည့်လိုက်တော့ Task manager, regedit, Folder Options ပျောက်နေပါတယ်။ Winrar လေးသုံးပြီး Drive တွေကို ဖွင့်ကြည့်တော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း folder icon လုပ်ထားတဲ့ exe ဖိုင်နှစ်ခုနဲ့ autorun.inf ဖိုင်တစ်ခုတွေ့ပါတယ်။ ဖျတ်ပေးလိုက်ပါတယ်။ Kaspersky Anti-virus 2009 နဲ့ ဗိုင်းရပ် စစ်ပေးလိုက်ပါတယ်။
ပြီးရင် msconfig လို့ run မှာ ရိုက်ခေါ်ပြီး Start up ကို Disable All ပေးလိုက်ပါတယ်။ Restart ပေးလိုက်တာနဲ့ပဲ ဗိုင်းရပ်က ပြီးသွားပါပြီ။ (kaspersky နဲ့ 100% ပြည့်အောင် Full Scan စစ်ပေးပါ။ လုံးဝ ကို နိုင်ပါတယ်။ ကွန်ပျူတာ သုံးလုံးမှာ စမ်းပြီးပါပြီ။) :)
windows ပြန်တက်လာတော့ လုပ်ဖို့က task manager ပြန်ခေါ်ရမယ်။ အဲဒီအတွက် regedit ကို Group policy ထဲမှာ ပြန်ဖွင့်ပေးရမယ်။(ဒါက လူတိုင်းလိုလို သိပြီးသားပါ) နောက်တစ်ခုက Folder Options registry ထဲကပဲ ထပ်ပြင်ရဦးမှာပါ။ ဗိုင်းရပ် ကိုက်ခံရတိုင်း ဒါတွေပဲ ပြန်လုပ်နေရတယ်ဗျာ … စိတ်ညစ်ကြမယ် ဟုတ်တယ်ဟုတ်။ အောက်က Software လေး Download လုပ်ထားလိုက်။
Image Hosting by Picoodle.com
အပေါ်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ တကယ်လို့ မိမိကွန်ပျူတာမှာ task manager , Folder Options အားလုံး ပေါ့ဗျာ အတိုက်ခံထားရတယ် ဆိုရင် အဲဒီကောင်တွေ စာလုံးအမည်းနဲ့ check လုပ်ပေးဖို့ မြင်ရမှာ ဖြစ်ပါတယ်။(ငြိနေတဲ့ကောင်တွေက အခုလို မှိန်မနေဘူးလို့ ပြောတာပါ)
Check All ကိုတစ်ချက်နှိပ်၊ ပြီးရင် Remove ကို နှိပ်ပြီး Restart ပေးလိုက်ပါ။ အတိုင်ခံထားရတဲ့ Options အားလုံး ဘာမှ ထပ်ပြင်စရာမလိုပဲ အဆင်ပြေသွားပါလိမ့်မယ်။ (Crack ပါပြီးသားပါ)
အဲဒါတွေ အားလုံးပြီးသွားတဲ့အချိန်မှာ တစ်ခုထပ်ကျန်နေတာက Folder တိုင်းမှာ သူ့နာမည်နဲ့ နောက်ထပ် folder တစ်ခု ထပ်ရှိနေတာပဲဖြစ်ပါတယ်။
Image Hosting by Picoodle.com
Folder Options မှာ Hiding files တွေ Show ပေးပြီး အားလုံးလိုက်ဖျတ်ပေးလိုက်ပါ။ ဒီလောက်ပါပဲ … ဘာမှ ဖြစ်မသွားပါဘူး။ ဒါက ကျနော့် စက်မှာပါ။ ကျနော့် သူငယ်ချင်းစက်မှာက explorer.exe အဖျတ်မခံရဘူး။ အဲဒါဆိုရင်တော့ သက်သာပါတယ် သူများကွန်ပျူတာကနေ ပြန်ကူးပေးစရာမလိုပါဘူး။
Chrome.exe ဆိုတာကလည်း တမင်ကို နာမည်ပေးထားယုံသက်သက်ပဲ ဖြစ်ပါတယ်။ Google Chrome နဲ့ဘာမှ မဆိုပါဘူး။ အခုမှ အသစ်ထွက်လာတဲ့ သူမကြိုက်တဲ့(ကျနော့်အထင်) Browser နာမည်ကို တမင်ပေးထားရုံလောက် ရယ်ပါ။ နောက်ပြီး သူငယ်ချင်း ကွန်ပျူတာ နောက်တစ်လုံးမှာ စမ်းတော့ သူက KAV 7 တင်ထားတာဗျ။ Run လိုက်တာနဲ့ kasper က ချက်ချင်းသိတယ်။ မသတ်နိုင်သေးပေမယ့် ချုပ်ပေးထားနိုင်ပါတယ်။ ဗိုင်းရပ် အလုပ်မလုပ်ပါဘူး။ စမ်းကြည့်ချင်ရင်တော့ ကျနော့် လှမ်းပြောဗျာ ။ ဇစ်လေးနဲ့ ချုံ့ပြီး သိမ်းထားတာ ရှိတယ်။
ပြောရင်းဆိုရင်း နောက်တစ်ယောက် ကိုက်ခံ နေရပြန်ပြီတဲ့ သွားလိုက်ဦးမယ် .. ဟီဟီ …

0 comments:

Post a Comment