ကျွန်တော့်ဆီမှာ စာအုပ်လာတောင်းတာနည်း မနည်းပါဘူးဗျာ ။ ရှိရင် ပေးလိုက်တယ် ။ မရှိရင်လည်း လင့်ခ်လေး ဘာလေး ရှာပေးပြီးတယ် ။ ဒါ့တော့ တတ်နိုင်သလောက် သူတအားလိုအပ်ပေါ့ဗျာ ။ ကျွန်တော်လည်း စာတွေရေးနေတယ် တင်နေတယ်လေ ... လိုအပ်တဲ့စာအုပ်ကို လိုက်ရှာပေးနေရင် စာချိန်ဘယ်ရှိတော့မှာတုန်း.. ဒါကြောင့် စာအုပ်တွေ (Ebook) ကို ရှာချင်တယ်ဆိုရင် Google မှာ လွယ်လွယ်လေး ရှာရအောင် ကျွန်တော်နည်းလမ်းပေးပါ့မယ်.. ခုတွေ့ခုတင်ပေးလိုက်ပါဗျာ ။ ပြီးတော့ ကျွန်တော် ပြောစရာရှိသေးတာ တစ်ခုက... ကျွန်တော် စာတွေနေ့တိုင်းလိုလိုရေးဖြစ်ပါတယ် ။ အဲဒီစာတွေက သူများအသုံးဝင်လား မဝင်လားတော့ ကျွန်တော် မသိ ။ နည်းပညာဆိုရင် တင်ပေးလိုက်ပါပဲ ရေးလိုက်တာပဲ ။ဒီနေ့တော့ ပြတိုက်က ကိုထူးဆန်းနဲ့ စကားပြောရလို့ ။ သူပြောပြလို့ ကျွန်တော် အတွေးအမြင်သစ်တွေရလာခဲ့ပါတယ် ။ ရလာသည့်အားလျော်စွာ စာဖတ်သူတို့အတွက် အသုံးဝင်သော စာကိုသာ ရေးပြီးတင်ပါတော့မယ် ။ မြန်မာဆိုဒ်တွေတော်တော်များများမှာ ကျွန်တော်တင်တယ်လေ.. မြန်မာက သူငယ်ချင်းတွေ သုတရစေမယ့် စာကိုသာ တင်ပါ့မယ် ။ ကျွန်တော့်ဆိုဒ်မှာ ဆိုရင်တော့ ဒါတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆိုတော့ နည်းပညာတွေပါမယ် သီချင်းတွေပါမယ် စသည်စသည်ပေါ့ ။ ဒါပေမယ့် ဒီမြန်မာဆိုဒ်တွေမှာတော့ အသုံးဝင်စေမယ့် နည်းပညာတစ်ခုတည်းကိုသာ တင်ပေးမယ်ဗျာ ။
စောစောက ကျွန်တော် ပြောသလိုဗျာ ။ စာအုပ်တွေလိုချင်တယ်ဆိုပါတော့ အဲဒါကို ရှာမယ့်နည်းလေးပါ ။ အခု... ကျွန်တော်က နမူနာတစ်ခုနဲ့ ရှာပြမယ်ဗျာ ။ ဆိုပါတော့ Photoshop စာအုပ်ကို ရှာနေတယ် ဆိုပါတော့ဗျာ .... ပထမဆုံး "dell xps" filetype:pdf ဒီလိုအရင်ရေးလိုက် Google မှာ အဲလိုမျိုးနော်... အဲဒီစကားလုံးရဲ့ အဆုံးမှာ ကိုယ်ဘယ်စာအုပ်ကို ရှာနေလဲ.. Photoshop ဆိုလည်း Photoshop ပေါ့ဗျာ ။ ဒါကြောင့် ဒီလိုရေးရမယ်...
"dell xps" filetype:pdf Photoshop
ဒီလိုမျိုး ။ တကယ်လို့ ဆိုင်မှာ သုံးနတယ် ဆိုရင်တော့ Ebook ရဲ့ Link ကို ကူးပြီးတော့ ကျွန်တော်ရဲ့ ဆိုဒ်မှာ တင်ထားပါတယ် ။ Reader မရှိဘဲ့ နဲ့Online မှာ စာဖတ်လို့တဲ့ ဆိုဒ်တွေ ရှိပါတယ်ဗျာ ။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ တစ်စုံတစ်ရာ အဆင်မပြေပါက khunpan258@gmail.com ကို Mail ပို့ပြီး ဆက်သွယ်နိုင်ကြောင်းပါ ။ သင်သည် အချိန်နှင့်အမျှတိုးတက်နေသူဖြစ်ပါစေ။
0 comments:
Post a Comment