Virus တွေရေးပြရုံမက သဘောတရားလည်းပြောပြပြီးပါပြီ။ တော်တော်များများလည်း နားလည်ကြမှာပါ။ notepad နဲ့ရေးတဲ့ Virus တွေကို ဘယ် Antivirus ကမှ မသိပါဘူး (အရင်ပို့စ် မှာ ပြောပြခဲ့ပြီးဖြစ်ပါတယ်)။ ဒါဆိုဘယ်လိုသိနိုင်မလဲ .exe , .bat ဖိုင်တွေကို icon changer လို software တွေသုံးပြီး icon ပြောင်းထားမယ်ဆိုရင် တကယ် software တစ်ခုလို့ထင်ပြီး run မိမှာပါ။ ဒါဆို Virus ဘာလဲဆိုတာလဲ သိပြီဖြစ်လို့၊ ဘာတွေရေးထားတာလဲ သိရင် run ပါ့တော့မလား။ notepad နဲ့ ရေးထားတဲ့ virus တွေ ကို ဘာတွေရေးထားတယ်ဆိုတာ သိနိုင်တဲ့နည်းပြောပြပါ့မယ်။ (စိတ်ညစ်နေပြီလား၊ ကျနော်ကို က လေရှည်တာပါ။)
အောက်ပါအတိုင်း သူများပေးလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် ရေးတာပဲဖြစ်ဖြစ် ရလာတဲ့ virus ဖိုင် (.exe,.bat) နှစ်ခုလုံးကို R-Click လုပ်ကြည့်ပါ။ Open with မပေါ်ပါဘူး။ Run ပဲပါ ပါတယ်။ run ပြီဆိုတာနဲ့ virus စအလုပ် လုပ်ပြီ ဆိုတာတော့ လူတိုင်းသိပါတယ်။ (.bat ဖိုင်မှာတော့ R-Click လုပ်ရင် Edit ပါပါတယ်။ Edit နဲ့လည်းကြည့်နိုင်ပါတယ်။ )
notepad အသစ်လေးတစ်ခု ယူပြီး virus ဖိုင် တစ်ခုကို Drag ဆွဲထည့်ကြည့်ပါ။
ဘာတွေရေးထားလဲဆိုတာ သူရေးထားတဲ့ အတိုင်း တစ်သွေမတိမ်းပေါ်ပါတယ်။
မြင်တဲ့အတိုင်းပါပဲ ။ ကျနော်ဆီလာပေးရင် မြင်ဘူးပြီးသားဆိုရင် ဖြတ်လိုက်ပါမယ်။ မမြင်ဘူးသေးတဲ့ စာသားဆိုရင်တော့ ရေးနည်းနောက်တစ်မျိုးပါ ရလိုက်ပြန်ပြီပေါ့။
( File တစ်ခု send ပေးလိုက်ရင် run ရမှာ ကြောက်တယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ အခုချိန်က စပြီး ပေးလာသမျှကို အားရ၀မ်းသာ ယူလိုက်ပါ။ ပညာတောင်ပိုရမှာပါ။ )
အားလုံးကျေနပ်ကြမယ်ထင်ပါတယ်….။
Melbourne near me Trusted Removalist
8 months ago







0 comments:
Post a Comment