Monday, August 22, 2011

Window 7 Safe Mode?

ဒီပိုစ့်လေးက ကိုယ်တိုင်တွေ့ကြုံပြီးရလာတဲ့ ဗဟုသုတလေးပါဗျာ ။ ဖြစ်ပျက်ပုံကတော့ မနေ့ညကပါ ။ ဟုတ်ပါတယ်။ Run box က နေmsconfig ရိုက်ထည့်ပြီးတော့ ကလိလိုက်တာကို မေ့သွားတယ် ။ ဆက်သုံးလိုက်ပါသေးတယ် ကွန်ပျူတာကို ပြီးတော့ Restart ချပြီးတော့ ပြန်လာတာ ပြဿနာကတက်သွားပြီ ။ ကွန်ပျူတာက ဘာတွေဖြစ်မှန်းကို မသိဘူး ။ Desktop လည်း အမည်းရောင်ကြီးနဲ့ ပြောင်းလို့လည်း မရဘူး ။ အင်တာနက်လိုင်း (Network)လည်း မရတော့ဘူး ။ စိတ်တော်တော်လည်းကို ညစ်သွားတယ် ။ လိုက်စစ်တယ် ။ တတ်သလောက်လေးပေါ့ ။ မသိတော့ပါ ။ ဘာဖြစ်မှန်းကို ။ အဲဒါနဲ့ ဝင်းဒိုးတင်ဖို့ လုပ်လိုက်တယ် ။ မရတော့ဘူး ။
Boot menu ကို မတက်တော့ဘူ ။ တက်ပြန်တော့လည်း ။ Option ကမရ ။ ရပြန်လည်း Enter ခေါက်လို့လည်း မရ ။စိတ်တော်တော်လေသွားတာ ။ ပြီးတော့ ကွန်ပျူတာကို သုံးစရာလုပ်စရာလည်း ရှိသေးတယ် ။ နက်လိုင်းလည်းမရ ကျန်တာတော့ သုံးလို့ရပါတယ် ။ ဝင်းဒိုးတင်ဖို့ ကြိုးစားလိုက်တာ ။နာရီဝက်လောက်ရှိသွားတယ် ။ အရာမထင်ပါ ။ အဲဒါကြောင့် သူငယ်ချင်း ကွန်ပျူတာနဲ့ အင်တာနက် Safe Mode Window 7 ဆိုတာကို ရိုက်ထည့်ပြီး အပုံတွေနဲ့ ကြည့်လိုက်တာ ဖြစ်သွားတဲ့ ပြဿနာကို သိလိုက်ရတယ် ။ (Desktop ပေါ်မှာ အမည်းရောင်တွေနဲ့ Safe Mode ဆိုတဲ့ စလုံးကို တွေ့ရသောကြောင့် )။ အဲဒါကြောင့်ပဲကိုး ။ ဝင်းဒိုးတင်ဖို့ နာရီဝက်လောက် ကြိုးစားရတာနဲ့ အင်တာနက်မှာ အဖြေရှာတာ တစ်မိနစ်ပါ ။ ဒါတော့ ကွန်ပျူတာနဲ့ မကျွမ်းကျင်သေးတဲ့ ကွန်တော့်အတွက် အတွေ့ကြုံသစ်ကို စာဖတ်သူတို့အား မျှဝေပေးလိုက်ပါတယ် ။ ကြုံလာရင် ဖြေရှင်းတတ်အောင်ပါ ။
ပထမဆုံး Win+R (OR)Run Box ကိုဖွင့်လိုက်ပါ ။ အဲဒီထဲမှာ msconfig ကို ရိုက်တည့် လိုက်ပါ ။

ပြီးရင် အိုခေ လိုက်ပေါ့ ။
ကလိုတက်လာလိမ့်မယ် ......

ကဲ သေချာကြည့်ပါ ။ Boot က Safe boot မှာ အစက်မဖြည့်ရသေးပါဘူးနော် ။
အစက်ပြည့်ပေးပြီး Apply,OK လိုက်ပါ ။
Restart ချဖို့ ကလိုမေးလာလိမ့်မယ် ။ ချပေးလိုက်ပါ ။
ပြီးရင် တက်လာတဲ့ သင့်ကွန်ပျူတာနဲ့ ဝင်ဒိုးကို မြင်ရင် ကျွန်တော် ဘယ်လို ဒုက္ခရောက်လဲ ဆိုတာ သိလိမ့်မယ် ။

မကြောက်ပါနဲ့ ။ မပူပါနဲ့ ။ ကတိပေးပါတယ် ။ ခုလိုဝင်တဲ့ အတိုင်းပဲ နောက်တစ်ခါပြန်ဝင်ပြီး Safe boot မှာ ဖြည့်ထားတဲ့ အစက်ကို ပြန်ဖြုတ်ပြီး Restart ချလိုက်ရင် မူလနဂိုအတိုင်း ပြန်ရောက်မည် ဖြစ်ကြောင်း နှင့် အားလုံးပဲ လက်တွေ့စမ်းကြလို့ ပြောချင်ပါတ။် အဆင်ပြေကြပါစေ ။

0 comments:

Post a Comment