Thursday, August 25, 2011

Removing MS32DLL.dll.vbs Virus

ဒီဗိုင်းရပ်က သတ်ပြီးတာ ကြာပါပြီ … အချက်အလက် မစုံတာနဲ့ ပြန်မရေးပြ ဖြစ်တာဗျ .. ။ ဗဟုသုတ အနေနဲ့ ရေးလိုက်ပါတယ်..။ အစက ဗိုင်းရပ်ကိုပါ ပြန်မျှ ပေးနိုင်အောင် ရှာနေတာဗျ .. ။ မတွေ့တော့ တာနဲ့ ဒီတိုင်းလေးပဲ ရေးလိုက်တယ်ဗျာ … ။
ဗိုင်းရပ် သက်ရောက်မှု တွေကတော့ ……………
1 … Anti-virus က နေပြီး Virus delete ဆိုပြီး အဆက်မပြတ်ပြနေပါတယ်။ တကယ် မသတ်ပေးနိုင်ပဲ သံသရာ လည်နေတာပါ။
I:\..MS32DLL.dll.vbs virus is deleted
E:\..MS32DLL.dll.vbs virus is deleted

ဆိုပြီး တစ်လှည့်စီ ကျွီကျွီ နဲ့ အော်နေပါတယ်။ (ကံဆိုးစွာနဲ့ပဲ သူ့ကွန်ပျူတာမှာ တင်ထားတဲ့ Anti-virus က Avast ဖြစ်နေပြန်ပါတယ်။ ဖောက်သည်ကြီးက ဒီတစ်ခါ လည်း ကံဆိုးပြန်ပြီပေါ့)
2 … Drive တွေကို ဘယ်လိုပဲ ဖွင့်ဖွင့် မရပါဘူး။ အောက်ပါပုံ အတိုင်း F ကို ဖွင့်ရင် cannot find script file “F:\MS32DLL.dll.vbs” , C ကို ဖွင့်ရင် cannot find script file “C:\MS32DLL.dll.vbs” လို့ လာပြပါတယ်။
Image Hosting by Picoodle.com

ကျန်တာတွေတော့ ကျနော်လည်း သေချာ ကြည့်ဖို့ အချိန်မရလိုက်ဘူး .. ။ သူကလည်း Appointment နဲ့ ဆိုတော့ လေ .. ။ အဲဒါနဲ့ ပဲ ကမန်းကတန်းနဲ့ သတ်လိုက်ပါတယ်။
MS32DLL.dll.vbs virus ကို remove လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှာကြည့်တော့ ကျနော် အရင်ရေးထားတဲ့ Godzilla ဗိုင်းရပ်ကို ရှင်းတဲ့ နည်းနဲ့ တူပါတယ်။ အဆင့် ၆ registry editor မှာ Window Title “Hacked by Godzilla” ကို Delete လုပ်ပေးစရာ မလိုတာတစ်ခုပဲ ကွာပါတယ် ။ ဒီမှာ ပြန်ဖတ်ကြည့်ပါ။

ဒါပေမယ့် ကျနော် သူ့ကွန်ပျူတာမှာ အဲဒီနည်းနဲ့ အဆင်မပြေပါဘူး။
1 … Folder option ကို show ပေးလည်း ပြောင်းမသွားပါဘူး။
2 … Drive တွေကို ဘယ်လိုမှ ဖွင့်မရဘူး။
3 … Winrar နဲ့လည်း Drive တွေ ကို ဖွင့်ကြည့်လို့ မရပါဘူး။
4 … Tesk Manager မှာလည်း wscript.exe ကို မတွေ့ပါဘူး ။
အဲဒါနဲ့ပဲ တင်ထားတဲ့ Avast Anti-Virus ကြီးကို ပြန်ဖြုတ်ပြီး Kaspersky Anti-Virus 7 ကို ပြောင်းတင်လိုက်ပါတယ်။ တင်ပြီးလို့ Update လုပ်နေတုန်းမှာပဲ တစ်ခါတည်း Scan ပါ စစ်ထားလိုက်ပါတယ်။ အရင်အတိုင်းပဲ
I:\..MS32DLL.dll.vbs virus is deleted
E:\..MS32DLL.dll.vbs virus is deleted
ဆိုပြီး တစ်လှည့်စီ ကျွီကျွီ နဲ့ အော်နေတုန်းပါပဲ ။ Updated ပြီးတော့ Restart လုပ်ပေးလိုက်တယ်။ ပြန်တက်လာတော့ Scan ဆက်စစ်ပြီး သူက ဗိုင်းရပ်လို့ ပြောသမျှကို Delete ပေးလိုက်တယ်ပေါ့ဗျာ … ။ အဲလိုနဲ့ပဲ စစ်လို့ ပြီးသွားတဲ့အချိန်မှာ Virus Deleted ဆိုတဲ့ alert တွေ မလာတော့ဘူးဗျ … ။ အဲဒါနဲ့ Drive တွေ ဖွင့်ကြည့်တော့ မရသေးဘူးဗျ ။ အရင်အတိုင်း cannot find script file “C:\MS32DLL.dll.vbs” လို့ လာပြောနေတုန်းပဲ ။ အဲဒါနဲ့ C ကို Winrar နဲ့ ဖွင့်ပြီး AUTORUN.inf ဆိုတာကို ဖျတ်ပေးလိုက်ပါတယ်။
Run မှာ regsvr32 /i shell32.dll
အဲလိုရေးလိုက်ရင် အောက်ပါအတိုင်း Alert ပေါ်လာပါမယ် ။ Ok ပေးလိုက်ပါ။
Image Hosted by ImageShack.us
Tesk Manager လေးနဲ့ Re-initialize လုပ်ပေးလိုက်ပါတယ်။ (re-initialize လုပ်ဖို့ ဒီမှာ ရေးပြီးပါပြီ)
အားလုံးပြန်အဆင်ပြေ သွားပါတယ်.. ။ ကျနော် လုပ်ခဲ့တဲ့ နည်းလေးကို ပြန်ပြောပြတာ ဖြစ်ပါတယ် …. တကယ်လို့ အသုံးဝင်ခဲ့တယ် ဆိုရင် အရမ်းကို ၀မ်းသာရမှာပါ … ။ ပြီးဆုံးအောင် ဖတ်ပေးလို့ ပြောနေကျအတိုင်း Thank you ပါ … ကျေးဇူး အများကြီး တင်ပါတယ် .. ။

0 comments:

Post a Comment