Friday, November 4, 2011

ရေဘေးသင့်မြန်မာရဟန်းတော်များကို တတ်အားသရွေ့ ကူညီခဲ့တယ် (ကျွန်တော့်ဆရာဟိန်းတင့်ဇော်နှင့်အတူကျွန်တော်ခင်မောင်စိုး)







ထိုင်းနိုင်ငံရဲ့ ရေလွှမ်းမိုးမှု့ဟာ ထိုင်းနိုင်ငံရောက် ပညာတော်သင် ရဟန်းတော်များကိုပါ အခက်အခဲ ဖြစ်စေလာပါတယ်။ ဗန်ကောက်မြို့ ၀ပ်တစ်လုံးကျောင်းတိုက်က မြန်မာရဟန်းတော်များဟာ ကျောင်းထဲကို ရေ၀င်လာတဲ့အတွက် ကျောင်းတိုက်တွင်းမှာ သီတင်းသုံးဖို့ ခက်ခဲလာတယ်။

နေ့ချင်းညချင်း ရေတွေ ၀င်လာခဲ့တယ်။ ဒါကြောင့် သံဃာတော်များဟာ မည်သည့် ပစ္စည်းမျှကိုတောင် မသယ်နိုင်ဘဲ အဆင်ပြေတဲ့ နေရာတွေကို နေ့ချင်းညချင်း ရွေ့ပြောင်းခဲ့ရတယ်။ ကျွန်တော်တို့တွေလည်း တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ သံဃာတော် အချို့ကို မဟာချိုင်မြို့သို့ သွားရောက် ပင့်ဆောင်ခဲ့ပါတယ်။ ရေက ဘယ်နှစ်ရက်လောက် ကြာဦးမလဲတော့ မသိသေးပါဘူး။ အခုလောလောဆယ်တော့ မဟာချိုင်မြို့မှာပဲ ယာယီ သတင်းသုံးဖို့ စီစဉ်ထားရပါတယ်။

အဲဒီနေ့က ရင်းနှီးတဲ့ သံဃာတော်များက ဖုံးဆက်လာပါတယ်။ “ဒကာကြီးရေ လုပ်ပါဦးတဲ့ ... ကျောင်းထဲကို ရေ၀င်လာပြီ။ နေလို့ မရတော့ဘူးလို့ ” ဖုံးဆက်လာတာနဲ့ ချက်ချင်းဆိုသလို အားလုံး တိုင်ပင်ပြီး ကားနဲ့ သွားကြိုလာခဲ့ပါတယ်။ အမှတ်တရ အဖြစ် ဘလော့မှာ တင်လိုက်ပါတယ်။အခု ကျွန်တော်တို့ သွားတဲ့ ကျောင်းမှာ နောက်ထပ် ရေတွေ ထပ်တက်လာတယ်လို့ ဖုံးဆက်ပါတယ်။

ကျွန်တော့်ဆရာဟိန်းတင့်ဇော်နှင့်အတူဘလော့ဂါခင်မောင်စိုး...........

( မွန်ပြည်နယ်ကျိုက္ခမီ)

0 comments:

Post a Comment