Friday, November 25, 2011

ကောလာဟလတွေ ရပ်သွားစေဖို့ JUSTIN BIEBER မျိုးရိုးဗီဇ DNA အစစ်ဆေးခံ ခဲ့

JUSTIN BIEBER ဟာ ကလေးအဖေ အဖြစ် စွပ်စွဲခံထားရတဲ့ကိစ္စကို အဆုံး သတ်နိုင်စေဖို့အတွက် DNA အစစ်ခံ ထားပါတယ်။ လော့ဆန်းဂျလိစ်မှာ ပြီးခဲ့တဲ့နှစ်က ဖျော်ဖြေပွဲအပြီး စင်နောက်မှာ အဆိုတော် JUSTIN BIEBER နဲ့ အတူနေခဲ့တာကြောင့် ကိုယ်ဝန်ရ ခဲ့တာလို့၊အသက် ၂၀ အရွယ် ကယ်လီဖိုးနီးယားသူ Mariah Yeater က အခိုင်အမာပြောဆိုခဲ့တဲ့အတွက် ဒီလအစောပိုင်းက သတင်းစာ တွေမှာ ခေါင်းကြီးသတင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
BIEBER ဟာ သူ့ရဲ့လေးလသားလေးရဲ့ အဖေဖြစ်တယ်ဆိုတာ သက်သေပြဖို့ အထောက်အထားတွေ ရှိတယ်လို့ Mariah Yeater က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
BIEBER ကတော့ ကောလာဟလတွေ ငြိမ်သက်သွားစေဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့က ဆေးစစ်ခံခဲ့ပါတယ်။
ဒါပေမယ့် BIEBER က သူ့အပေါ်စွပ်စွဲချက်ကို အပြင်းအထန် ငြင်းဆိုခဲ့ပြီးတဲ့နောက်  Mariah Yeater ကပြီးခဲ့တဲ့တစ်ပတ်မှာ BIEBER ကို ကလေး အဖေ အဖြစ် ဆေးစစ်ခံဖို့ နဲ့ ကလေးစရိတ်ပေးဖို့ တောင်းဆိုတာကို နောက်ဆုံးမှာ ရုပ်သိမ်းခဲ့ပါတယ်။

အော်ကျွန်တော်တောင်သူ့ fb ကိုရောက်ခဲ့သေးတယ်အင်းချောကလဲချောဆိုတော့ဒီကောင်လေးတော့မလွယ်ဘူးဘာပဲဖြစ်ဖြစ်သူ့ အကြောင်း
နဲ့သူပဲလေ........

0 comments:

Post a Comment