Friday, November 25, 2011

Nokia Lumia 800 အကြောင်း

Design Lumia 800 ဟာ Meego အခြေခံ Nokia N9 စမတ်ဖုန်းနဲ့ဆင်တူပါတယ်။ ပလတ်စတစ်အမျိုးအစားတစ်ခုဖြစ်တဲ့ polycarbonate နဲ့ပြုလုပ်ထားပြီး ပန်းရောင်၊ အပြာရောင်၊ အနက်ရောင်တို့ဖြင့် ထုတ်လုပ်ထားပါတယ်။ အရွယ်အစားကတော့ အလျား ၄.၅၉ လက်မ၊ အနံ ၂.၄ လက်မနဲ့ အထူ ၀.၄၇ လက်မဖြစ်ပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးမှာတော့ သတ္တုအပါးစားနဲ့ပြုလုပ်ထားတဲ့ volume rocker ခလုတ်၊ ဖုန်းအဖွင့်အပိတ်ခလုတ်နဲ့ ကင်မရာ shutter ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဖုံးအုပ်ထားတဲ့တံခါးပေါက်ကို ဖွင့်လိုက်တဲ့အခါမှာတော့ Micro-USB အားသွင်းပေါက်နဲ့ Micro SIM card holder တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ၃.၅ မီလီနားကြပ်ပေါက်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာတော့ 8-megapixel ကင်မရာမှန်ဘီလူးနဲ့ dual-LED flash တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဘက်ထရီကာဗာတပ်ဆင်ပေးထားခြင်းမရှိဘဲ ဖုန်းကို reset လုပ်လိုတဲ့အခါမှာ ဘက်ထရီကို ဆွဲထုတ်ရတဲ့နည်းလမ်းအစား iOS device တွေလိုမျိုး power ခလုတ်ကိုဖိပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။ ၃.၇ လက်မအရွယ် AMO LED display ဟာ WVGA resolution (800x480 pixels) ဖြင့် ဖော်ပြပေးနိုင်ပါတယ်။ ယင်း display ဟာ စစ်မှန်တဲ့အနက်ရောင်နဲ့ ကာလာများကို တိကျစွာဖြင့် ဖော်ပြပေးနိုင်သလို ကြည်လင်တောက်ပစွာဖြင့်လည်း ဖော်ပြပေးနိုင်ပါတယ်။ Features Nokia Lumia 800 ရဲ့ interface အနေနဲ့ Windows Phone 7.5 ကို အသုံးပြုထားတာကြောင့် Start screen နဲ့ app screen တို့ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Start screen တွင် tile များ၊ app icon များနဲ့ အခြားမြင်ကွင်းများရဲ့ background ကို အဖြူရောင်၊ အနက်ရောင်နဲ့ အခြားအရောင် ၁၁ မျိုးမှ နှစ်သက်ရာကိုရွေးချယ်ကာ ပြုပြင်ခြင်းကဲ့သို့သော အသေးစားပြုပြင်မှုများကို ပြုလုပ်နိုင်ပါတယ်။ အခြား feature များအနေနဲ့ Wi-Fi, Bluetooth, GPS တို့ပါဝင်ပြီး email ပို့ခြင်း၊ text နဲ့ multimedia message ပေးပို့ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ Facebook, Twitter နဲ့ Google တို့မှာရှိတဲ့ ဆက်သွယ်မှု (contact) များကို ဖုန်းအတွင်းထည့်သွင်းနိုင်စေမယ့် People hub ပါဝင်လာပြီး app များ၊ သီချင်းနဲ့ ဗီဒီယို app များကိုရယူနိုင်စေမယ့် Marketplace ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ အချက်အလက်များကို သိုလှောင်နိုင်စေရန်အတွက် internal memory 16GB ထောက်ပံ့ပေးထားပြီး Microsoft ရဲ့ အခမဲ့အွန်လိုင်း SkyDrive သိုလှောင်မှုမှာ နောက်ထပ် 25GB သိမ်းဆည်းထားနိုင်ပါတယ်။ Performance Nokia Lumia 800 ကို quad-band (GSM 850/900/1800/1900) ဖြင့် အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာကတော့ 1.4GHz single-core Qualcomm MSM8255 ဖြစ်ပြီး ဖုန်းတွင်းလုပ်ဆောင်ချက်များကို လျင်မြန်စွာပြုလုပ်ပေးနိုင်ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ 1,450mAh ဘက်ထရီကိုတော့ ဖုန်းပြောဆိုမှုပြုလုပ်ရာမှာ ၁၄ နာရီနီးပါး အသုံးပြုနိုင်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၈၅ ပါ။ အားသာချက် - Nokia Lumia 800 ကို တစ်မူထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံဖြင့် ပြုလုပ်ထားပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ display နဲ့ကားမောင်းရင်း လမ်းညွှန်မှုပြုလုပ်ပေးနိုင်မယ့် Nokia Drive တို့ပါဝင်လာပါတယ်။ အားနည်းချက် - ကင်မရာနဲ့ ဗီဒီယိုအရည်အသွေးဟာ ကောင်းမွန်ခြင်းမရှိဘဲ Micro-SIM slot ကလည်း အသုံးပြုတဲ့အခါမှာ ခက်ခဲစေပါတယ်။

0 comments:

Post a Comment