Friday, November 25, 2011

ဗိုလ်ချုပ်၏ ဘ၀သမိုင်းအကျဉ်း....



1915 ခု ဖေဖော်ဝါရီ 13 ရက် မြန်မာပြည်အလယ်ပိုင်း မကွေးခရိုင် နတ်မောက်တွင်မွေး ဖွား။
1932 တက္ကသိုလ်ဝင်စာမေးပွဲ “က”အဆင့်ဖြင့်အောင်မြင်၊ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးရ။
1936-36 ရန်ကုန်သက္ကသိုလ် သမ္မဂအမှုဆောင်ကော်မတီဝင် ဖြစ်ခဲ့။သမ္မဂမဂ္ဂဇင်း အယ်ဒီတာဖြစ်ခဲ့။
1936 ဖေဖော်ဝါရီ သမ္မဂ၏ အိုးဝေမဂ္ဂဇင်းတွင် “ခွေးသရမ်းကြီး လွတ်နေပြီ”
ဆောင်းပါးရှင်အား ဖော်ထုတ်မပြသဖြင့်ကျောင်းထုတ်ခံရ။
ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်နု ကျောင်းထုတ်ခံရပြီးနောက်ပိုင်း ကျောင်းသားသပိတ်ဖြစ်။ဗြိတိသျှအစိုးရက
ကျောင်းသားများတောင်းဆိုမှုကိုလိုက်လျှောရ၊ကျောင်းထုတ်မိန့်ကို ရုပ်သိမ်းပေးရသည်။
1938 တက္ကသိုလ်ကျောင်းသားများ သမ္မဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမ္မဂ ဥက္ကဌအဖြင့်တင်မြောက်ခံရ၊
ဗြိတိသျှအစိုးရက ဖွဲ့စည်းပေးသည့် “၇န်ကုန်အက် ဥပဒေ ပြင်ဆင်ရေးကောင်စီ”တွင် ကိုယ်စလှယ်
ခံအပ်ခြင်းခံရ။
1938 အောက်တိုဘာလ ဒို့ဗမာအစည်းအရုံးသို့ ၀င်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်ခဲ့သည်။
1938-39 “1300ပြည့်အရေးတော်ပုံ” ပေါ်ပေါက်ခဲ့ပြီး တစ်ပြည်လုံးသပိတ်မှောက်ခဲ့သည်။
1938-40 ထိ တို့ဗမာအစည်ူအရုံးတွင် အထွေထွေအတွင်းရေးမှူးအဖြစ်ဆောင်ရွက်၊
ဗမာ့ထွက်ရပ်ဂိုဏ်းထူထောင်ရာတွင် ပါဝင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည်။
1940 မတ်လ အိန္ဒိယနိုင်ငံ၊ ဂွန်ဂါမြို့တွင် ကျင်းပသည့် အိန္ဒိယအမျိုးသား ကွန်ဂရက်လွှတ်တော်သို့
တတ်ရောက်ခဲ့သည်။
1940 ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်သဖြင့်တောခိုခဲ့ရသည်။
1940 သြဂုတ် မြန်မာနိုင်ငံမှထွက်ခွာပြီး တရုတ်ပြည် အမွိုင်မြို့သို့ ရောက်ခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံတိုကျိုသို့ရောက်ခဲ့သည်။
1941 ဖေဖော်ဝါရီ ပုန်ကန်ထကြွမှုအတွက် ဂျပန်မှ ငွေကြေးနှင့် လက်နက်ထောက်ပံမှု ကမ်းလှမ်းချက်ဖြင့်
မြန်မာပြည်သို့ပြန်လာသည်။
1941 ရဲဘော်သုံးကျိပ် ပထမအသုတ်နှင့်အတူ စစ်ပညာသင်ရန်ဂျပန်သို့ ပြန်ခဲ့သည်။
ဒီဇင်ဘာလတွင် ဂျပန်အကူအညီနှင့် ဘန်ကောက်တွင် ဗမာ့လွတ်လပ်ရေးတတ်မတော် “ဘီအိုင်အေ”
အားဖွဲ့စည်းခဲ့သည်။ဦးစီးချုပ် ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။ဗိုလ်တေဇ အမည်ခံယူသည်။
1942 မတ်လ ရန်ကုန်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ဂျပန်စစ်အုပ်ချုပ်ရေးစတင်ခဲ့သည်။
ဇူလိုင်တွင် “ဘီအိုင်အေ” ပြန်ဖွဲ့ခဲ့သည်။စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး အောင်ဆန်း ဖြစ်လာသည်။
စက်တင်ဘာ 6 ရက် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
1943 မတ်လ ဗမာ့ကာကွယ်ရေးတတ်မတော်၏ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့သည်။
1943 ဂျပန်သို့ ဖိတ်ကြားခြင်း ခံရပြီး အင်ပါရာပြည့်နှစ်၏ သူရိယတံဆိပ် ချီးမြင့်ခံခဲ့ရသည်။
သြဂုတ် 1 ရက် ဗမာ့လွတ်လပ်ရေး ကြေညာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း စစ်ဝန်ကြီး ဖြစ်ခဲ့သည်။
1943 ဗမာ့ကာကွယ်ရေးတပ်မတော်မှ ဗမာ့အမျိုးသားတပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည်။
နိုဝင်ဘာ ဂျပန်တော်လှန်ရေး လုပ်မည့်ဗိုလ်ချုပ်၏ အစီအစဉ်၊
မြန်မာ့တောင်တန်းများတွင် ပုန်းအောင်းနေသည့် ဗြိတိသျှတပ်များ ရရှိခဲ့သည်။
1944 သြဂုတ် 1 တွင် လွတ်လပ်ရေးနှစ်ပတ်လည် မိန့်ခွန်းပြောပြီး၊ ယခုလွတ်လပ်ရေးသည်
အတုအယောင် လွတ်လပ်ရေးဖြစ်ကြောင်းကြေညာခဲ့သည်။
သြဂုတ်တွင် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။
1945 မတ် 27 တွင် မြန်မာတပြည်လုံး ဂျပန်ကိုတော်လှန်ခဲ့ကြသည်။
မေ 15 တွင် ဗြိတီသျှ အမှတ် 14 တပ်မတော်မှ ဗိုလ်ချုပ်ကြီး ၀ီလျှံဆလင်းနှင့်တွေ့ခဲ့သည်။
ဇွန် 15 ရက် ရန်ကုန်တွင် အောင်ပွဲခံချီတတ်ပွဲကျင်းပသည်။
မြန်မာ့တပ်များ ဗြိတီသျှ မဟာမိတ်များနှင့် လက်တွဲခဲ့သည်။
သြဂုတ် ဂျပန်တို့လက်နက်ချသည်။
AFO ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့အား AFPAL ဖက်စစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့
အဖြစ်အမည်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းခဲ့သည်။
1945 BNA ဗမာ့အမျိုးသားတပ်မတော်အား PBF ဗမာ့မျိုးချစ်တပ်မတော် ဟုအမည်ပြောင်းသည်။
စက်တင်ဘာ သီဟိုဋ် မြို့ ကန္နီအစည်းအဝေးတွင် မျိုးချစ်တပ်မတော်ကို ဗြိတီသျှကွပ်ကဲမှုအောက်တွင်
ဗမာ့တပ်မတော်နှင့် ပူးပေါင်းရန်သဘောတူခဲ့သည်။
အောက်တိုဘာ အရပ်သားအစိုးရဖွဲ့စည်းသည်။ဒေါ်မန်စမစ် ဘုရင်ခံဖြစ်ခဲ့သည်။
1946 ဇန်န၀ါရီတွင် ဖ-စ-ပ-လ အဖွဲ့ကြီးတွင် ဥက္ကဠ အဖြစ် အရွေးခံရသည်။
စက်တင်ဘာလတွင် ဗမာ့နိုင်ငံအလုပ်အမှုဆောင်ကောင်စီ ဒုတိယဥက္ကဠအဖြစ် ခန့်အပ်ခြင်းခံရသည်။
ကာကွယ်ရေးနှင့် ပြည်ပရေးရာ ပူးတွဲတာဝန်ယူရသည်။
1947 ဇန်န၀ါရီ 2 ရက် လနဒန်သို့သွားသည်။
အိန္နိယနိုင်ငံ နယူဒေလီတွင် ၀န်ကြီးချုပ် ဂျဝါဟလာနေရူး နှင့်တွေ့ဆုံ့သည်။
ဇန်န၀ါရီလ 27 ရက်တွင် လန်ဒန်မြို့တွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့သည်။
တစ်နှစ်အတွင်းလိတ်လပ်ရေး ရမည်ဟု ကြေညာနိုင်ခဲ့သည်။
ဖေဖော်ဝါရီ 12 ရှမ်းပြည်နယ်ပင်လုံမြို့တွင် တိုင်ရင်းသားအုပ်စု ခေါင်းဆောင်များနှင့်
သွေးစည်းညီညွတ်မှုရယူပြီး ပင်လုံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
ဧပြီလ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးပွဲ။ ဖ-စ-ပ-လ အမတ် (202) နေရာအနက်(196) နေရာရရှိ။
1947 ဇွန်လ တိုင်ပြည်ပြန်လည်ထူထောင်းရေးအတွက် ရန်ကုန်မြို့ ဆို၇န်တာဖီလာတွင် ကွန်ဖရင့်များ ကျင်းပခဲ့။
ဇွန်လ 13ေီုလ်ချုပ်နောက်ဆုံး မိန်းခွန်းပြောကြားခဲ့သည်။
ပြည်သူများအကျင့်ပြင်ရန်၊ စည်းကမ်းရှိရန်တိုက်တွင်းခဲ့သည်။
1947 ဇူလိုင် 19 ၀န်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံခံရသည်။
1948 ဇန်န၀ါရီတွင် ဗိုလ်ချုပ် ကြိုးပန်းခဲ့သည့် လွတ်လပ်ရေးရရှိခဲ့သည်။ ။
ကျွန်တော် ကိုနေစိုးထက် ရေးသာထုတ်ဝေတဲ့ “ဗိုလ်ချုပ်အောင်ဆန်း(သို့မဟုတ်)နယ်ချဲ့ကိုအလဲထိုးအောင်နိုင်ခဲ့သူ”
စာအုပ်မှကူးယူဖော်ပြလိုက်ပါတယ်
လေးစားလျှက်...

0 comments:

Post a Comment