Saturday, November 5, 2011

ရေကြီးမှု အရေးပေါ်ကြေညာချက်အရ မဟာချိုင်ဒေသ ရေမြုပ်နိုင်ဖွယ်ရှိ

မဟာချိုင်ဒေသ ရေမြုပ်နိုင်ဖွယ်ရှိ

အော် ကျွန်တော်နေထိုင်နေတဲ့ မြို့လေးကို ရေလာတော့မယ်တဲ့.......

ထိုင်းနိုင်ငံ မဟာချိုင်ဒေသဟာ၊ ရေနစ်မြှုပ်သွားဖွယ်ရာရှိပြီး၊ နေထိုင်တဲ့လူတွေ အရေးပေါ်ရွှေ့  ပြောင်းပေး ရမယ်လို့  ထိုင်းအာဏာပိုင်များက နိုဝင်ဘာ(၅)ရက်နေ့  မနက်(၃)နာရီမှာ ရုပ်မြင်သံကြားနဲ့  အခြားသတင်းတွေ ထဲမှာ ကြေညာထားပါတယ်။ မဟာချိုင်ဒေသဟာ မြန်မာတွေ (၄)သိန်းလောက် ရှိပြီး အထူးသဖြင့် မွန်လူမျိုးသည် အများစုဖြစ်သည်။ ထို့ ကြောင့် အမြန်ရွှေ့ ပြောင်းကြပါရန် ထပ်ဆင့် အသိပေးအပ်ပါတယ်။

၎၊ ၁၁၊ ၁၁ ဘန်ကောက်မြို့ မြောက်ဘက် အရပ်က ရေတွေဟာ မြို့ တွင်းပိုင်းကို တစ်ရက်ကို ၁ ကီလိုမီတာလောက် ၀င်လာ နေပါတယ်။ မြို့ လယ်ခေါင်လို့ ပြောလို့ ရတဲ့ ပတူနမ့် အရပ်ကို ရေရောက်ဖို့ ၁၀ ကီလိုလောက်ဘဲ လိုတော့တယ်။ မြို့ တွင်းပိုင်းဟာ မြေနိမ့်ပိုင်းဖြစ်လို့ အခု အတိုင်းရေ၀င်လာသည့်နှုန်းနဲ့  ဆို့ ရင် တစ်ပတ်လောက် အတွင်းမှာ မြို့ လယ်ခေါင်ကို ရေ၀င်နိုင်ပါတယ်။

0 comments:

Post a Comment