ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို လာရောက်ကြည့်ရှု့နေသူများအား တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက မိကျောင်းတစ်ကောင်အား ဖမ်းဆီးရမိပြီးနောက် တစ်လနီးပါးအကြာ နိုဝင်ဘာလ ၂၄ ရက်နေ့က မိကျောင်းတစ်ကောင်အား အဆိုပါ ချောင်းအတွင်း၌ ထပ်မံတွေ့ရှိနေရကြောင်း သတင်းရရှိသည်။
ပထမအကြိမ် ဖမ်းဆီးမိခဲ့သည့် မိကျောင်းမှာ ၁၀ ပေခန့် အရွယ်ရှိပြီး ယခုထပ်မံတွေ့ရှိရသည့် မိကျောင်းမှာလည်း ပထမအကြိမ်ထက် အရွယ်အစားပိုကြီးကြောင်း တွေ့ရှိရသည်။
ယခုဒုတိယအကြိမ် တွေ့ရှိနေရသည့် မိကျောင်းမှာ ငမိုးရိပ်တံတား ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ ငမိုးရိပ်ချောင်းအနီး ပတ်ဝန်းကျင်တွင် သွားလာနေသည်ကို တွေ့ရှိရသည်။
ငမိုးရိပ်တံတား(တောင်ဒဂုံ) ဘက်ခြမ်းတွင် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကလည်း "ကျွန်တော် အဲဒီ မိကျောင်းကို တွေ့နေရတာ ၄ ရက် ရှိပါပြီ။ ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ထင်ပါတယ်။ တစ်ကောင်က တော်တော်ကြီးတယ်။ တစ်ကောင်ကတော့ လေးပေလောက်ဘဲရှိတဲ့ မိကျောင်းကိုတွေ့ရပါတယ်" ဟု ၄င်း၏မြင်တွေ့မှုအပေါ်ကို ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါချောင်းအနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း "ကျွန်မက နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ကန်စွန်းစိုက်ခင်းကနေ ပြန်အလာမှာ ငမိုးရိပ်ချောင်း ကမ်းနားမှာ အဲဒီမိကျောင်းကြီး တစ်ကောင်ကို တွေ့ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော အဆိုပါ မိကျောင်းအား ဖမ်းဆီးရမိရန်အတွက် ၄င်းချောင်းအနီးတွင် နေထိုင်သူအချို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း၁နာရီအချိန်မှ ညပိုင်းအချိန်အထိ ဖမ်းဆီးမိရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပထမအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော ၁၀ ပေ အရွယ်ရှိ မိကျောင်းကိုလည်း အောက်တိုဘာလ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ရေယာဉ်လုပ်သား သုံးဦးက
ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။ ယခုအကြိမ်တွင်လည်း မိကျောင်းကို ဖမ်းဆီးရမိရန်အတွက် ချောင်းအနီးအနားတွင် နေထိုင်သည့် ပြည်သူအချို့က ဖမ်းမိရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရသည်။
ငမိုးရိပ်ချောင်းအတွင်း ထပ်မံတွေ့ရှိနေရသည့် မိကျောင်းကို လာရောက်ကြည့်ရှုနေသူ များပြားလျက်ရှိကြောင်း သိရှိရသည်။
Melbourne near me Trusted Removalist
10 months ago







0 comments:
Post a Comment