Saturday, January 28, 2012

ကျွန်တော့်မွေးနေ့ ...........................

ဒီနေ့ ကျွန်တော့်မွေးနေ့ ပါ……………………
ကဲသူငယ်ချင်းတို့ ရေကျွန်တော်သူငယ်ချင်းတွေနဲ့ မဆုံဖြစ်တာအတော်ကြာသွားခဲ့ပြီနော်ကျွန်တော်က
ထိုင်းနိုင်ငံ မဟာချိုင်မှာရောက်ရှိနေပါတယ် ဘလော့ကိုတစိုက်မတ်မတ်ရေးလာခဲ့တဲ့ကျွန်တော်ဟာ အခုဘလော့ရေးဖို့ ကိုခဏလောက်ရပ်တန့် လိုက်ရပါတယ် အတော်ကိုဝမ်းနည်းမိပါတယ်
ကိုယ်ရေးကိုယ်တာအခက်အခဲတွေကြောင့်ဘလော့ဆက်ရေးဖို့ ကိုရပ်တန့် လိုက်ရပါတယ်ဒါကြောင့်မို့ 
ကျွန်တော်ပိုစ့်အသစ်တွေကိုဆက်လက်ကာမတင်နိုင်တော့ပါဘူးတကယ်တော့ကျွန်တော်ဟာအခုလို
ဘလော့ရေးသားဖို့ အတွက်အချိန်ငွေစတဲ့ရင်းနှီးထားတာတွေကိုတစ်ချက်ကလေးမှကိုနှမြောတသ
စိတ်တွေမဖြစ်ခဲ့ပါဘူး အခုလိုဘလော့ဂါဘ၀ကိုရောက်ဖို့ ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်လုံးမှာအဓိကအားပေးခဲ့တဲ့ကျွန်တော့်
ဆရာနှစ်ယောက်ကိုလွန်စွာမှကျေးဇူးတင်မဆုံးဖြစ်မိပါတယ်ဒီလိုနည်းပညာတွေရဖို့ ဒီလိုဘ၀ရောက်ဖို့ 
ဘယ်လိုသောအခက်အခဲတွေကိုရင်ဆိုင်တိုက်ခိုက်ကျော်ဖြတ်ခဲ့ရသလဲဆိုတာကိုဘလော့ရေးတဲ့ဘလော့ဂါတွေဘလော့ဂါဆရာကြီးတွေကပိုသိကြပါတယ်တစ်ခါတစ်လေဘလော့ရေးချင်တဲ့စိတ်တွေကုန်လောက်
အောင်တိုက်ခိုက်ခြင်းတွေခံရတော့ကျွန်တော့်လိုဘလော့ဂါအသက်နုနယ်သေးတဲ့သူအတွက်တော့လွန်စွာမှကိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုလိုထင်ခဲ့မိပါတယ် ဒါပေမဲ့လောကမှာအဆိုးနဲအကောင်းဟာအမြဲဘဲအတူယှဉ်တွဲနေလျှက်ပါဘဲလေ ဒါပေမဲ့ကျွန်တော်စိတ်ဓာတ်ကျလို့ ဘလော့မရေးနိုင်တော့တဲ့အချိန်မှာကျွန်တော့်ကိုအားပေးတဲ့သူ
နှစ်ယောက်ရှိပါတယ်ပထမကတော့ကျွန်တော့်ရဲ့ ဆရာအဘဒေါက်တာမင်းသိင်္ခရဲ့ တပည့်
ဆရာဟိန်းတင်ဇော်ရယ်နောက်တစ်ယောက်ကတော့ဘယ်သူမှမသိကြသေးပါဘူးသူဟာကျွန်တော့်ရဲ့ 
ဒုတိယမိန်းကလေးသူငယ်ချင်းတစ်ယောက်ပါကျွန်တော်အခက်အခဲတွေတွေ့ တိုင်းအားပေးတတ်သူ
နားလည်းပေးတတ်သူစာနာတတ်သူတစ်ယောက်ပေါ့ကျွန်တော်အရမ်းကိုခင်မင်ပြီးသံယောဇဉ်ထားခဲ့သူဆိုလည်းမမှားပါဘူး သူ့ နာမည်ကအိအိထွန်းတဲ့ ကျွန်တော်ကတော့အိလို့ ဘဲခေါ်တယ် ကော့သောင်းမြို့ မှာနေပြီး BEAUTY LAND STORE
ဆိုင်လေးကိုဖွင့်ထာပြီးဘ၀ကိုရိုးသားစွာနဲ့ ဖြတ်သန်းနေသူတစ်ယောက်ပေါ့ အခုလိုရေးလိုက်တာကိုသူတွေ့ 
ချင်တွေ့ နိုင်ပါလိမ့်မယ် သေချာတာတော့သူကျွန်တော့်ကိုတအားစိတ်ဆိုးတော့မှာပါ ဘာဘဲဖြစ်ဖြစ်ကျွန်တော်အိကိုဒီကနေ့ ကြေငြာခွင့်ရလိုက်လို့ အရမ်းကိုပျော်ပါတယ်သူစိတ်ဆိုးချင်ဆိုးပါ
မုန်းချင်လဲမုန်းပါစေ ကျွန်တော်ကတော့ထားခဲ့သံယောဇဉ်တွေကို
ဘယ်သောအခါမှမမေ့နိုင်သလိုသူငယ်ချင်းဆိုတဲ့အသိနဲ့ ခင်မင်လျှက်ရှေ့ဆက်ကာပိုခင်သွားမှာပါ အခု
ကျွန်တော်ရေးနေတဲ့ဘလော့ထဲမှာသူ့ အတွက်ရေးပေးတဲ့နေရာလေးတွေရှိပါတယ် ကျန်းမာရေးဆိုတဲ့နေ
ရာလေးမှာအိဖတ်ဖို့ အတွက်ကျွန်တော်ရေးပေးထားတာလေးတွေရှိပါတယ် အဲဒီလိုခင်ဖို့ ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ကိုရခဲ့လို့ လည်းအတော်ကိုပျော်မိပါတယ် ပိုပြီးတော့ကျွန်တော်ပျော်ချင်တာကတော့ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့ ဆိုတော့သူပေးမဲ့မွေးနေ့ လက်ဆောင်ကိုကျွန်တော်မျော်လင့်နေပါတယ်သူဘာပေးမလဲတော့မသိဘူးဒါပေမဲ့ကျွန်တော့်ရဲ့ သူငယ်ချင်းတွေပေးမဲ့လက်ဆောင်ကိုလဲမျှော်လင့်မိပါသေးတယ် ဒီနေ့ ကျွန်တော့်ရဲ့ အသက် ၂၇ နှစ်ပြည့်တဲ့နေ့ ပေါ့ ကျွန်တော်ပျော်ပါတယ်လောကကြီးထဲမှာ ၂၇ နှစ်နေထိုင်ခွင့်ရသွားလို့ ပါဘဲပထမဦးဆုံး
အနေနဲ့ ကျွန်တော့်ရဲ့ အဖေနဲ့ အမေ့ကိုစိတ်ထဲကနေပြီးတော့ကန်တော့လိုက်ပါတယ် ပြီးရင်တော့ဘုရားသွားပြီးကုသိုလ်ကောင်းမှုတွေလုပ်ကာဆုတွေတောင်းပါမယ်ပြီးရင်ငါးလွတ်ပြီး သူငယ်ချင်းတွေကိုမုန့် ဝယ်ကျွေးမယ်ပေါ့ 28.01.1985 တနလာင်္နေ့ မှာကျွန်တော်ဟာလူ့ လောကကြီးထဲကို
အမေ့ရဲ့ အသက်နဲ့ ရင်းပြီးရောက်ရှိခဲ့ပါတယ်အခုဆိုရင်ကျွန်တော်ဟာလောကအလယ်မှာ ၂၇ နှစ်နေထိုင်ပြီးသွားပါပြီလောကနဲ့ လူသားတွေကိုတတ်နိုင်တဲ့ဘက်ကနေအကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်ဖို့ အမြဲတမ်းတွေးတောခဲ့ပါတယ် ဒါကြောင့်လဲကျွန်တော်တတ်ခဲ့ပညာတွေနဲ့ ပေါင်းစပ်ပြီးအခုလိုဘလော့တစ်ခုကိုတည်ထောင်ကာ ကိုယ်ကျိုးမဖက်ဘဲနည်းပညာလိုချင်တဲ့သူတွေအတွက်ကိုပိုင်အချိန်တွေကိုရင်းနှီးကာ ဥာဏ်စွမ်းရှိသလောက်ကြိုးစားခဲ့တာမို့ ကျွန်တော်အထူးပင်ဝမ်းသာခဲ့မိပါတယ် အမှန်တော့ကျွန်တော်ဟာအတန်းပညာကို ၆ တန်းအထိသာသင်ကြားတတ်မြောက်ခဲ့ပါတယ် သို့ ပေမဲ့အတန်းပညာမတတ်ခဲ့လို့ ကျွန်တော့်ကိုအထင်သေးချင်ကြတဲ့သူတွေရှိသလိုအခုလိုဘလော့ဂါဘ၀ရောက်နေတာကိုလဲမလိုကြတဲ့သူတွေရှိနေပါတယ်တခြားကိုမကြည့်ပါနဲ့ ကျွန်တော့်ဘလော့က cbox ထဲမှာရေးထားတာတွေကိုသေချာကြည့်ပါ ဒီဆိုက်ကို ကိုခင်မောင်စိုးထောင်ထားတာပါဆိုပြီးညွန်းထားတဲ့လလင့်လေးတစ်ခုရှိနေပါတယ် လင့်နာမည်ကလဲကျွန်တော့်နာမည်ဘဲလေ http//khinmaungsoe1.blogspot.com လေအဲဒီဘလော့ကိုတော့မသွားလိုကက်ပါနဲ့ နော်ညစ်ညမ်းတဲ့ video တွေသက်သက်တင်ထားလို့ ပါ မသိတဲ့သူတွေကြတော့ကျွန်တော်ဘဲတစ်ကယ်ထောင်ထားတဲ့ဆိုက်လို့ ထင်နေမှာစိုးလို့ ပါ အမှန်ကအဲဒီလင့်သည်ကျွန်တော်တစ်ချိန်တစ်ခါကအချစ်အကြောင်းလေးတွေရေးချင်လို့ ဆိုပြီးကျွန်တော့်ဆရာကိုဖွင့်ခိုင်းလိုက်တဲ့လင့်လေးပေါ့အဲဒီဘလော့ရဲ့ ခေါင်းစဉ်ကိုတော့ “ အချစ်အိမ်လေး” လို့ ကျွန်တော်ကိုတိုင်အမည်ပေးခဲ့ပါတယ်နောက်ပိုင်းတော့ကျွန်တော့်သူငယ်ချင်းက ကျွန်တော့် email ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကိုသိထားတော့ကျွန်တော့်အကောင့်ကို google မှာလိမ်ညာဖြေဆိုကာကျွန်တော့်အကောင့်ရော ဘလော့ရောသူယူလိုက်ပါတယ် ကျွန်တော်လဲအခုလိုညစ်ညမ်းတဲ့ကားတွေတင်ပြီးတစ်ချိန်မှာကျွန်တော့်ကိုအခုလိုနှောက်ယှက်မယ်လို့ ထင်မထားခဲ့ဘဲပေါ့ဆစွာထားခဲ့မိပါတယ် ဒါပေမဲ့ကျွန်တော့်ကိုကျွန်တော်ယုံပါတယ်အားလုံးအတွက်ကောင်းတာတွေလုပ်ပေးနေတဲ့ကျွန်တော့်ရဲ့ 
လက်တစ်စုံဟာဘယ်သောအခါမှမပူလောင်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်မကောင်းတာလုပ်ရင်
မကောင်းတာကိုခံရပါမယ်ရုပ်လှဖို့ ထက်စိတ်လှဖို့ ကအရေးကြီးတယ်လို့ ဆရာသမားတွေကအမြဲဆုံးမဖူးပါတယ်ဆရာတွေရဲ့ ဆုံးမစကားတွေကိုလဲအမြဲနားထောင်ခွင့်ရလို့ အခုလိုဘလော့ဂါဘ၀ရောက်ခဲ့ရတာပါ
တကယ်တော့ကျွန်တော်ရဲ့ ဘလော့ဂါဘ၀အစဟာဆရာဟိန်းတင့်ဇော်ရဲ့ ဆုံးမစကားတစ်ခွန်းကြောင့်ပါ
တစ်နေ့ ဆရာကစကားတစ်ခွန်းကိုပြောပါတယ်“တပည့်ရေလောကနဲ့ လူသားတွေကိုအကျိုးပြုတဲ့လုပ်တွေကိုဘဲလုပ်ပါကွာလို့ ” ပြောလိုက်ပါတယ်ဒါဟာကျွန်တော့်ရဲ့ ဘလော့ဂါဘ၀အစကိုအသက်သွင်းပေးလိုက်တာ
ပါဘဲ ဒါကြောင့်မို့ အခု အသက် ၂၇ နှစ်မွေးနေ့ မှာဒီဘလော့နဲ့ အတူဆရာကိုလဲကန်တော့လိုက်ပါတယ်
တကယ်တော့ကျွန်တော်ဟာမိတ်ကောင်းဆွေကောင်းတွေလဲရခဲ့ပါတယ်သူတို့ ရဲ့ အားပေးမှုလမ်းပြမှု
တွေရဲ့ အလယ်မှာအဆိုးအကောင်းတွေကိုကျော်ဖြတ်ကာအခုလိုဘလော့ဂါဘ၀ကိုရောက်ရှိခဲ့ပါတယ် ဘလော့ဂါသမားတစ်ယောက်ရဲ့ ဘ၀ဟာဘယ်လောက်တောင်မှအရေးကြီးလဲဆိုတာကိုတိုင်အခုဘလောဂါဖြစ်မှသိခဲ့ရပါတယ်ဒါကြောင့်မို့ နည်းပညာကိုရေးတဲ့ဘလော့ဂါတွေဗဟုသုတတွေရေးတဲ့ဘလော့ဂါတွေနဲ့ အခြားသောဘလော့ဂါတွေကိုလဲလေးစားခင်မင်လျှက်ပါတစ်ပုဒ်ရေးလဲဘလော့ဂါပါဘဲနှစ်ပုဒ်ရေးလဲ
ဘလော့ဂါပါဘဲ ဒါကြောင့်မို့ အခုကျွန်တော့်ရဲ့ မွေးနေ့ မှာကျွန်တော့်ဘလော့ကိုလာဖတ်ကြတဲ့သူငယ်ချင်းတွေ
ညီအကိုမောင်နှမတွေအားလုံးကိုလေးစားပါတယ်အခွင့်သာလို့ ကျွန်တော်ဘလော့ပြန်ရေးတဲ့အခါမှာလဲ
သူငယ်ချင်းတို့ အတွက်အကောင်းဆုံးဖြစ်အောင်လို့ ကျွန်တော်ကြိုးစားသွားဦးမှာပါ နောက်ထပ်တစ်ခုပြောဖို့ ကျန်နေသးတယ်အဲဒါကတော့ကျွန်တော်ဘလော့အသစ်တစ်ခုကိုဖွင့်ထားပါတယ်
အဲဒီဘလော့မှာတော့softwareတွေသက်သက်သာတင်ထားပါတယ်အခုမှစတင်တာမို့ အချိန်ယူကာရေးသားရပါဦးမယ် ပြီးပြည့်စုံတဲ့နေ့ ကျရင်တော့အားလုံးကိုဖွင့်ပြမှာပါအခုတော့ရှိတာလေးတွေကိုဘဲသီးခံကာဖတ်ပေးကြပါ
နော် အားမရသေးရင်လဲကျွန်တော့်ရဲ့ ဆရာနောက်တစ်ယောက်ဖြစ်တဲ့ ဆရာစိုးမင်းဦး ရငဲသားဘလော့မှာလဲသွားဖတ်လို့ ရတယ်နော်သူလဲတင်ပေးပါတယ်ကျွန်တော့်ဘလော့မှာလင့်သေတာ
တွေဖြစ်ခဲ့ရင်တော့အားလုံးကိုကျွန်တော်ကအနူးညွန့် တောင်းပန်လိုက်ပါတယ်နော် ဘ၀အတွက်လုပ်စရာတွေရှိနေသေးလို့ ဒီနေရာလေးကနေဘဲနုတ်ဆက်ခဲ့ပါတယ်နော်သူငယ်ချင်းတို့ ပျော်ရွှင်သောနေ့ များပိုင်ဆိုင်နိုင်ပါစေဗျာ……………………..
                                                               ခင်မောင်စိုး (မွန်ပြည်နယ်ကျိုက္ခမီမြို့ )

 
ဒီသီချင်းကိုတစ်ယောက်သောသူအတွက်ရည်ရွယ်ကာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်.........................
သူကတော့မွန်ပြည်နယ်သံဖြုဇရပ်က ကြံ့ခိုင်ရေးမှာနေတဲ့မျိုးသူဇာ(ခ)အမာပါ ဒီသီချင်းနဲ့ အတူနောက်တစ်
ပုဒ်ကတော့နားထောင်တာနဲ့ သူသိပါလိမ့်မယ်   .........................................................


ဘသတစ်ခုလုံးတော့မင်းအတွက်ရင်းပေးလိုက်ခဲ့ပြီးသွားပြီမိုးသူဇာရေ အလှည့်ကြရင်တော့မျက်ရည်မကျအောင်ကြိုးစားထားနော် မနက်ဖြန်တိုင်းဟာမသေချာတာတွေနဲ့ 
ပြည့်နေပြီနော်မိုးရေ....................

1 comment:

  1. အရေးအသားပိုင်နိုင်တယ်ဗျာ။ဘလော်ကာတစ်ယောက်ပီသပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ လေ့လာမှုကနေပီးတော့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရလာပါစေလို့မျော်လင့်မိပါတယ်။ ကျွန်တော်လည်းမော်လမြိုင်သားပါပဲ။ မော်လမြိုင်သားတစ်ယောက်က အခုလိုမျိုး အောင်မြင်နေတာကိုတွေ့ရတော့ ၀မ်းသာမိပါတယ်ဗျာ။ဂုဏ်လည်းယူပါတယ်။ ကျွန်ာတော့ဆိုဒ်လေးလည်း အား၇င်လာလည်ဦးနော်။ http://www.kophoaye.blogspot.com ပါ

    ReplyDelete