Sunday, January 8, 2012

ကိုရီးယားမင်းသား မင်းသမီးလေးတွေလို အသားအရေလှအောင်…

ကိုရီးယားဇာတ်ကားလေးတွေ ကြည့်ပြီးရင် ကိုရီးယားလူမျိုးတွေရဲ့ လှပတဲ့အသားအရေကို အားကျကြရပါတယ်။ သူတို့ရဲ့အသားအရေတွေက ဘာလို့အရမ်းလှနေရတာလဲ ?? ကိုရီးယားတွေဟာ အလှအပကို အရမ်းဦးစားပေးကြပါတယ်။ မိတ်ကပ်တွေ၊ အသားအရေထိန်းသိမ်းတဲ့ဆေးတွေ၊ ပစ္စည်းတွေကို သေချာစွာ အသုံးပြုပြီး အပေါ်ယံလှပအောင် ပြုပြင်ကြရုံတင်မကပါဘူး၊ အသားအရေရဲ့ အတွင်းပိုင်းအထိလှပအောင် အစားအသောက် အနေအထိုင်ကအစ အရမ်းဂရုစိုက်လာကြပါတယ်။ အသားအရေရဲ့လှပမှုဟာ လူတစ်ယောက်ရဲ့အလှအတွက် အလွန်အရေးပါပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်ရဲ့ ပြယုဂ်ဖြစ်တဲ့ သန့်ရှင်းကြည်လင်ပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေဖြစ်ဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ အရေပြားမှာ ရေဓာတ်ပြည့်ဝပြီးစိုပြေနေစေဖို့ တစ်နေ့ကို ရေ ၈- ၁၀ ခွက်သောက်ပါ။
၂။ ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝတဲ့အစားအစာတွေကို များများစားပေးပါ။
၃။ ပျားရည်နဲ့ရေကိုရောပြီးသောက်သုံးခြင်းကလည်း အသားအရည်ကိုတောက်ပချောမွေ့စေပါတယ်။
၎။ သခွားသီးကိုများများစားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုအေးမြစေသလို အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ အခန်းအပူချိန်ကို အရမ်းမပူ၊ မအေးစေဘဲ တတ်နိုင်သလောက် ပုံမှန်အပူချိန်မှာထားပေးပါ။
၆။ ရေနွေးနှင့် ဆပ်ပြာအပျော့စားကိုသာသုံး၍ ရေချိုးပါ။ ရေအပူချိန်များရင် အသားအရည်ကို ခြောက်သွေ့စေနိုင်ပါတယ်။
၇။ ရေချိုးပြီးတဲ့အခါ တဘက်ကြမ်းကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်းမသုတ်လိုက်ပါနဲ့။ နူးညံ့တဲ့တဘက်လေးနဲ့ အသာအယာသုတ်ပေးပါ။
၈။ ရေချိုးပြီးတဲ့အခါနဲ့ အေးတဲ့နေရာတွေမှာ နေရတဲ့အခါမှာ ရေဓာတ်ဖြည့်ခရမ်လိမ်းပေးခြင်းဟာ အသားအရည်ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၉။ အရေပြားကို Scrub လုပ်ပေးခြင်းဟာလည်း ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး ကျန်းမာတဲ့အရေပြားကို ဖြစ်ပေါ်စေပါတယ်။
၁၀။ တစ်နေ့ကို ၂ကြိမ် မျက်နှာသစ်ပါ။
၁၁။ နေပူထဲသို့မသွားခင် SPF ပါတဲ့ အစိုဓာတ်ထိမ်းခရမ်ကို မျက်နှာနှင့်ခန္ဓာကိုယ်ကို လိမ်းပေးခြင်းဟာ အသားအရည်ပျက်စီးခြင်းနဲ့ အရွယ်မတိုင်မီအိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၁၂။ အိပ်ရာမ၀င်ခင်မှာ မိတ်ကပ်တွေကို သေချာစွာဖျက်ပါ။ မိတ်ကပ်တွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်ချို့ဓာတုပစ္စည်းတွေဟာ အသားအရည်ကို ညစ်နွမ်းစေပါတယ်။ ချွေးပေါက်တွေကိုလည်းပိတ်ဆို့စေလို့ ၀က်ခြံတွေ ဖြစ်စေနိုင်ပါတယ်။
၁၃။ ချွေးပေါက်တွေကို သန့်စင်စေဖို့နဲ့ အသားအရည်လန်းဆန်းစိုပြေစေဖို့ တစ်ပတ်တစ်ခါ Purifying Mask တွေကို အသုံးပြုပြီးပေါင်းတင်ပေးပါ။
၁၄။ အရေးကြီးဆုံးက စိတ်ညစ်မခံပါနဲ့၊ စိတ်ရှုပ်မခံပါနဲ့။ စိတ်ဖိစီးမှာဟာ ၀က်ခြံနဲ့ ဇရာရဲ့ရှေ့တော်ပြေး အရေးအကြောင်းတွေကို ဖိတ်ခေါ်နေပါတယ်။ အရာရာကို အကောင်းမြင်ပြီး ပျော်ပျော်ရွှင်ရွှင်နေတဲ့အခါ သင့်အသားအရေဟာ ပိုပြီးနုပျိုလှပလန်းဆန်းလာမှာပါ။

0 comments:

Post a Comment