Sunday, January 8, 2012

Google Talk diagnostic logging ဘယ်လိုဝင်မလည်း...

မင်္ဂလာပါသူငယ်ချင်းတို့ ရေ.....။
ကျွန်တော်အခုပြောမဲ့အကြောင်းရာလေးကတော့
Google Talk diagnostic logging လို့ ခေါ်တဲ့ ဂျီတော့ချက်ဘောက်တွေ၂ခု၃ခုဖွင့်ပြီး chatting လုပ်လို့ 
ရမဲ့အကြောင်းရာလေးပါ..။သိပြီးသားသူတွေအတွက်တော့မပြောလိုပါဘူး..။ မသိသေးတဲ့သူငယ်ချင်းတွေအတွက်
ရည်ရွယ်ပါတယ်ဗျ...။ကောင်းကင်ထဲကသူငယ်ချင်းတစ်ယောက်လာမေးလို့  သူ့ ကိုလည်းပြောပြရင်း
ကျန်တဲ့မသိသေးတဲ့သူငယ်ချင်းတွေလည်း တစ်ခါတည်းသိသွားရအောင်ဘလော့အနေနဲ့ တင်ပြပေးလိုက်ပါတယ်..။
Google Talk diagnostic logging ဘယ်လိုဝင်မလည်း..။ဟုတ်ကဲ့ ကျွန်တော်တို့ သုံးနေတဲ့ကွန်ပျူတာ Menu မှာ
Google Talk shortcut တွေရှိပြီးသားဖြစ်မှာပါ..။ကျွန်တော်တို့ ကွန်ပျူတာစကရင်ပေါ်က ဂျီတော့ရှော့ကပ်လေးကို
right click ပေးလိုက်ပါ...။ ဘောက်ကလေးတစ်ခုကျလာပါလိမ့်မယ်..။ အဲ့ဒိဘောက်ထဲက Properties ဆိုတာလေးကို
ကလစ်လိုက်ပါ...။
ပုံ(၁) မှာကြည့်ပါ.......

Google Talk Properties ဆိုတဲ့ဘောက်ကလေးတစ်ခုကျလာပါလိမ့်မယ်...။ အဲ့ဒိဘောက်ထဲက Shortcut ဆိုတဲ့
Tag လေးကိုရွေးလိုက်ပါ...။ပြီးတဲ့အချိန်မှာ shortcut tag ထဲက Target: ဆိုတဲ့စာတန်းလေးရဲ့ ဘေးကဘောက်ထဲက
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုတဲ့စာသားလေးကိုကလစ်ပြီး startmenu
နေရာမှာ nomutex ဆိုပြီးပြောင်းထဲ့ပေးလိုက်ပါ...။ပြီးရင် Apply ပေးလိုက်ပါ...။
ပုံ(၂) မှာကြည့်ပါ............

ကျွန်တော်တို့  Apply လုပ်ပြီးပြီဖြစ်တဲ့အတွက်နောက်ဆုံးအဆင့် OK ကိုကလစ်လိုက်ပါတော့...။
ပုံ(၃) မှာကြည့်ပါ....

အားလုံးပြီးသွားပြီဆိုရင်တော့ သူငယ်ချင်းတို့ စိတ်ကြိုက်G-talk ချက်ဘောက်တွေဖွင့်ပြီးကျူနိုင်ပါပြီဗျာ...။

0 comments:

Post a Comment