Thursday, January 5, 2012

ထူးခြားသော ခုခံကာကွယ်မှူစနစ်များနှင့် ငှက်များ (၁)

    ကမ္ဘာကြီးပေါ်မှာ ကျနော်တို. မသိနိုင်သေးတဲ့ကိစ္စတွေ၊ မျက်စိအောက်မှာရှိလျှက်နဲ. သတိမထားမိတဲ့ လျှို.၀ှက်ချက်တွေ မြောက်များစွာကျန်ရှိနေပါသေးတယ်။
သေချာတာတခုကတော့ သဘာဝတရားလောက် ရိုးစင်းပြီးဆန်းကျယ်တဲ့အရာ လောကမှမရှိတော့ပါဘူး...
အခု ကျနော် အွန်လိုင်းကနေမွေနှောက်မိသလောက် ဗဟုသုတလေးကို သူငယ်ချင်းများကို ပြန်လည်မျှဝေချင်ပါတယ်။
ငှက်ဆိုတာတော့ လူတိုင်းတွေ.ဖူးပြီးသားပါ အခု အဲ့ဒီထဲကမှ ထူးခြားတဲ့ ခုခံကာကွယ်မှူစနစ်တွေရှိတဲ့ ငှက်တွေကို လေ့လာကြည့်ရအောင်ဗျာ။
အွန်လိုင်းပေါ်ကနေ ကျနော် Top 10 list တခုတွေ.မိထားတာပါ။ စိတ်ဝင်စားကြမယ်ထင်ပါတယ်။

10) FULMAR
      ပထမဆုံးကတော့ Fulmar လို.ခေါ်တဲ့ပင်လယ်စင်ယော်ငှက် တမျိုးပါ။
သူ.ရဲ. ဆိုးရွားတဲ့ အနံ.ဆိုးကြောင့် လူသိများပါတယ်
အဲ့ဒီအနံ.ဆိုးက ငှက်အကောင်တင်မကပဲ သူတို.ရဲ.
ဥများမှာပါရှိပါတယ်။ (ရှေးဟောင်းပြတိုက်မှ
သက်တမ်း နှစ် ၁၀၀ကျော်ရှိ fulmar ငှက်ဥများမှာ
ယခုတိုင် အနံ.ဆိုးများရှိနေသေးသည်ဟုဆိုပါသည်)
     သူတို.ရဲ.ဆိုးရွားလှတဲ့အနံ.ဟာ လူနဲ. အခြားနို.တိုက်သတ္တ၀ါများကဲ့သို.သော အနံ.ခံအာရုံကောင်းသော ရန်သူများကိုခုခံနိုင်ပေမယ့် အခြားအသားစားငှက်များကဲ့သို. အနံ.ခံအာရုံမကောင်းတဲ့ ၇န်သူများကတော့ သူတို.ရဲ.အနံ.ကို ဂရုစိုက်နေမှာမဟုတ်ပါဘူး။ အဲ့ဒီအခါမျိုးမှာ ပျံမပြေးနိုင်တဲ့ Fulmarငှက်ပေါက်လေးတွေအနေနဲ.
ဘယ်လိုခုခံလဲကြည့်ရအောင်ဗျာ။
     သူတို.ရဲ.နောက်ထပ်လက်နက်ကတော့ အနံ.ဆိုးရုံမက အလွန်စေးကပ်တဲ့ လိမ္မော်ရောင်တောက်တောက်အရာင်ရှိတဲ့ အဆီတမျိုးကို ရန်သူ.ဆီသို. အန်ထုတ်ခြင်းပါ။ အဲ့ဒီအဆီက သူတို.အစာအိမ်ထဲက စစ်ထုတ်တဲ့အဆီတမျိုးဖြစ်ပြီး ဥမှပေါက်ပေါက်ချင်း ထိုကဲ့သို. အန်ထုတ်နိုင်တယ်လို.ဆိုပါတယ်။
     ထိုအဆီရဲ.ဆိုးရွားလှတဲ့ အနံ.ကြောင့် ရန်သူ.ထံမှကာကွယ်နိုင်ရုံမကပဲ သူတို.ရဲ.စေးကပ်တဲ့အဆီတွေဟာ ရန်သူရဲ.အတောင်တွေကိုကပ်စေးသွားစေပြီး ငှက်မွေးရဲ. ရေစိုခံနိုင်မှူစနစ်ပျက်ကာ ကျောက်ဆောင်အောက်ပြုတ်ကျပြီး ရေနစ်သေဆုံးစေနိုင်ပါတယ်။ ထို.ကြောင့် Fulmar ငှက်များမှာ မစားကောင်းတဲ့ ရွံစရာအနံ.ရှိရုံသာမက အန္တရာယ်ပါရှိတဲ့ သားကောင်ဖြစ်ပါတယ်။

9) HOOPOE
     နောက်ထပ် ငှက်တမျိုးကတော့ Hoopoe လို.ခေါ်တဲ့ လှပတဲ့အမောက်ရှိတဲ့ငှက်တမျိုးပါ။
အာဖရိက၊ ဥရောပ နဲ. အာရှတိုက်တွေမှာတွေရပြီး
မကြာသေးခင်ကမှ အစ်စရေး နိုင်ငံရဲ.အမျိုးသား
ငှက်အဖြစ် သတ်မှတ်ထားပါတယ်။
ပိန်ညှင်းငှက်နဲ. မျိုးနွယ်တူပြီး သူ.ရဲ.ထူးခြားတဲ့ကာကွယ်မှူကလဲ Fulmar နဲ.ခပ်ဆင်ဆင်တူပါတယ်။
    Hoopoe ငှက်များရဲ. စအိုနားမှာ အနံ.ဆိုးထုတ်ပေးတဲ့ ဂလင်း တခုရှိပြီး သူတိုက အဲ့ဒီအနံ.ကို သူတို.တကိုယ်လုံးမှာရှိတဲ့ အမွှေးအတောင်တွေ အားလုံးကိုသုပ်လိမ်းထားပါတယ်။ အဲ့ဒီအနံ.ကလဲ အသားပုပ်အနံ.ရှိပြီးဆိုးရွားလှပါတယ်။ ဒါကြောင့်တော်ရုံ ရန်သူကတော့ အနံ.နဲ.တင် လက်ဖျားခါသွားကြတာပါပဲ။ အဲ့ဒီဂလင်းမှအဆီက အနံ.ဆိုးနဲ. ရန်သူကိုကာကွယ်နိုင်ရုံမကပဲ ကပ်ပါးပိုးများနဲ. ဘက်တီရီးယားပိုးများကပ်တွယ်ခြင်းမှကာကွယ်နိုင်ပြီး Hoopoe များကို များစွာသော
ရောဂါများမှကာကွယ်ပေးပါတယ်။
     Hoopoe ငှက်ပေါက်လေးမှားမှာလဲ ထူးခြားတဲ့ကာကွယ်မှူစနစ်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ အန္တရာယ်နဲ.ကြုံလာတဲ့အခါ သူတို.ရဲ.ရန်သူများရဲ.မျက်နှာဆီသို. မစင်စွန်.ထုတ်ခြင်းပါ။ သာမာန် ဂလင်းက အနံ.နဲ. အတောင်တွေကိုပွတ်ထားတာတောင် ဒီလောက်ဆိုးတာ မစင်နဲ.သာ အစွန်.ခံရရင်တော့ အဲ့ဒီ ရန်သူအဖြစ်ကို တွေးသာကြည့်ပေတော့ဗျာ။

8) KILLDEER
     နောက်ထပ်တမျိုးကတော့ တစ်တီတူးနဲ. ခပ်ဆင်ဆင်တူတဲ့ Killdeer ဆိုတဲ့ငှက်ပါ။
ကနေဒါ၊ ယူအက်စ် နဲ. မက်ဆီကို နိုင်ငံများမှာ
အတွေ.များတဲ့ ဆူညံတဲ့ငှက်မျိုးပါ။ အသိုက်များကို မြေပြင်ပေါ်မှာလုပ်တတ်ပြီး သူတို.ရဲ. ဥများနှင့် ငှက်ပေါက်လေးများကတော့ ရန်သူများအတွက် အားနဲချက်ပါပဲ။
သူတို.အသိုက်များကိုကာကွယ်ဖို.အတွက်ကတော့ killdeer များမှာ ထူးခြားထက်မြက်တဲ့ ကာကွယ်နည်းရှိနေပါတယ်။ အဲ့ဒါကတော့ တောကြောင်၊ မြေခွေးနဲ. တောခွေးမျာကဲ့သို.သော
ရန်သူတွေ အသိုက်နားကပ်လာတဲ့အခါ killdeer များက ရန်သူများကို သူတို.အသိုက်မှဝေးရာကို မျှားခေါ်သွားတတ်ကြပါတယ်။ ဘယ်လိုခေါ်လဲဆိုတော့ သူတို.အတောင်များကို ကျိုးယောင်ဆောင်ကာ နာကျင်တဲ့အသံ အတုလုပ်ပြီး အသိုက်နားကပ်သွားတဲ့ရန်သူကိုအာရုံစိုက်လာအောင် လုပ်ယူပါတယ်။ တော်ရုံ ရန်သူကတော့ အသိုက်ထဲက ငှက်ပေါက်လေးထက် အတောင်ကျိုးနေတဲ့ ငှက်အကြီးဆီကိုပဲ အာရုံရောက်သွားကြပါတယ်။
(ညာဘက်ပုံကတော့ ရန်သူကို အသိုက်မှ သူ.ဆီသို.ရောက်လာရန် အတောင်ကျိုးယောင်ဆောင်ကာ  မျှားခေါ်နေပုံဖြစ်ပါတယ်)
အဲ့လိုမှ ရန်သူက သူတို.ဆီကိုထွက်မလာသေးဘူး
ဆိုရင် ရန်သူနဲ.နီးသထက်နီးတဲ့အထိသွားပြီး အတောင်ကျီုးယောင်ဆောင်ကာ ဆွဲဆောင်ပါတယ်။ ရန်သူရဲ.အာရုံကိုဆွဲဆောင်ခေါ်သွားပြီး သင့်တင့်တဲ့ အကွာအဝေးကိုရောက်တဲ့အခါမှ ထပြန်သွားတာပါ။ အဲ့ဒီလိုလုပ်တာဟာ သူတို.အတွက် အလွန်အန္တရာယ်ကြီးပေမယ့် သူတို.ရဲ.အသိုက်ကို တော့ထိရောက်စွာကာကွယ်နိုင်ပါတယ်။
     ဒါပေမယ့် ဒီနည်းစနစ်က မြေခွေးတို. တောကြောင် တို.လို အသားစားအကောင်ငယ်များကိုသာ ထိရောက်နိုင်ပြီး အရွယ်အစားကြီးတဲ့ အရွက်စား သတ္တ၀ါတွေဖြစ်တဲ့ နွားတို. မြင်းတို. လို
သတ္တ၀ါတွေနဲ.တော့ ထိရောက်မှူမရှိပဲ သူတို.အသိုက်များကိုနင်းခြေသွားကြမှာဖြစ်ပါတယ်။

0 comments:

Post a Comment