Tuesday, September 27, 2011

နာဆာ၏ အဆင့်မြင့် နည်းပညာ များကို ခေတ်နှင့် အညီ သင်ယူ လေ့လာနိုင်ရန် လိုအပ်ပြီ ဟုဆို

news
အမေရိကန် နိုင်ငံ၊ ရုရှားနှင့် ပြင်သစ် နိုင်ငံများ တွင် လက်ရှိ အသုံးပြု နေသော နာဆာ၏ အဆင့် မြင့်နည်း ပညာများကို ခေတ်နှင့် အညီ လူငယ်များ သင်ယူ လေ့လာနိုင်ရန် လိုအပ်ပြီဟု သိရသည်။ အထက်ပါနိုင်ငံများတွင် ယင်း နည်းပညာကို စစ်ရေးဘက်တွင် အဓိ က အသုံးပြုနေကြသည်။ American Spot ဂြိုဟ်တုက တစ်ဆင့်ပို့တဲ့ အချက်အလက် တွေနဲ့ တစ်နိုင်ငံလုံး မှာရှိတဲ့ မြေသယံဇာတ၊ ရေအောက် သယံဇာတ၊ သစ်တောသယံဇာတ တွေကို ချက်ချင်းမြေပုံပေါ်မှာ ကြည့် နိုင်တဲ့ နည်းပညာတစ်ခုပါ။ ဥပမာ အနေနဲ့ ရေကြီးလို့ လွှမ်းသွားတဲ့ မြေ ဧကတွေ၊ စိုက်ပျိုးသီးနှံအောင်မြင်မှု နဲ့နှုန်းထုား၊ ဆန်ရေစပါးတိုးတက်မှု၊ ဆုတ်ယုတ်မှုစတဲ့ မျက်စိနဲ့ မမြင်နိုင် တဲ့ အရာတွေကို Specturm လိုင်းခွဲ များစွာနဲ့ တွက်ချက်လို့ရပါတယ်။ အထူးသဖြင့် တိုင်းပြည်တစ်ပြည်အုပ် ချုပ်တဲ့အခါ မှန်ကန်တဲ့ ဒေတာအ ချက်အလက်တွေရဖို့ လိုအပ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာက သင်ကြား ပေးနေတဲ့ ဒီအဆင့်မြင့်နည်းပညာ တွေကို ခေတ်နဲ့အညီလူငယ်တွေ တတ်မြောက် ဖို့ လိုအပ်ပါတယ်” ဟု ဘူမိဗေဒ (အငြိမ်းစား)ပါမောက္ခတစ်ဦး ကပြောသည်။ ထို့အပြင် တိုင်းပြည် တစ်ပြည် အတွက် အရေးကြီး ဆုံးရာသီဥတုပြောင်း လဲမှုကို ရေဒါနှင့် ဂြိုဟ်တုမှ ရိုက်ကူး ထားသော ဓာတ်ပုံများအရ နာဆာ၏ LANDSAT နည်းပညာဖြင့် တွက် ချက်နိုင်မည်ဆိုပါက မည်သည့်အချိန် ရာသီဥတုဖောက်ပြန်မည်ကို ရာနှုန်း ပြည့်နီး ပါးမှန်ကန်စွာ တွက်ချက်နိုင်၍ ကြိုတင် သတိပေးမှုပြု လုပ်နိုင်ကြောင်း သိရသည်။
“မုန်တိုင်းဘယ်အချိန်ကျမယ် ဆိုတာကို လေဖိအားနဲ့ မိုးရေချိန်တိုင်း တာကို တွက်ချက်မယ့်အစားအချိန်နဲ့ တစ်ပြေးညီ ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို နာဆာရဲ့ Brand တွေ နဲ့ ခွဲကြည့်မယ်ဆိုရင် လူသိန်းနဲ့ချီပြီး သေရတဲ့ဖြစ်ရပ် မျိုးတွေ မဖြစ်နိုင်တော့ ဘူး။ ဒါကြောင့်ဒီနည်းပညာတွေက မိုးလေဝသကျွမ်းကျင်ပညာရှင်တွေ အတွက် အရမ်းလိုအပ်တဲ့ နည်းပညာ တစ်ခုပါ” ဟု High Tech နည်းပညာ အသုံးပြုနေသူတစ်ဦးကဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် နာဆာ ၏ အဆင့်မြင့်နည်းပညာအသုံးပြုနိုင် သူဦးရေမှာ လက်ချိုးရေလျှင် လက် ငါးချောင်း မပြည့်သေးပေ။ ဆိုရှယ်လစ် အစိုးရခေတ်၌ သာယာ ဝတီလွှတ် တော် အမျိုးသမီး အမတ်တစ်ဦးသည် လယ်မြေဧကဖြစ်ထွန်းမှုကို ထန်းပင် ပေါ်တက်၍ ဓာတ်ပုံရိုက်မှတ်တမ်းယူ သကဲ့သို့ ဂြိုဟ်တုများလွှင့်တင်နိုင် သည့် အခါ World Vision နည်းပညာ ဖြင့် တွက်ချက် နိုင်ပြီဖြစ်သည်။
“ဒီနည်းပညာက သုံးတဲ့ Sensor ပေါ်မူတည်ပြီး အကျိုးသက် ရောက်မှုက ကွာတယ်။ ကိုယ့်ဘယ် နေရာမှာ သုံးမှာလဲ။ ဥပမာ ငလျင် လှုပ်မှာကို တွက်မှာလား။ အဲဒီအခါ ကျရင် နာဆာရဲ့ band combination တွေကို အသုံးပြုပြီး တွက်ချက် နိုင်ပါတယ်” ဟု ၎င်းကပြောသည်။ ၁၉၇၀ ခုနှစ်တွင် နာဆာ၏ အဆင့်မြင့်နည်းပညာများကို မြန်မာ နိုင်ငံမှ ဘူမိဗေဒပညာရှင်တစ်ဦးက ကိုလံဘိုအစီအစဉ်ဖြင့် သွားရောက် သင်ယူနိုင်ခဲ့ပြီး လက်ရှိတွင် ယင်း နည်းပညာအသုံးပြုနိုင်သူမှာ သုံးဦးသာ ရှိနေသေးသည်။ ထို့ကြောင့် ထပ်မံ ဖြန့်ဝေရန် ခက်ခဲသည့် အဆင့်မြင့် နည်းပညာများကို လူငယ်များအား ပြည်ပတွင် ပညာတော်သင်စေလွှတ် မည်ဆိုပါက မြန်မာနိုင်ငံတိုးတက်ရေး အတွက် အထောက်အပံ့ တစ်ခုဖြစ်နိုင် ကြောင်းသိရသည်။

0 comments:

Post a Comment