Tuesday, September 20, 2011

ရှားပါးသော BoBocatခေါ်ကျားသစ်ကြောင်မျိုး

အမေရိကန် နိုင်ငံ Arizona ပြည်နယ်တွင် ရှီသော ဓါတ်ပုံဆရာတစ်ယောက်သည် မထင်မှတ်သည့် အဖြစ်တစ်ခုကိုကြုံတွေ့ လိုက်ရသောကြောင့်အခုလို ဓါတ်ပုံရိုက်ကာတင်ပြလိုက်ရခြင်းဖြစ်ပါသည် ။ ရှားပါးအကောင်တစ်မျိုးဖြစ်တဲ့ ကျားသစ်ပုံစံကြောင်မျိုးဖြစ်ပါတယ်။ ထိုကြောင်မျိုးအမည်သည် Bobocat ဖြစ်ပြီးထိုကြောင်မျိုးများသည် အခြားကြောင်များကဲ့သို့ လူတွေနှင့်အနီးကပ်တွင်နေ့ လေ့မရှိပါ ထိုကြောင်တွင်ထူးခြားချက်များလည်း ရှိပါသည် ၄င်းကြောင်၏နားရွက်ထိပ်တွင် အချွန်နှစ်ခုပါရှိပါတယ် ။ ထိုကြောင်သည် ယခုတော့ အန္တာရယ်များလှတဲ့ cactus ဆိုတဲ့ မျိုးရိုင်းရှားစောင်းပင်ပေါ်တတ်ကာနေပါတယ် ထိုအပင်ပေါ်တွင် ၆ နာရီကြာမျှအထိထိုင်နေပါသည်။ရှားစောင်းအပင်၏ အမြစ်သည် ပေ50 (15မီတာ)မြင့်ပါသည်။ ထိုအပင်၏ကိုယ်ထည်များတွင် အဆူးများနှင့်ပြည့်နှက်နေပါသည် ။ ကျားသစ်ကြောင်အပင်ပေါ်သို့ တတ်သွားရာတွင် ၄င်း၏ကိုယ်တွင် သွေးများပေနေခြင်းအ ဆင်းရာများဖြစ်နေခြင်းလုံးဝမရှိပါ ထို့ ကြောင့်ထိုကြောင်သည် အခြားကြောင်များနှင့်မတူပဲ ဖြစ်ပါသည် ။ အခြားသတ္တ၀ါများကိုအန္တာရယ်ပေးခြင်းအလျင်းမရှိပါ ။ရန်မှုလာသော သားကောင်များကို မိမိလက်သည်များဖြင့် ကုတ်ခြစ်တတ်ပါသည် ။ သို့ သော်ရှားပါးသော သတ္တ၀ါတစ်ကောင်ဖြစ်ပါသည်။
ရှားစောင်းအပင်စောင်း ၏အမြင့်နှင့် ၄င်းအပင်ပေါ်ရှီ ကျားသစ်ကြောင် Bobocat
အပင်ကို ၄င်း၏ကိုယ်ထည်ဖြင့် အတင်းဖတ်တွယ်ကာနေပါသည်
နားရွက်ထိပ်တွင် အချွန်များနှင့် ၄င်း၏ပုံစံသည် ကျားသစ်ပေါက်ကလေးတစ်ကောင်လားအဖြစ်နေပါသည်။။
ဘာရယ်မဟုတ်ပါ ဗဟုသုတလေးတစ်ခု ရစေ၇န်ရည်ရွှယ်ကာတင်ပြလိုက်ခြင်းဖြစ်ပါသည်..။
အမှားအယွင်းများရှိလျှင်ခွင့်လွှတ်ပေးကြပါခင်ဗျာ.... အားလုံးကိုကျေးဇူးတင်ပါသည်...

0 comments:

Post a Comment