Tuesday, September 27, 2011

အိမ်ထောင်ရှင် အမျိုးသားများ သတိပြုရန်...

ဝါကျွတ်လို့မင်္ဂလာဆောင်ပြီးသွားကြရင် အိမ်ထောင်ရှင်အမျိုးသား၊အမျိုးသမီးတွေ ဖြစ်သွားကြပြီနော်။အဲဒီအချိန်ကျရင်အိမ်ထောင်မှု့ပျော်ရွှင်အောင်အိမ်ထောင်ရှင်အမျိုးသား၊
အမျိုးသမီးများ သတိပြုရမယ့်အချက်လေးတွေကို ရေးသားတင်ပြပေးထားတာပါ။
ဒီစာမူလေးကို ရွှေဘိုဦးစံတင်အောင်ရေးတဲ့ သူ့နိုင်ငံ၊သူ့ဓလေ့ ဆိုတဲ့စာအုပ်ထဲကပြန်ပြီး စုစည်းရေးပေးထားခြင်းဖြစ်ပါသည်။လိုတာပိုတာရှိရင်လည်း သည်းခံခွှတ်လွှတ်ပြီးဖတ်ပေးကြပါ လို့မေတ္တာရပ်ခံပါတယ်။
ပထမဆုံးအနေနဲ့ အိမ်ထောင်ဦးစီးဖြစ်လာတော့မယ့် အိမ်ထောင်ရှင်အမျိုးသားများဟာ ကိုယ့်ရဲကြင်ယာသက်ထားမဟေသီစိတ်ချမ်းသာအောင် ဘယ်လိုထားမလည်းဆိုတာကို သတိပြု
ရမယ့်အချက်များဖြစ်ပါတယ်။
(၁) ယခင်က ချစ်သူဘဝမှ အလိုအလျောက်ပြုခဲ့သော ကြင်နာ ယုယမှု့လေးများကို ဆက်လက်ကျင့်သုံးရန် မမေ့လျော့ပါနှင့်။
(၂) သင်၏အားလပ်ချိန်များတွင် သင့်ဇနီးပါဝင်ဝေမျှ မခံစားနိုင်သော ဝါသနာလုပ်ငန်းများဖြင့်
သာ အချိန်မကုန်ပါစေနဲ့။
(၃) သင်၏ ဝတ်စားဆင်ယင်မှု့ကို မေ့လျော့ ပစ်ပယ်မထားပါနဲ့။ တကိုယ်ရေသန့်ရှင်းသပ်ရပ်မှု့၊ အဝတ်အစား စသည့်အရေးများ၌ ရှေးယခင်လူပျိုဘဝကကဲ့သို့ပင် ဂရုစိုက်ပါ။
(၄) ညအိပ်ပြန်နောက်ကျသည့်အတွက် မဟုတ်သော အကြောင်းပြချက်များဖြင့် လုပ်ကြံဇာတ်
မခင်းပဲ၊ အမှန်အတိုင်းသာပြောပါ။
(၅) နံနက်အလုပ်ခွင်သို့ အိမ်မှအထွက်တွင် သင့်ဇနီးကို ချစ်ခင်ယုယစွာ“နှုတ်ဆက်”
ရန်မမေ့ပါဖို့ပါ။
(၆)အိမ်အပြန် ညနေခင်းတွင် သင်၏လုပ်ငန်းခွင် ပြဿများကိုသာ ပြောဆိုနေခြင်းဖြင့် အခြားကိစ္စများအတွက် အချိန်မကျန်တော့အောင် မပြုမှုပါနှင့်။ သင့်ဇနီးမှာလည်း သင့်ကို ဖွင့်ဟညည်းညူခြင်း မပြုသော ပြဿနာ အခက်အခဲများ မုချရှိနေပါလိမ့်မည်။ သူမ၏ အိမ်တွင်းမှု
ပြဿနာများကိုလည်း စာနာစိတ်ပွား၍ နားထောင်ရန်မမေ့ပါနှင့်။
(ရ) သင့်ကို ပြုစုယုယနေရန် အမြဲတောင့်တ မျှော်လင့်မနေပါနဲ့။ တစ်နေ့တာကုန်ဆုံးချိန်တွင်
သင့်ဇနှီးသည်လည်း သင့်နည်းတူ ပင်ပန်းနွမ်းနယ်လျက် ရှိမည်ကို အမှတ်ရပါ။
(ဂ) သင်တို့ဇနီးမောင်နှံ နှစ်ဦး၏ နှစ်ဘက်ချစ်ခြင်းမေတ္တာသည် ထပ်မံဖွင့်ဟ ပြောဆိုရန် မလိုအပ်ဟု ယုံမှတ်ခြင်း မပြုပါနဲ့။ ဇနီးသည်တစ်ဦးဘက်မှမှု ချစ်လင်ဖြစ်သူ၏ ချစ်မေတ္တာစကား
သက်သေကို အမြဲတောင့်တလိုအပ်လျက် ရှိပါသည်။သင့်ဇနီးကို သင့်နောက်မှာ အမြဲမထားပါနှင့်။
သူမကိုရှေ့တန်းတင်ပေးပါ။
(၉) သင့်အကြောင်းချည်းသာ သင်မပြောပါနှင့်။ သင့်ကိုယ်သင်နားလည်သည်ထက် သင့်ဇနီးကို ပို ၍နားလည်နေတတ်ပါလိမ့်မည်။
(၁၀) အိမ်တွင်းမှု့အစီအမံများ၌ ဝင်ရောက်စွတ်ဖက်ခြင်း မပြုပါနဲ့။ အိမ်ထောင်ထိန်းသိမ်းမှု့
လုပ်ငန်းများနှင့် ပက်သက်၍ ယောက်ျားများထက် မိန်းမများကပို၍ နားလည်သောကြောင့်ဖြစ်ပါသည်။
(၁၁) စားသောက်ချိန် မိနစ်အနည်းငယ်မျှနောက်ကျရုံဖြင့် ဒေါသမထွက်ပါနှင့်။ ယောက်ျားများ
နားမလည်နိုင်သော အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာ၍ ထမင်းစားနောက်ကျခြင်း ဖြစ်သည်ဟု
တွေးထားသင့်ပါသည်။
(၁၂) ငွေကြေးနှင့်ပက်သက်၍ မကတ်သတ်ပါနဲ့။ ဇနီးကောင်းတစ်ဦးသည် လင်ယောက်ျား၏ ငွေကို ဖြုန်းတီးပစ်လေ့ မရှိပါဘူး။
(၁၃) လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေသည်ဖြစ်က အိမ်တွင်းမှု လုပ်ငန်းများတွင်
တာဝန်ခွဲယူလုပ်ကိုင်ရန် မမေ့ပဲ၊ မောင်တစ်ထမ်းမယ်တစ်ရွက် တာဝန်ယူပေးပါ။
(၁၄) မိမိဇနီးအပေါ်တွင် ကောက်ကျစ်သိမ်ဖျင်းသော အပြုအမှုကို မပြုကျင့်ပါနှင့်။ ပုန်းလျှိုးကွယ်လျှိုးမပြုပါနဲ့။ အမှန်တရားကို မည့်သည့်ပုံစံဖြစ်စေ ရှောင်လွှဲရန်မကြိုးစားပဲ၊
မိမိဇနီးမယားပေါ် ပွင့်လင်းပါ၊ လှိုက်လှဲပါ၊ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်းဖြင့် မိမိဇနီးမယားအပေါ်
လေးစားတန်ဖိုးထားပေးပါ။
ချစ်သူဇနီး
စဉ်မနွမ်းအောင်
တတ်စွမ်းယုယ ကြင်နာပြပါ။
ချစ်သူ သက်ထား
ရှုမငြီးကို
တိုးပြီးစဉ်သာ ကြင်နာပါ။
ရည်မွန် ပြောကြား
ဇနီးများပေါ်
ယောက်ျားပီသ
ဂုဏ်စွမ်းပြပါ။
အမှားတစ်စုံတစ်ခု ပါရှိခဲ့သော် ကျွန်တော်၏အမှားများ၊ ချွတ်ယွင်းမှု့များသာ ဖြစ်ပါလိမ့်မယ်။
ထိုအမှားများအား ခွင့်လွှတ်ကြပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။
ကျွန်တော်၏ တင်ပြချက်များသည် စာဖတ်သူသူငယ်ချင်းများအား တစ်စုံတစ်ခုသော အတိုင်းအတာ
တစ်ခုအထိ နှစ်သက်ကျေနပ်မှု ရှိကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်။

0 comments:

Post a Comment