Thursday, September 8, 2011

Import facebook friends to Google plus

Google Plus နဲ့ ပက်သက်ပြီးတော့ အခုတလောရေပန်းစားနေတော့ ဒီကိစ္စနဲ့ပက်သက်ပြီတော့ဘဲ တင်ရမှာပေါ့။ ဆိုတော့ ပထမဦးဆုံး Google plus account မရှိသေးဘူးဆိုရင်

Google Plus အသုံးပြုနည်း။ မှာမှာရေးထားပါတယ် ဖတ်ကြည့်လိုက်ပါ။ Account ရှိပြီးသား

လူတွေအတွက်ကတော့ Google Plus မှာ အသုံးပြုရတာပျော်ပေမဲ့ facebook မှာလောက် Friends မများ
တော့ ပျင်းနေမှာပေါ့။ ဒီအတွက် Google plus က facebook က friends တွေကို တိုက်ရိုက်တော့ သွင်းခွင့်
မပြုပါဘူး။ ဒါပေမဲ့ တခြား Indirect နည်းဖြစ်တဲ့နည်းနဲ့ facebook က friends တွေကို invite လုပ်လို့ရပါတယ်။
Friends တွေကို facebook ကနေ invite လုပ်တဲ့နည်းက နှစ်မျိုးရှိပါတယ်။ တမျိုးက Yahoo account ကနေ
တဆင့်လုပ်တာရယ်၊ Google Chrome ရဲ့ Plugin ကနေလုပ်တာမျိုးရှိပါတယ်။  ကျွန်တော်တို့ သိတဲ့အတိုင်း
Facebook နဲ့ Google plus က အပြိုင်အဆိုင် Social Networking Site ကြီးဆိုတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က
အမျိုးမျိုး invite လုပ်လို့မရအောင် ပိတ်ပင်ထားကြတာပေါ့ ဆိုတော့ အခုလုပ်ရမှာ လွယ်တော့ သိပ်မလွယ်
လှဘူး ဒါပေမဲ့ အောက်ပါနည်းလမ်းတိုင်း ကျွန်တော်နဲ့ အတူတူလိုက်လုပ်ရင် အဆင်ပြေမှာပါ။

ဆိုတော့ ပထမဦးဆုံး Google Chrome browser နဲ့ ဖွင့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အများစုကတော့
Firefox ဘဲသုံးကြမှာပါ ဒါကြောင့် Download လုပ်ဖို့လိုခဲ့သော် (http://www.google.com/chrome)
မှာ Download လုပ်ပြီး Internet ကို ဒါနဲ့အသုံးပြုပါ။

ဒုတိယအနေနဲ့ Chrome ကိုဖွင့်ပြီးဆိုရင် Chrome store ဖြစ်တဲ့ (https://chrome.google.com/webstore) ကိုသွားပြီး Search box မှာ (facebook Friend exporter)
ကိုရှာပါ ဒီမှာ  Facebook Friend Exporter ကို Plugin ကိုတွေ့ရပါမယ် Free ပါဘဲ Download လုပ်ပါ။
ပြီးတော့ Install ပေါ့ Install ကတော့ သူအလိုအလျှောက်လုပ်သွားပါမယ်။ ပြီးတဲ့အခါမှာ Chrome ကို
ပိတ်ပြီး ပြန်ဖွင့်ပါ။

တတိယအနေနဲ့ Chrome ကနေ www.facebook.com ကိုသွားပါ ဒီအခါမှာ
အပေါ်က Home | Profile | Account ဆိုပြီးရှိတဲ့နေရာမှာ Export Friends! ဆိုတာ တိုးလာတာကိုတွေ့ရပါမယ်။ ဒီမှာ နှိပ်လိုက်ပါ။ ပြီးတော့ redirect now ကိုနှိပ်ပါ။
ပြီးတဲ့အခါမှာ I have read the Terms of Service.  ဘေးနားက Box လေးကို အမှန်ခြစ်ပေးပါ။
ပြီးတော့ Let start! ကိုနှိပ်ပြီး ဒီအခါမှာ facebook က friends ကိုတွေကို loading လုပ်ပါမယ် ခဏစောင့်ပါ။ ပြီးတဲ့အခါ ပေါ်မှာ let's start ပေါ်မယ် ဒါကိုပြန်နှိပ်ပေးပါ။ ဒီအခါမှာတော့ Email လိပ်စာတွေကို စုဆောင်းပေးနေတာဖြစ်တဲ့ အတွက်  Friends အရည်အတွက်များလေ အချိန်ပိုကြာလေ
ဖြစ်ပါမယ်။ ပြီးတဲ့အခါမှာ ဒီ Plugin က Facebook မှာ email ထည့်ထားတဲ့ friends တွေလောက်ကိုဘဲ
စုစည်းပေးမှာဖြစ်ပါတယ်။
(Note:အဓိကအရေးကြီးဆုံးက ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ facebook ကိုတော့ဖွင့်ထားပါ ဒါပေမဲ့ 
လုံးဝ မထိပါနဲ့၊)
အားလုံးပြီးတဲ့အခါမှာ အောက်ပါပုံလေးပေါ်လာပါမယ်။ gmail ထဲကို တခါတည်း သွင်းခြင်ရင်တော့

gmail ပုံလေးကိုနှိပ်လိုက်ပါပြီးတော့ Grand access ကိုနှိပ်ပါ ဒါဆိုရင်တော့ ကိုယ့်ရဲ့ Gmail contact ထဲကို
ရောက်ပါပြီး ဒါဆိုရင်တော့ Google Plus ကနေ အေးအေးဆေးဆေးပြန်ပြီး Invite လုပ်လို့ရပါပြီး

ဒါနဲ့ ကျွန်တော်ရဲ့ ဒီဟာကိုလုပ်တာ ကျွန်တော်ရဲ့ facebook က friends က 4000 လောက်ရှိတာဆိုတော့
တနေ့လောက်ကြာပါတယ်။ ဒါကြောင့် အချိန်ပေးရတယ်ဆိုတာလဲ သတိပေးချင်ပါတယ်။

0 comments:

Post a Comment