Friday, September 30, 2011

ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်သူဌေးကြီး ဘူဖတ် လူသားချင်းစာနာမှုအလှူ ဒေါ်လာ ၃၇ ဘီလျံ လှူလိုက်ပြီ

မေရိကန်ဒေါ်လာ ဘီ
လျံ ကြွယ်သူဌေးကြီး ဝါရင်းဘူဖတ်သည် ဆယ်စုနှစ်များကြာအောင် စနစ် တကျစောင့် ကြည့်လေ့လာနေခဲ့ပြီး ကြီးမား လှသော ငွေပမာဏဖြစ် သည့် ဒေါ်လာ ၃၇ ဘီလျေံကို လှူ လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဘီလ်ဂိတ်၏ စာနာမှု ဖောင်ဒေးရှင်း သို့ ယခုကဲ့သို့ များပြားလှသော ငွေ ကြေးပမာဏကို လှူဒါန်းရသည့် အတွက် သူ့အနေဖြင့် အလွန်ပင်ဝမ်း သာရပါကြောင်း ဖော်ပြထားသည်။ ဤကဲ့သို့လုပ်ဆောင် ရန်လွန်ခဲ့သော နှစ် ၅ဝ ခန့်ကပင် မိမိ၏စိတ်ကူးထဲ တွင် ရှိနေပြီး နောက်ဆုံးထိုငွေများ ကို မည်သည့် နေရာတွင် အကျိုးရှိရှိ အသုံးပြုနိုင်မည်ဆိုသည်ကို မသိ ရှိခဲ့ကြောင်း ဘူဖတ်က ထုတ်ဖော် ပြောကြား သည်။  ၄င်းဖောင်ဒေးရှင်းအဖွဲ့၏ ရည် ရွယ်ချက်မှာ ကမ္ဘာပေါ် တွင် ပညာရေးအသိ ကို မြှင့်တင်ပေးပြီး ရောဂါ အမျိုး ၂ဝ ကို တိုက်ဖျက် နိုင်ရန် ပင်ဖြစ်ကြောင်း   ဖော်ပြထား သည်။ မိုက္ကရို ဆော့ဖ်ကုမ္ပဏီသူဌေးကြီး ဘီလ်ဂိတ်၏ဖောင်ဒေးရှင်း တစ်ခုဖြစ်သည Bill and Melinda Gates Foundation သည် ရန်ပုံငွေ ဒေါ်လာ ၂၉ ဒသမ ၁ ဘီလျံရှိပြီး ၁၉၉၄ ခုနှစ်က ၁ဝ ဒသမ ၅ ဘီလျံ ရှိခဲ့သည်။ ဖွံ့ဖြိုးမှု နည်းပါးခြင်း၊ ဆင်းရဲမွဲတေခြင်းကို လျော့ကျစေပြီး ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေးလုပ်ငန်းများ တိုးတက် မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းထား သော အဖွဲ့ဖြစ်သည်။ ထိုအလှူငွေ များ၏ စုစုပေါင်း ၇ဝ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံ၏ အပြင်ဘက်နိုင်ငံ များတွင် အသုံးပြုကြမည်ဖြစ်သည်။  ယခုဒေါ်လာ ၃၇ ဘီလျံမလှူ မီ ဘူဖတ်သည် ကမ္ဘာ့အချမ်းသာ ဆုံးသူဌေးကြီးအဖြစ် ပိုင်ဆိုင်ငွေ ဒေါ်လာ ၆၂ ဘီလျံကြွယ်ဝသူအဖြစ် ခန့်မှန်းထားခဲ့ကြသည်။ သူသည် လက်ရှိကာလတွင် ဒုတိယမြောက် ကမ္ဘာ့ သူဌေးကြီးအဖြစ် ရပ်တည်ဆဲ ဖြစ်သည်။


KLMA Ref: CNN

( ကမ္ဘာ့သူဌေးကြီး ၅ ဦးစာရင်း )

အမည်                            နိုင်ငံ                         ပိုင်ဆိုင်ငွေ ဒေါ်လာဘီလျံ                                လုပ်ငန်း

ဘီလ်ဂိတ်                    အမေရိကန်                              ၅ဝ                                   မိုက္ကရိုဆော့ဖ်ကုမ္ပဏီ
ဝါရင်းဘူဖတ်                အမေရိကန်                              ၄၂                                   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
ကာလို့ဆလင်း              မက္ကဆီကို                                ၃၀                                    စက်မှုလုပ်ငန်းများ
အင်ဂါဗာကင်းဘတ်         ဆွီဒင်                                    ၂၈                                    အိုင်ကီယာကုမ္ပဏီ
လက်ရှ်မီးမစ်တဲ              ဗြိတိန်                                 ၂၃.၅                                    သံမဏိလုပ်ငန်းများ

0 comments:

Post a Comment