Sunday, September 25, 2011

ချစ်လားမချစ်လားသိဖို့အတွက်အားလုံးကို နည်းလမ်း၁၂ ခုဝေမျှပေးချင်ပါတယ်။

ချစ်လားမချစ်လားသိဖို့အတွက်အားလုံးကို နည်းလမ်း၁၂ ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့ ကိုယ့်ဘာသာစမ်းသပ်ကြည့်ကြပါ။ ဖတ်ပြီးရင်လည်း ဝေဖန်ချက်လေးပေးကြပါဦးနော်။ ဆက်ရေးဖို့အတွက်
ခွန်အားလေးများပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ချစ်လားမချစ်လားသိဖို့အတွက်နည်းလမ်း ၁၂ သွယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါမှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။
အသင့်နှလုံးသားထဲမှာရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပါ...။

0 comments:

Post a Comment