Sunday, September 18, 2011

နျူကလီးယား=ယူရေနီယမ် ( Uranium )

ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။



၁၉၃၄-ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် Enrico Fermi ခေါင်းဆောင်ပြီး နျူကလီးယားစွမ်းအင် စက်ရုံတွင် ယူရေနီယမ်ကို လောင်စာအဖြစ် အသုံးပြုခဲ့ပြီး၊ ယူရေနီယမ် နျူကလိယက်စ် ပြိုကွဲရာမှ စွမ်းအင်ထွတ်ပေါ်လာမှု့ကို သိရှိပြီးနောက် နျူလက်နက် ကိုစမ်းသပ် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါစကီမြို့ နျူကလီးယားဗုံးကြဲ ခံရခြင်းတွင် နျူကလီးယားစွမ်းပကားကို တွေ့မြင်ခဲ့ကြရသည်။ ယူရေနီယမ်သည် စက်မှု့စွမ်းအားအတွတ် အဓိကပင်မ အရင်းအမြစ် ဖြစ်လာတာနဲ့အမျှ ၁၉၅၄-ခုနှစ်တွင် အမေရိကန်တို့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ရေချနိုင်ခဲ့သည်။ သက္ကရာဇ် 2000ပြည့်နှစ်တွင် တကမ္ဘာလုံး လျှပ်စစ်စွမ်းအင် ၄၀% ကို နျူကလီးယား ဓာတ်ပေါင်းဖို ( Nuclear Reactors ) များမှ ရရှိသည်။ ထို့ကြောင့် ၂၁ရာစုတွင် နျူစွမ်းအင်သည် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ၊ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်စွမ်းအင် ရရှိရန် အရေးပါလာသည်မဟုတ် သုတေဿန ပြုလုပ်ဆောင်ရွက်ချက်များ ၊နှင့်ဆေးပညာဆိုင်ရာ လုပ်ငန်းများတွင်ပါ စမ်းသပ်လုပ်ဆောင် လာကြသည်။ နျူစွမ်းအင်သည် လူသားတို့အတွတ် အကျိုးပြု သည်မဟုတ် ၊နျူကလီးယားဗုံး ပေါက်ကွဲရာမှ ထွတ်လာသော ရောင်ခြည်များ၊ နျူဓာတ်ပေါင်းဖိုများမှ ထွတ်လာသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရန် ၊နျူဓာတ်ပေါင်းဖိုများနှင့် နျူစမ်းသပ် လုပ်ဆောင်သော လုပ်သားများ အနေဖြင့် အန္တာရာယ် ရှိလှသည်။

Uranium Ore


Uranium Ore


ယူရေနီယမ် သတ္တုကို သမုဒ္ဒရာကြမ်းပြင်များ ၊ကျောက်တောင် များနှင့် မြေထုထဲတွင် တွေ့ရှိ ရသည်။ ယူရေနီယမ်သည် ကမ္ဘာ့မြေသား တစ်သန်းပုံ နှစ်ပုံခန့်သာ တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ်ကို သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ ရုရှား၊ ဥဇဘက်ကစ္စတန် နိုင်ငံများတွင် အဓိကတွေ့ရသည်။ သဘာဝတွင် သန့်စင်သော ယူရေနီယမ် ကို သီးသန့်မတွေ့ရှိရပဲ အောက်ဆိုက် များအနေနဲ့ဖြင့် Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) အနေဖြင့် တွေ့ရသည်။ 

သဘာဝတွင် ယူရေနီယမ် အိုက်ဆိုတုပ် အမျိုးအစားသုံးမျိုးကို ပါဝင်ကိန်း အားဖြင့် 238U-99.284% ,235U-0.711% နှင့် 234U-0.0058% တွေ့ရ သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများ အတွတ် 235U 3-5% နှင့် နျူကလီးယား လက်နက်များထုတ်ရန် 235U 90% သန့်စင်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ယူရေနီယမ် အိုက်ဆိုတုပ် - ၂၃၅ ( 235U ) သည်သာ fission reaction ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ Fission reaction ဆိုသည်မှာ ယူရေနီယမ် အက်တမ်များကို နျူထရွန်နှင့် ဆက်တိုက် ဆက်ခါ ခွဲစိတ်တဲ့အခါ အပူစွမ်းအင် ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝတွင် 235U ကို ပမာဏ အနည်းငယ် ( 0.7% ) သာတွေ့ရတာကြောင့် ပေါများအောင် ( Enrichment ) လုပ်ပေးရသည်။ Fission reaction မဖြစ်နိုင်သော 238U အိုက်ဆိုတုပ်ကို Fertile material ဟုခေါ်ပြီး fission reaction ဖြစ်နိုင်အောင် ၄င်းအိုက်ဆိုတုပ်ကို 239Pu အဖြစ်ပြောင်းယူရသည်။ ယူရေနီယမ်သတ္တုရဲ့ သက်တမ်းဝက် (Half-life)သည် 4.5 ဘီလီယမ်နှစ် ကြာမြင့်သည်။ သက်တမ်းဝက် (Half-life) ဆိုသည်မှာ မူလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ယူရေနီယမ် ၁၀၀ ဂရမ် ရှိသည် ဆိုပါဆို့။ နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် အချိန်ကြာမြင့်လျှင် ၅၀ ဂရမ်သာ ကျန်ရှိပေလိမ့်မည်။ နောက်နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် ကြာမြင့်လျှင် ၂၅ ဂရမ်သာ ကျန်ရှိပေတော့မည်။

Type of Radiation
ရေဒီယိုသတ္တိကြွခြင်း ( Radioactivity ) ဆိုသည်မှာ မတည်မြဲသော နျူးကလိယက်စ်မှ အယ်လ်ဖာရောင်ခြည် ( Alpha Ray ) ၊ဘီတာရောင်ခြည် ( Beta Ray ) ၊နှင့် ဂမ်မာရောင်ခြည် ( Gamma Ray ) များ ထွတ်လွှတ်နေခြင်းသာ ဖြစ်သည်။ အယ်ဖာရောင်ခြည် (α-ray) သည် ဟီလီယမ် (4He2) အက်တမ်၏ နျူးကလိယက်နှင့် ဆင်တူပြီး အပေါင်းဓာတ် ( Positive Charge ) ဆောင်သည်။ အယ်လ်ဖာရောင်ခြည်သည် အရေပြား ၊စက္ကူစသည် ဖောက်ထွင်းမသွားနိုင်ပေ။ ဘီတာရောင်ခြည် (β-ray) သည် မှန်၊ သတ္တုပြားစသည် မဖောက်ထွင်းနိုင်။ ဂမ်မာရောင်ခြည် (γ-ray) သည် ဖောက်ထွင်မှု့ အကောင်းဆုံးရောင်ခြည် ဖြစ်သည်။ ဂမ်မာရောင်ခြည်ကို ခဲတုံး ( Lead - ဓာတုသင်္ကေတ Pb ) ဖြင့်ဖောက်ထွင်းနိုင်မှု့ကို နည်းအောင် ပြုလုပ်နိုင်သည်။ နျူထရွန် ( neutron ,n0 )ကို သဘာဝအတိုင်း မတွေ့နိုင်။

တူးယူရရှိလာတဲ့ Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) ယူရေနီယမ် ပါဝင်တဲ့သတ္တုရိုင်းများကို အမှုန့်ကြိတ်ပြီး၊ အ၀ါရောင် ယူရေနီယမ်အောက်ဆိုက် ( Na2U2O7.6H2O ) ခေါ် Yellow Cake ရအောင် အဆင့်ဆင့် ပြုလုပ်ရယူသည်။

Yellow Cake
Yellow Cake တွင် အလေးချိန် အားဖြင့် ထရိုင် ယူရေနီယမ် အောက်တာ အောက်ဆိုက် U3O8 70-90% ၊ ယူရေနီယမ် ဒိုင်အောက်ဆိုက်UO2 နှင့် ယူရေနီယမ် ထရိုင်အောက်ဆိုက် UO3 တို့ပါဝင်သည်။ Yellow Cake မှသန့်စင်တဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3 ) ကိုခွဲထုတ်ယူရသည်။

ထို့နောက် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များအတွတ် အသုံးပြုရန် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ (235U ) ပေါများအောင် ပြုလုပ်ယူရသည်။ သဘာဝတွင် 235U 0.7% သာပါဝင်သည်။ ရရှိလာတဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3) မှ ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ ( 235U ) ခွဲထုတ်ရန် ယူရေနီယမ် ဟက်ဆာဖလိုရိုက် ( UF6 ) အဖြစ် ပြုလုပ်ရယူသည်။

ရရှိလာတဲ့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်တွင် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ မှာ 0.7% သာပါဝင်သောကြောင့် နျူဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် သုံးရန် 235U အိုက်ဆိုတုပ်ကို Centrifugal Method သို့မဟုတ် Gaseous diffusion Method တို့ဖြင့် ပေါများအောင် ( Enrichment ) လုပ်ယူရသည်။ ထို့နောက် ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို ယူရေနီယမ် ဒိုင်အောက်ဆိုက် ( UO2 ) အဖြစ် ပြောင်းလဲလိုက် သောအခါ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များတွင် လောင်စာအဖြစ်သုံးရန်အသင့်ရရှိသည်။

Simple Centrifugal Mechine
Centrifugal Method နည်း သည် 235U ပေါကြွယ်ဝစေရန် အသုံးများသော နည်းလမ်း ဖြစ်သည်။ ဒီနည်းတွင် အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ 238U အိုင်ဆိုတုပ်သည် ပြွန်အောက်ခြေ တွင်စုပြီး ၊ ပေါ့တဲ့ 235U ကို သီးသန့်ထုတ်ယူသည်။ သည်နည်းအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ယူရသည်။ ဒီလိုထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။



Gaseous Diffusion Method
Gaseous diffusion နည်းတွင် ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့သည် အမှေးပါးတခုကို ဖြတ်သန်းလိုက်သောအခါ ပိုပေါ့တဲ့ 235U ကို ဖိအားအနည်းငယ်ဖြင့် ခွဲထုတ်ရယူသည်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်းတွင်လည်း သန့်စင်သော 235U အိုက်ဆိုတုပ် ပမာဏ တိုးပွားလာအောင် အမှေးပါးဖြတ်ခြင်းကို ထပ်တလဲလဲ လုပ်ယူသည်။



Sample Nuclear Reactor
 

235U + n0 = 140Ba + 96Kr + 23 n0 + 200 MeV (Thermal energy)

 

နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွင် 235U ကို နျူထရွန်ဖြင့် ရိုက်သောအခါ fission reaction ဖြစ်ပေါ်ပြီး နျူထရွန်အပိုများ နှင် အပူစွမ်းအင် ထွတ်လာသည်။ ထွတ်လာသော နျူထရွန်အပိုများနှင့်235U အိုက်ဆိုတုပ်များ ကွင်းဆက် တုံပြန်မှု့ Chain reaction ဖြစ်စေသည်။ ကွင်းဆက်တုန့်ပြန်ခြင်းတွင် နျူထရွန်များ ဆပွားတိုးလာခြင်း နှင့်အပူစွမ်းအင်ကို ထိန်းချုပ်ရန်လိုသည်။ မထိန်းချုပ်နိုင်က ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်သည်။ အစွမ်းထက်သော နျူထရွန် စုပ်ယူပစည်းများအဖြစ် ဘိုရွန် (boron) သို့မဟုတ် ကတ်မီယမ် (cadmium) သတ္တုများကို ထိန်းချုပ်ချောင်းများ အဖြစ် ဓာတ်ပေါင်းဖိုများ မပေါက်ကွဲစေရန် သုံးသည်။ အချို့ ဓာတ်ပေါင်းဖိုများတွင် နျူထရွန်နှေးစေသော အရာများအဖြစ် heavy water (2H2O) သို့မဟုတ် graphite ကိုအသုံးပြုသည်။ ရေကို လှည့်ပတ်စေခြင်းဖြင့် ဓာတ်ပေါင်းဖိုကို အပူနည်းစေပြီး ပေါက်ကွဲခြင်းမှ ကာကွယ်နိုင်သည်။
Chain Reaction

Fissile Materials
Fissile materials ( 235U ,239Pu ,233U )များသည် နျူထရွန် နဲ့ပေါင်းပြီး ဆက်တိုက် ကွင်းဆက် ဓာတ်ပြုဖြင်း ( Chain reaction ) fission reaction ဖြစ်စေ နိုင်သော အရာများဖြစ်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက် များတွင် အသင့် အသုံးပြုနိုင်သည်။
235U + n0 = 140Ba + 96Kr + 23 n0 + 200 MeV (Thermal energy)

Fertile Materials 
Fertile materials ( 238U ,232Th ) များသည် နျူကလီးယား ဓာတ်ပေါင်းဖို များ တွင် တိုက်ရိုက်သုံး၍ မရ။ Fissionable ဖြစ်အောင် Breeder reactor များတွင် ပြုလုပ် ယူရသည်။ 
238U + n0 = 239U ( - β-1 ) = 239Np ( - β-1 ) = 239Pu 
232Th + n0 = 233Th ( - β-1 ) = 233Pa ( - β-1 ) = 233U

Breeder Reactor
Breeder reactors (မွေးဖွားပေးသော ဓာတ်ပေါင်းဖိုများ) များ၏ အခန်းကဏ္ဍ သည်လည်း အရေးပါလှသည်။ ၄င်းသည် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် အသင့်သုံးမသုံးနိုင်သော Fertile materials ( 238U ,232Th ) များကို Fissionable materials များအဖြစ် မွေးထုတ်ပေးရာ ဖြစ်သည်။ Breeder reactors များမှ ယူရေနီယမ်တစ်ဂရမ် လောင်ကျွမ်းခြင်းမှ ထွတ်လာသော စွမ်းအင် ပမာဏသည် ကျောက်မီးသွေး 2.7 မတ်ထရစ်တန် လောင်ကျွမ်းခြင်းနှင့် ညီမျှသည်။

Sample Nuclear Bomb
နျူကလီးယားဗုံး ထုတ်လုပ် တဲ့အခါ ကွင်းဆက် တုံ့ပြန်ခြင်း ( Chain reaction ) ကို ကန့်သတ် ထားခြင်း မရှိပဲ ၊အပူ စွမ်းအင် များစွာ ထုတ်လွှတ်မယ့် မဟာ အခြေပြောင်း ဒြပ်ထု ( critical mass ) ဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်သည်။ အခြေပြောင်းဒြပ်ထု ( critical mass ) ဆိုသည်မှာ ကွင်းဆက်တုန့်ပြန်ခြင် ( chain reaction ) ဖြစ်စေရန် လိုအပ်သော အက်တမ်အရေအတွတ် ဖြစ်သည်။ ယူရေနီယမ် အနျူမြူဗုံး တွင် 90% သန့်စင်ထားသော ယူရေနီယမ် အိုက်ဆိုတုပ် -၂၃၈ အောက်ဆိုက် (238UO2) ကိုလောင်စာအဖြစ်အသုံးပြုသည်။ အမေရိကန်တို့ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သော Little Boy အမည်ရှိ ယူရေနီယမ်-၂၃၅ ဗုံးအမျိုးအစားသည် အဆောက်အဦးပေါင်း ငါးသောင်း ကျော်နှင့် လူဦးရေ တစ်သောင်းခွဲခန့် ဗုံးဒဏ်ကြောင့် သေကြေပျက်ဆီးခဲ့သည်။ ငါးနှစ်အတွင်း ရောင်ခြည်သင့်ခံရခြင်းကြောင့် လူပေါင်း ခြောက်သောင်းခန့် သေကြေခဲ့ကြသည်။ ဂျပန်နိုင်ငံ နာဂါစကီမြို့တွင် ကြဲချခဲ့သော Fat Man အမည် နျူကလီးယား ဗုံးသည် ၊ယူရေနီယမ်-၂၃၈ ( 238U ) မှ ပြုလုပ်ရယူထားသော ၊ပလူတိုနီယမ် (Plutonium) ဗုံးအမျိုးအစား ဖြစ်သည်။ ဗုံးဒဏ်ကြောင့် လူပေါင်း ခုနှစ်သောင်းခန့် သေကြေခဲ့ပြီး ၊တစ်သောင်းခွဲခန့်သည် ရောင်ခြည်သင့်ခြင်း ( Radiation Hazard ) ကြောင့် ငါးနှစ်အတွင်း သေကြေခဲ့သည်။

Nuclear Bomb Explosion


0 comments:

Post a Comment