Tuesday, September 13, 2011

သတင်းများ

နယ်ဈေးကွက်တွင် ခြောက်သိန်းဈေးပေါက်

ငါးသိန်းအောက် တန်ဖိုးနည်း ဂျီအက်အမ်ဖုန်းများ ငါးလအတွင်းထွက်လာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ငါးသိန်းတန် CDMA 450 MHz ဖုန်းများ ချထားပေမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် CDMA 450 MHz ဖုန်းများ နယ်ဈေး ကွက်တွင် ခြောက်သိန်းနီးပါး ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုကဲ့သို့ CDMA 450 MHz ဖုန်းများ နယ်ဈေးကွက်တွင် ဈေးတက်နေခြင်းမှာ ယခုအချိန်တွင် ဂျီအက်အမ်ဖုန်းများ အသုံးပြုနိုင်သည့် နယ်များ နည်းပါးနေခြင်းကြောင့် ဖြစ်သည်။ ယခုငါးသိန်းအောက်တန်ဖိုးနည်းဖုန်းများ ချထားပေးမည့် စီမံချက်အရ ဂျီအက်အမ်တာဝါတိုင်ပေါင်း တစ်ထောင့် လေးရာ ကျော်ကို တစ်နိုင်ငံလုံးအနှံ့ တည်ဆောက်နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ဂျီအက်အမ်တာဝါတိုင်များကို ရန်ကုန်၊မန္တလေး၊ ပဲခူး၊ ပြည်၊ မကွေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ကျန်ရှိ နေသေးသည့် မြို့များတွင် ဆက်လက်တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံ လုံးနီးပါးတွင် ဂျီအက်အမ်ဖုန်းများ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ငါးနှစ်အတွင်း တယ်လီဖုန်းအလုံးရေ သန်းသုံးဆယ် ချထားပေးမည့် စီမံချက်၏ ပထမနှစ် သေးသန်းချထားပေးမည့် စီမံချက်ကို အကောင်အထည် ဖော်ရန် ငါးသိန်းအောက်တန်ဖိုးနည်း ဂျီအက်အမ်ဖုန်းများကို ငါးလခန့်အကြာတွင် နေချင်းပြီး စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ငါးသိန်းအောက် တန်ဖိုးနည်းဖုန်းများ ချထားပေးရာတွင် အင်တာနက်အသုံးပြုနိုင်သည့် EDGE စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်း ခေါ်ဆိုခဈေးနှုန်းများကို လက်ရှိအသုံးပြုနေသော မိုဘိုင်းခေါ်ဆိုခများအတိုင်းသာ ပေးဆောင်ရမည်ဟု သတင်းရရှိသည်။
****************************************************************************

ဂျူလီယန် အက်ဆန် ငြိမ်းချမ်းရေး ရွှေတံဆိပ် ဆုရ

ဝီကီလိခ်စ်ကို တည်ထောင်သူ အငြင်းပွားဖွယ် ပုဂ္ဂိုလ် ဂျူလီယန် အက်ဆန်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ရွှေတံဆိပ်ဆု ချီးမြှင့်လိုက်ပါတယ်။ “လူ့အခွင့်အရေးအတွက် ရဲရင့်စွာ လုပ်ဆောင်မှု” ကြောင့် ဆုချီးမြှင့်တာလို့ သိရပါတယ်။

အက်ဆန်းက ဆုကို လန်ဒန်ရှိ ဖရွန့်လိုင်း ကလပ်မှာ အကျဉ်းသဘောလောက်ပဲ ဆုလက်ခံပွဲ ကျင်းပပါတယ်။ အက်ဆန်းဟာ လောလောဆယ်မှာ အင်္ဂလန်နိုင်ငံမှာ ခရီးသွားလာခွင့် ကန့်သတ်ချက် ခြေချုပ်နဲ့ နေနေရပါတယ်။ အက်ဆန်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ထိမ်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
***********************************************************

ဘင်လာဒင် အသတ်ခံခဲ့ရသော နေရာ
***************************************************************
ဖီနာဘာချီအသင်း၏ ချန်ပီယံလိဂ်မှ ပယ်ထုတ်ခံရခြင်းအပေါ် အယူခံဝင်မှုအား အားကစားဆိုင်ရာအမြင့်ဆုံးခုံရုံးမှ ပယ်ချခဲ့။
 


ဖီနာဘာချီအသင်း၏ ချန်ပီယံလိဂ်မှ ပယ်ထုတ်ခံရခြင်းအပေါ် အယူခံဝင်မှုအား အားကစားဆိုင်ရာအမြင့်ဆုံးခုံရုံးမှ ပယ်ချခဲ့။
ဖီနာဘာချီအသင်း၏ ချန်ပီယံလိဂ်မှ ပယ်ထုတ်ခံရခြင်းအပေါ် အယူခံဝင်မှုအား အားကစားဆိုင်ရာအမြင့်ဆုံးခုံရုံးမှ ပယ်ချခဲ့။
လုဇ်ဇီနီ ဆွစ်ဇ်စလန် - အားကစားဆိုင်ရာ အမြင့်ဆုံးခုံရုံမှ တူရကီချန်ပီယံ ဖီနာဘာချီ၏ အရေးပေါ် ချန်ပီယံလိဂ်ပြန်လည်ကစားခွင့်  အယူခံအား ပယ်ချလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ တူရကီချန်ပီယံ ဖီနာဘာချီအသင်းအနေဖြင့် အမြင့်ဆုံးအားကစားဆိုင်ရာ ခုံရုံမှ တစ်ဆင့် ၄င်းတို့အား တူရကီလုပ်ပွဲအရှုပ်အထွေးတွင် ပါဝင်ပက်သက်နေခြင်းကြောင့် ချန်ပီယံလိဂ်မှ ထုတ်ပယ်ခံရခြင်း အပေါ် ပြန်လည်စောဒကတက် အယူခံဝင်ခဲ့သော်လည်း ယခုအခါ ယင်း အဆိုပြုလွှာအား ပယ်ချခံခဲ့ရပြီ ဖြစ်သည်။

ထို့ပြင် ဖီနာဘာချီအသင်းအနေဖြင့် ဥရောပဘောလုံးအစိုးရနေဖြင့် တူရကီလုပ်ပွဲအရှုပ်အတော် တွင်ပါဝင်ပက်သက်ကာ ၄င်းတို့အား ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးချခဲ့သဖြင့် နစ်နာကြေးရရှိလိုနေပြီး ယင်းခုံရုံသို့ ဦးတိုက်လျှောက်ထားကြောင်းလည်း သိရသည်။ ယူအီးအဖ်အေ အနေဖြင့် ယင်းသို့ ဖယ်ထုတ်ခဲ့သော ဖီနာဘာချီအသင်း၏ ချန်ပီယံလိဂ်နေရာအား ဒုတိယနေရာမှာ  Trabzonspor အသင်းသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းအသင်းမှာလာမည့် အပတ်ထဲတွင်ပင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် အင်တာမီလန်အသင်း နှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ အားကစားခုံရုံးအနေဖြင့် တူရကီဘောလုံးအဖွဲ့ချုပ် နှင့် ယူအီးအက်ဖ်အေ၏ ဆုံးဖြတ်ချက်အပေါ် ဖီနာဘာချီအသင်း၏ အယူခံလွှာအပြည့်အစုံကိုမူ လာမည့်ရက်ပိုင်းအတွင်း ကြားနားသွားဖွယ်ရှိကြောင်းသိရသည်။

0 comments:

Post a Comment