Friday, September 30, 2011

ဘီလ်ဂိတ်နဲ့ ၀ါရင် ဘဖ်ဖစ်တ် ဘီလျံနာနှစ်ဦး ဦးဆောင်တဲ့ ကမ္ဘာ့အလှူ


နိုင်ငံတကာ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
ယနေ့ ကမ္ဘာပေါ်မှာ ဘီလျံနာ ၁၀၁၁ ဦး ရှိသည်။ ၄င်းတို့ထဲကတစ်ဦး ခင်ဗျားသာဖြစ်ခဲ့ရင် ပိုင်ဆိုင်တဲ့ ငွေတွေ ဘာလုပ်ပစ်မလဲ။ ၅၄ ဘီလီယံပိုင်ဆိုင်တဲ့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်နဲ့ ၄၇ ဘီလီယံ ပိုင်ဆိုင်သူ ၀ါရန် ဘဖ်ဖစ်တ် တို့နှစ်ဦးကတော့ ဘီလျံနာတိုင်းနဲ့ နောက်ပေါက် မီလျံနာတွေကို အကြံပေးတာ ရှိသည်။


ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်ကို ကမ္ဘာပေါ်က ဒုက္ခရောက်နေသူတွေ အတွက် ထိထိရောက်ရောက် လှူဒါန်းပစ်ကြဖို့။
ဂိတ် နဲ့ ဘဖ်ဖစ်တ် ဘီလျံနာကြီးနှစ်ဦးက တရုတ်၊ အိန္ဒိယ၊ အမေရိကနဲ့ တစ်ကမ္ဘာလုံးအနှံကို ခြေဆန့် ခရီးထွက်နေသည်။ သူတို့နှစ်ဦးရဲ့ရည်ရွယ်ချက်က 'အရက်ရောဆုံးသူများ' (Great Givers) ဆိုတဲ့ ဂလိုဘယ် ဇောတိက ကလပ် ဖွဲ့ဖို့ဖြစ်သည်။ ကျိကျိတက် ချမ်းသာသူတိုင်း ပရဟိတလုပ်ငန်းတွေထဲ ပါဝင်လာစေဖို့ စည်းရုံးနားချနေခြင်း ဖြစ်သည်။
ဝါရင် ဘဖ်ဖစ်တ် က ၂၀၀၆ ခုနှစ်ကတည်းက သူ့ပိုင်ဆိုင်မှုရဲ့ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းပစ်ဖို့ ကတိက၀တ် ပြုထားသည်။ အများစုကို ဘီလ်ဂိတ်တို့ လင်မယားထူထောင်ထားတဲ့ ဂိတ်ဖေါင်ဒေးရှင်းဆီ လှူဒါန်းမှာ ဖြစ်သည်။ ဂိတ်ဖောင်ဒေးရှင်းက ကမ္ဘာ့လူထု ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် နှစ်စဉ် ၂ ဘီလီယံကျော် အသုံးပြုနေပြီး၊ လုပ်ငန်းရှင် အရင်းရှင်ကြီးတွေက ဂလိုဘယ်ပြဿနာတွေ ၀င်ဖြေရှင်းကြဖို့ လှုံဆော်နေသည်။
ဒီနှစ်ထဲမှာ ဂိတ်နဲ့ ဘဖ်ဖစ်တ် တို့နှစ်ဦး ပူးပေါင်းပြီး၊ အမေရိကန် ဆီလကွန်ဗဲ့လီ ကနေ ရှန်ဟိုင်းအထိ သူဌေးတွေ အားလုံးကို သူတို့ ပိုင်ဆိုင်သမျှရဲ့ တစ်ဝက်လှူဒါန်းဖို့ စည်းရုံးပြောဆိုမှုတွေ လုပ်ခဲ့သည်။ လောဘသမားတွေကို လှူဖို့ နားချရတာ သူတို့အတွက် လွယ်ကူတဲ့ အလုပ်မဟုတ်။
ဒါပေမဲ့ သူတို့နှစ်ဦး အောင်မြင်ခဲ့သည်။ အမေရိကန် ဘီလျံနာ အများစုရဲ့ စွန့်ကြဲမှုနဲ့ ဒေါ်လာ ဘီလီယံ ၆၀၀ ကျော် ရဖို့ ရှိနေသည်။ ဘီလျံနာ ၄၀ ကျော်က သူတို့ပိုင်ဆိုင်မှုရဲ့ တစ်ဝက်လှူဒါန်းဖို့ လက်မှတ်ထိုးခဲ့သည်။
သူတို့နှစ်ဦးရဲ့ အမြင်အရ တကယ်တန်းအားဖြင့် ကမ္ဘာ့သူဌေးကြီးတွေက သိပ်တွန့်တိုသူတွေတော့ မဟုတ်။ သူတို့ လှူဒါန်းမှုတွေကို ထိထိရောက် မဆောင်ရွက်နိုင်တဲ့ NGO အဖွဲ့များကိုသာ စိတ်ပျက်နေခြင်း ဖြစ်သည်။


ကမ္ဘာ့ပြဿနာကို ဖြေရှင်းဖို့ လုပ်နေတဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးတွေ၊ သူ့လက်အောက်ခံအဖွဲ့တွေနဲ့ အလှူငွေ လက်ခံတဲ့ တိုင်းပြည်တွေက ခေါင်းဆောင်တွေအပေါ် အယုံအကြည်မဲ့လာခြင်းကြောင့် ဖြစ်သည်။ သူတို့ အလှူက ဆင်းရဲသားတွေနဲ့ ဒုက္ခရောက်နေသူတွေဆီ တိုက်ရိုက်မရောက်ဘဲ၊ NGO ၀န်ထမ်းတွေနဲ့ ကြားပွဲစားတွေ အမျိုးမျိုး ဇိမ်ခံနေခြင်းကြောင့် ဖြစ်သည်။
ဒီအတွက် ဂိတ်ဖောင်ဒေးရှင်းက အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ သူဌေးတွေကို ချပြသည်။ ငှက်ဖျား၊ အေဒ့်စ်၊ အစားအစာရှားပါးမှုကနေ စာမတတ်မှုအထိ နည်းလည်းအသစ်တွေနဲ့ ဖန်တီးလှုဒါန်းနိုင်ကြောင်း တင်ပြသည်။ ဆင်းရဲသားတွေထံက ဖြတ်စား ရိုက်စား လုဝှက်စားမှုတွေ မဖြစ်အောင် စနစ်တကျ လုပ်နိုင်တဲ့ နည်းလမ်းတွေရှိသည်။
ပြီးခဲ့တဲ့ HIV/AIDS ကွန့်ဖရင့်မှာ ဂိတ်ဖောင်ဒေးရှင်းက နော်ဝေနဲ့ ဩစတြေးလျ နှစ်နိုင်ငံပေါင်းထက် ပိုပြီး လှူဒါန်းမယ့်အကြောင်း ကြေငြာခဲ့သည်။ အဲဒီပမာဏက ဥရောပ ကော်မရှင်ရဲ့ အလှူငွေနှင့် ညီမျှသည်။
ဂိတ်ဖောင်ဒေးရှင်းက HIV ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ဆေးအတွက် သုတေသန လုပ်ငန်းတွေဆောင်ရွက်သွားမည်။ အာဖရိကကို အစိမ်းရောင်လွှမ်းစေဖို့၊ ငှက်ဖျားကာကွယ်ဆေး ထိုးနိုင်ဖို့ လုပ်ဆောင်သွားမည်။
ဂိတ်ဖောင်ဒေးရှင်းရဲ့ ဒုက္ခရောက်သူများ ကူညီရေး ဂလိုဘယ် အာဂျင်ဒါမှာ ဘီလ်ဂိတ်နဲ့ ၀ါရင် ဘဖ်ဖစ်တ် ကမ္ဘာ့ဘီလျံနာကြီးနှစ်ဦး ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။

0 comments:

Post a Comment