Wednesday, September 7, 2011

ကြိုက်တဲ့ Webpage ကို PDF file ပြောင်းမယ်

ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE,  Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။

ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။ 
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။

0 comments:

Post a Comment