Saturday, December 10, 2011

အိုင်တီပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက်

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ၊ အိုင်တီပညာရပ်များကို စတင်လေ့လာလိုသူများ၊ နိုင်ငံရပ် ခြားတွင် အိုင်တီပညာရပ်များကို သွားရောက်သင်ယူလိုသူများ၊ အိုင်တီပညာရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန်အတွက် အခြေခံကောင်း ရရှိလိုသူများ တက်ရောက်နိုင်သည်ဟု သိရသည်။

IT Essential သင်တန်း

IT Essentail သင်တန်းတွင် လူငယ်တိုင်း တတ်မြောက်ထားသင့်သော Microsoft Windows စနစ်ကို ကျွမ်းကျင်စွာ အသုံးပြု ခြင်း၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာ ဖြင့် စာရိုက်ခြင်း၊ Power Point အသုံးပြုပြီး Presentation ပြုလုပ် ခြင်း၊ Photoshop ဖြင့် Graphic Design ဖန်တီးခြင်း၊ Web Page ပြုလုပ်နည်းအပြင် Programming အခြေခံကို ပိုင်နိုင်စွာ နားလည် တတ်မြောက်စေရန် C++ ဘာသာ ဖြင့် လက်တွေ့ပြုလုပ်လေ့ကျင့်ပေး ခြင်းများ ပါဝင်မည်။ ထို့ပြင် အင် တာနက်နှင့် အီးမေးလ်အသုံးပြု ပုံတို့ကိုလည်း သင်ယူရမည်။ ထို သင်တန်းတက်ရောက်ခဲ့သူသည် အိုင်တီပညာရပ်များ၏ အရေးပါ ပုံ၊ အကျိုးရှိပုံ၊ အသုံးချနိုင်ပုံတို့ကို ကောင်းစွာ သဘောပေါက်နား လည်ပြီး အသက်မွေးဝမ်းကျောင်း ပညာအတွက် မှန်ကန်စွာ ရွေးချယ်နိုင်မည်။ သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာတစ် ချိန်နှင့် စနေ၊တနင်္ဂနွေနေ့များတွင် တက်ရောက်ရမည်။ နံနက် ၉ နာရီ ၁၅ မှ ၁၂ နာရီ၁၅ ထိ ဖြစ်သည်။ သင်တန်းကြေးမှာ ကျပ် ခြောက်သောင်း ဖြစ်သည်။


Essentail Programming သင်တန်း
Essential Programming သင်တန်းသည် Programming နည်းပညာကို အခြေခံမှ စတင်လေ့လာလိုသူများနှင့် Professio-
nal Programmer အဖြစ် ရပ်တည်လိုသူများအတွက် တက် ရောက်ကြသည်။ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တက်ရောက်ရန် ရည်ရွယ်ထားသူများ၊နိုင်ငံရပ်ခြားတွင်အဆင့်မြင့် အိုင်တီ နည်းညာများအား သွားရောက်သင်ယူရန် ရည်ရွယ်ထားသူများသည်လည်း Programming ဘာသာရပ်ကို မဖြစ်မနေသင်ယူရမည်ဖြစ်သောကြောင့် စနစ်တကျ ကျွမ်းကျင်တတ်မြောက်ရန် အရေးကြီးသည်။ ထိုသင်တန်းတွင် Program
ming အခြေခံကောင်းများဖြစ်သော Pseudo Code, Flow Chart များ ကို အသုံးပြု၍ Real Program Coding မရေးခင်တွင် ဏမသဘူနျာ ဖြေရှင်းပုံများကို အသေးစိတ်သင်ယူရမည်။ ၎င်းင်းကို သင်ယူခြင်းဖြင့် Logical Thinking Skill ကို မြင့်မား စေသည်။ မည်သည့် Program-
ming Language ကို မဆို ဆက်လက်လေ့လာနိုင်ရန် များစွာ အထောက်အကူဖြစ်စေသည်။သင်တန်းပြီးဆုံးပါက Thinking Skill, Problem
Solving Skill မြင့်မားလာပြီး မိမိကိုယ်မိမိ ယုံကြည်စွာဖြင့် Programming ကို ဆက်လက်လေ့လာနိုင်မည်။ ကွန်ပျူတာအခြေခံရှိသူများ တက်ရောက်နိုင်သည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေနေ့တွင် ညနေ ၄ နာရီမှ ၇ နာရီထိ ဖြစ်သည်။ သင်တန်းကြေးမှာ ကျပ် လေးသောင်းကိုးထောင်ဖြစ်သည်။


System Essential သင်တန်း
System Essential သင်တန်းတွင် ကွန်ပျူတာတစ်ခုတွင် ပါဝင်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို အလုပ်လုပ် ပုံနှင့် ၎င်းင်းတို့ကို ပြုပြင်ထိန်းသိမ်းနည်းများ၊ Window XP ၏ ဆောင်ရွက်ချက်တို့အပြင် System Instal-
lation, Trouble Shooting ပြုလုပ်နည်းနှင့် Repair ပြုလုပ်ခြင်း၊ Virus Cleaning နှင့် Data Recovery ပြုလုပ်ခြင်းတို့ကို သင်ကြားပေးသည်။ ထို့အပြင်ူဗြ ချိတ်ဆက်နည်း၊ီအေေ နှင့်ီနလငခန များကို LAN အတွင်း Sharing ပြုလုပ်ခြင်း၊ Network Security စီမံခန့်ခွဲခြင်း စသော Network ဆိုင်ရာဘာသာရပ်များကို သင်ကြားရသည်။ ထို့ပြင် Wide Area Network (Wan/ Internet) ၏အဆင့်ဆင့် အလုပ်လုပ်ပုံ TCP/IP အခြေခံကိုလည်း သင်ကြားရမည်။ သင်တန်းကာလမှာ နှစ်လခန့် ကြာမြင့်မည်။ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာတန်း နှင့် အင်္ဂါ၊ ကြာသပတေးတန်းဟူ ၍ ရွေးချယ်တက်ရောက်နိုင်သည်။သင်တန်းကြေးမှာ ကျပ် လေးသောင်းကိုးထောင်ဖြစ်သည်။ တန်းခွဲတစ်ခုလျှင် သင်တန်း သား ၃၀ ဦး ကန့်သတ်ထားသည်။ တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်သည်။Myanmar WWW Institute (M3WI) အဆောင် ၅၊ အခန်း ၄၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္က သိုလ်နယ်မြေ၊ ရန်ကုန်။ ဖုန်း - ၆၅၂၂၈၈၊ ၅၂၁၁၂၅။ ၆၅၂၂၅၈ သို့ ဆက်သွယ်နိုင်သည်။

0 comments:

Post a Comment