Thursday, December 22, 2011

Like ခလုတ်ကြောင့် Facebook တရားစွဲခံရ

Likeခလုတ်ဖြင့် လူအများ၏ ခွင့်ပြုချက် မရဘဲ ၎င်းတို့အမည်များကို ကြော်ငြာကဏ္ဍအတွက် ရည်ရွယ် အသုံးပြုမှုများကြောင့် Facebookကို ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုထား
Like ခလုတ်ကြောင့် Facebook တရားစွဲခံရ
Like ခလုတ်ကြောင့် Facebook အနေနှင့် ကယ်လီဖိုးနီယားတွင် ပြဿနာတက်နေကြောင်း သိရသည်။ Likeခလုတ်ဖြင့် လူအများ၏ ခွင့်ပြုချက် မရဘဲ ၎င်းတို့အမည်များကို ကြော်ငြာကဏ္ဍအတွက် ရည်ရွယ် အသုံးပြုမှုများကြောင့် Facebookကို ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုထားသည်။ အစိုးရ ရှေ့နေများ ပစ်မှတ်ထားနေသည့် ကိစ္စတစ်ခုသည် Facebook၏ ကြော်ငြာဝင်ငွေနှင့် Likeခလုတ်တို့ကြား ဆက်စပ်မှုလည်း ဖြစ်သည်။

facebook like

Facebookကို ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်သည် ယင်းအခြေအနေကြောင့် Likeခလုတ်ကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်စပ်နေသော အခြေအနေကိုသာ ခွင့်ပြုရန် စဉ်းစားရမည်ဟု သတိပေးထားသည်။ လတ်တလောတွင် Facebookသည် မည်သည့် အနှောင်အဖွဲ့မျှ မရှိဘဲ Likeခလုတ်ကို နှိပ်ခွင့်ပေးကာ မိမိတို့ နှစ်သက်သည့် အရာကို Likeလုပ်ကာ အချင်းချင်း ဝေမျှနိုင်မည်ဖြစ်သည်။ Facebookသည် Likeကို ထူးခြားအောင်မြင်သော Featureတစ်ခုအဖြစ် ဇန်န၀ါရီလက စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် Facebook အသုံးပြုသူ စီးပွားရေး လုပ်ငန်းရှင်များက Likeကို ထုတ်ကုန်ကြော်ငြာ ကဏ္ဍအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချမှုများလည်း ရှိလာသည်။

facebook

အမေရိကန် တရားသူကြီး လူစီကောက Facebookပရိသတ်သည် စီးပွားရေး လုပ်ငန်းရှင်များကဲ့သို့ Likeနှင့်ပတ်သက်၍ တူညီသော သက်ရောက် ခံစားခွင့် ရှိသင့်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အနေအထားကြောင့် Facebookသည် Privacyဆိုင်ရာ သတ်မှတ်ချက်များကို ပြန်လည် သုံးသပ်ပြီး Shareပြုလုပ်မှုများကို စီးပွားရေး ကြော်ငြာနှင့် ဆက်စပ်မှု ရှိမရှိ စီစစ်ဖွယ် ရှိသည်။ Facebookသည် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို သီးခြားထိန်းသိမ်းထားပေးမည်ဆိုသော ကတိနှင့် ပတ်သက်၍ စောင့်ထိန်းရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။ Facebookက ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုခြင်း ခံထားရသော ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်း သိရှိရသည်။

0 comments:

Post a Comment