Monday, December 12, 2011

လျစ်လျူမရှုမသင့်သော Heart Attack လက္ခဏာ ၇ ခု

Heart Attack လက္ခဏာတွေဟာတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ကျွန်တော်တို့ ထင်မှတ်ထားသလို Heart Attack ရခဲ့ရင် ရင်ဘတ်ပေါ်ဆင်ကောင်ကြီးတစ်ကောင်ဖိပြီး ထိုင်ထားသလိုမိုး ခံစားရတာဟာ အမိုးသမီးတွေထက် အမိုးသားတွေမှာ အဖြစ်များပါတယ်။ အမှန်မှာတော့ Heart Attack ဖြစ်နေတဲ့ အမိုးသမီးတွေရဲ့ ၄၃ ရာခိုင်နူန်းဟာ ရင်ဘတ်မှာ နာကြင်မူမရှိကြဘူးလို့ဆိုပါတယ်။ ဒါအပြင် အမိုးသမီးတွေအနေနဲ့ အမိုးသားတွေလောက် အရေးပေါ်ဌာနကို မြန်မြန်သွားလေ့မရှိပဲ သူများကို ဒုက္ခမပေးချင်တာကြောင့် အချိန်စောင့်လေ့ရှိကြပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိပါတယ်။ သင်ဟာ Heart Attack ဖြစ်နေတာကို ၃ နာရီအတွင်း ကုသခဲ့ရင် အသက်ရှင်နူန်း ၂၃ ရာခိုင်နူန်းရှိပြီး ၁ နာရီအတွင်း ကုသနိုင်ပါက ၅၀ ရာခိုင်နူန်း အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် သင့်မှာ အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့လျှင် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။
၁။ ရင်ဘတ်မအောင့်ခြင်း
ရင်ဘတ်မှ ဆုပ်ဆွဲပြီးဖိထားသလိုမိုး မဖြစ်ပဲ နောက်ကျောအပေါ်ပိုင်း ပခုံး၊ လည်ပင်း ဒါမှမဟုတ် မေးရိုးမှာ အနည်းငယ်သာ နာကျင်တတ်ပါတယ်။
၂။ မောပန်းခြင်း
Attack မရခင် တစ်ပတ်အလိုမှာ မောပန်းနွမ်းနယ်နေတတ်ပြီး Attack ရတဲ့ အမိုးသမီးတွေမှာ ၇၁ ရာခိုင်နူန်းမှာ တုပ်ကွေးလိုမိုး လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။ တစ်ရက်အလိုမှာ Lap-top ကွန်ပြူတာကို သယ်နိုင်တဲ့ အားတောင်မရှိဘူးလို့ ဆိုပါတယ်။
၃။ ချွေးထွက်ခြင်း
သင့်မှာ အခြားဘာအကြောင်းမှမရှိပဲ ချွေးထွက်များနေရင်၊ သင့်မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေရင် သတိထားပါ။
၎။ ပို့ခြင်း သို့မဟုတ် ခေါင်းမူးခြင်း
Attack ရနေစဉ်မှာ ခေါင်းမူးပြီး အန်ချင်သလို ဖြစ်တတ်ပါတယ်။
၅။ အသက်ရှူမဝခြင်း
Attack ရတဲ့ အမိုးသမီး ၅၈ ရာခိုင်နူန်းဟာ စကားဆုံးအောင်မပြောနိုင်ကြပါဘူး။
၆။ အိပ်မပျော်ခြင်း
Attack မရခင် ၁ လအလိုမှာ အမိုးသမီး ထက်ဝက်ခန့်ဟာ အိပ်မပျော်တတ်ကြပါဘူး။
၇။ စိုးရိပ်စိတ်များခြင်း
Heart Attack မရခင်မှာ အမိုးသမီးတွေအနေနဲ့ ကြောက်ရွံ့ စိတ်တွေဖြစ်ပေါ်နေတတ်ကြပါတယ်၊ ဒါဟာ ခန္ဓာကိုယ်က သင်အလေးထားရမှာကို သတိပေးနေတဲ့ လက္ခဏာတွေပါ။
မူရင်း ။ ။ ဒေါက်တာ ခင်မိုးမိုး

0 comments:

Post a Comment