Saturday, December 10, 2011

အမျိုးသမီးတိုင်း ကြောက်ရွံ့စရာသားအိမ်ခေါင်း ကင်ဆာ

အာရှနိုင်ငံရှိ အမျိုးသမီးများ တွင် သားအိမ်ခေါင်းကင်ဆာသည်သေဆုံးမှုနှုန်း ဒုတိယအများဆုံး ကင်ဆာဖြစ်သည်။ အမျိုးသမီးများအများဆုံးဖြစ်သည့် ကင်ဆာရော ဂါများတွင် သားအိမ်ခေါင်းကင် ဆာနှင့် ရင်သားကင်ဆာရောဂါ သည် ထိပ်ဆုံးမှာ နေရာယူလျက် ရှိသည်။ရင်သားကင်ဆာရောဂါ အတွက် ကာကွယ်ဆေးမရှိသော် လည်း သားအိမ်ခေါင်းကင်ဆာမှာကာကွယ်ဆေးရှိသည့်အတွက် ကြိုတင်ကာကွယ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီး များ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်ရန်ရှာရုံတင်မကဘဲ၊ မသေ ဘဲ ဝေဒနာခံစားနေရသူများမှာ လည်း ကိုယ်ရော၊ စိတ်ပါ ညိုးနွမ်းကျဆင်းကြရသည်။ ဝေဒနာခံစားရသူများ၏ မိသားစု၊ လုပ်ငန်းခွင်၊လူနေမှုဘ၀ပတ်ဝန်းကျင်ကို ပြောင်းလဲ ထိခိုက်စေနိုင်သည်။ အသက်အရွယ်မရွေး၊ အဆင့်အ တန်းမရွေး အမျိုးသမီးတိုင်း ဖြစ် ပွားနိုင်သည့် ရောဂါဖြစ်သည်။
သားအိမ်ခေါင်းကင်ဆာရော ဂါသည် လိင်ပိုင်းဆိုင်ရာ အတွေ့ အကြုံရှိသူများတွင် ဖြစ်ပွားပြီး အပျိုစင်များတွင် ဖြစ်သည့် ရောဂါမျိုးမဟုတ်ပေ။ အမျိုးသမီးတစ် ယောက်သည် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိပြီး သုံးနှစ်အတွင်း သားအိမ်ခေါင်းကင်ဆာကို စစ် ဆေးသည့် နည်းလမ်းတစ်ခုဖြစ် သည့် pap test ကို ပြုလုပ်သင့်ပါ သည်။ pap test ဆိုသည်မှာ သား အိမ်ခေါင်းမှ ဆဲလ်အနည်းငယ်ကိုယူကာ ကင်ဆာဖြစ်စေနိုင်သော (သို့မဟုတ်) ကင်ဆာဖြစ်နေလျှင် ဖစ်ပွားတတ်သော ဆဲလ်များ၏ ပုံစံ လက္ခဏာများကို ရှာဖွေခြင်း ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် အမေရိကတွင် သေဆုံးမှုများသော ရောဂါဖြစ်သော်လည်း pap test ဖြင့် စစ်ဆေးနိုင်သဖြင့် ရောဂါကို အစောပိုင်းကာလတွင်ပင် သိရှိနိုင်သည်။ သားအိမ်ခေါင်း ကင်ဆာကြောင့် စစေ အနျအ ပုံမှန် မဟုတ်သော အမျိုးသမီးများသည်သားအိမ်ခေါင်းကင်ဆာကို ဖြစ် စေသော Human Papiloma Virus (HPV) ဗိုင်းရပ်စ်ကို စစ်ဆေးသင့်ပေသည်။ HPV သည် လိင်မှတစ်ဆင့်ကူးစက်တတ်သော ဗိုင်းရပ်စ်ဖြစ် သည်။ ယင်းသို့ စစ်ဆေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာနှင့် ဗိုင်းရပ်စ်ဆက်စပ်မှုကို သိနိုင်ပေ သည်။ အမျိုးသမီးတစ်ယောက် သည် အသက် ၃၀ နှင့်အောက် အရွယ်ဖြစ်ပြီး pap test သည် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် မသေချာခဲ့လျှင် HPV ဗိုင်းရပ်စ်ကို စစ် ရမည်။ အသက် ၃၀ အထက်ဖြစ် ခဲ့ပါမူ pap test လုပ်စဉ်ကပင် HPV ဗိုင်းရပ်စ်ကို စစ်ရမည်။ သားအိမ်ခေါင်းကင်ဆာသည် HPV (Human Papiloma Virus) ပိုးကြောင့်ဖြစ်ပြီး အခြားကင်ဆာ ရောဂါများနှင့် မတူညီသည်မှာ ကာကွယ်လို့ ရခြင်းဖြစ်သည်။ HPV အမျိုးပေါင်း ၁၀၀ကျော်အနက် တချို့သာ ကင်ဆာဖြစ်စေပြီး HPV-16 နှင့် 18 ကြောင့် သားအိမ်ခေါင်းကင်ဆာ 70% ဖြစ်စေသည်။ လိင်ဆက်ဆံမှုရှိသည့် အမျိုးသမီး ငါးယောက်တွင် လေးယောက် သည် ကူးစက်ခံရနိုင်သည်။ ပုံမှန်အားဖြင့် လူတစ်ယောက်၏ ခန္ခာကိုယ်သည် ဗိုင်းရပ်စ်ပိုးဝင် လာလျှင် ပြန်လည်တိုက်ခိုက်ရန် ကိုယ်ခံစွမ်းအားတည်ဆောက် လေ့ရှိသည်။ သို့သော်လည်း HPVကိုတော့ တိုက်ထုတ်နိုင်စွမ်း မရှိပေ။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်း တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင် ရောဂါသစ်ဖြစ်သူ အမျိုးသမီး ၅ သိန်းမျှ ရှိသည်။ HPV ပိုးသည် လိင်ဆက်ဆံခြင်း (သို့) လိင်အင်္ဂါအရေပြားချင်း ထိ တွေ့ခြင်းကြောင့် ကူးစက်ကြသည်။အမျိုးသမီးများသည် ပထမအကြိမ်လိင်ဆက်ဆံခြင်းမှစပြီး ဘ၀တစ် လျှောက်လုံး အကြိမ်ကြိမ် ကူးစက်ခံရနိုင်သည်။ ထို့ကြောင့် အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်သည်။ အကြမ်း အားဖြင့် ကင်ဆာအကြိုပြောင်း လဲချက် Cervical Intraepithelial Neoplasia (CIN) အဆင့်ကို TNM Grade 0,I A /B, IIA/B, IIIA/B, IVA/B ဟု ခွဲခြားနိုင်သည်။ ရောဂါလက္ခဏာအစတွင် ထူးခြားမှုမပြဘဲနောက်အတန်ငယ်ကြီးထွားလာမှ ပုံမမှန်ရာသီ သွေးဆင်းခြင်း၊ မီးယပ်သွေးဆုံးပြီး နောက်ပိုင်းတွင် သွေးထပ်ဆင်းခြင်း (Post Menopausal Bleeding) ၊ အနံ့အသက်မကောင်းသည့် အဖြူဆင်းခြင်း၊ ခါးနာခြင်း၊ဗိုက်အောင့်ခြင်းနှင့် အခြားကင် ဆာများကဲ့သို့ ပိန်ချူံး၊ချိနဲ့၊ အစား အသောက်ပျက်၊ သွေးအားနည်း ပြီး မောခြင်း၊ ခြေထောက်ဖော ယောင်၊ အရိုးနာကျင်ကိုက်ခဲခြင်း စသည်တို့ ဖြစ်လာသည်။
သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးရာတွင် သားအိမ်ခေါင်း ထိပ်ရှိ ဆဲလ်ကို သစ်သားပြားဖြင့် ကော်ယူပြီး အဏုကြည့် မှန်ဘီလူးဖြင့် စစ်ဆေးရသည်။ အရွယ် ရောက်ပြီးသူ အမျိုးသမီးတိုင်း ၃ နှစ်တစ်ခါ စစ်ဆေးသင့်ပြီး မူမမှန်ဆဲလ်တွေ့လျှင် ဃသူစသျခသစန မှန် ပြောင်းဖြင့် သားအိမ်ခေါင်းကို ကြည့်ပြီး အသားစယူစစ်ဆေး နိုင်သည်။ ကင်ဆာအကြိုပြောင်း လဲချက် Cervical Intraepithelial Neoplasia (CIN) အဆင့်တွေ့ရှိလျှင်ခေတ်မီနည်းဖြင့် ဖယ်ရှားကုသနိုင်သည်။ သားအိမ်ခေါင်းကင်ဆာသည် ရောဂါနုချိန် အချိန်မီစောစော ကြိုတင်သိရှိပါက ထိထိရောက် ရောက် ဆေးကုမည်ဆိုလျှင် ပျောက်ကင်းနိုင်သည်။ ခွဲစိတ်ကုသနည်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသ နည်း၊ ဆေးသွင်းကုသနည်းများ ရှိသည့်အနက် ကိုက်ညီမည့်နည်း ကို ရွေးချယ်ကုသနိုင်သည်။ နောက်ကျမှ သိရှိပါက ရောဂါပျံ့နှံ့သွား လျှင် ဝေဒနာမျိုးစုံ ခံစားရပြီး အသက် ဆုံးရှုံးတတ်သည်။
သားအိမ်ခေါင်းကာကွယ် ဆေးကို ပထမတစ်လ တစ်ကြိမ် ထိုးပြီး၊ ဒုတိယလတွင် ဒုတိယ အကြိမ် ထိုးနှံရသည်။ ထို့နောက် ခြောက်လမြောက်တွင် တတိယ အကြိမ်ထိုးပြီးပါက ၈နှစ်ကျော်ခန့်အထိ ကာကွယ်ပြီးသားဖြစ်သည်။ ယင်းကာကွယ်ဆေးကို လက် မောင်းတွင် အသားဆေး (Intramu Scularly) ထိုးနှံရသည်ဆေးတစ်လုံးလျှင် ၄၀၈၁၅ ကျပ် ဖြစ်သည်။ ၎င်းင်းကာကွယ်ဆေးကို ဘယ်လ်ဂျီယမ်နိုင်ငံမှ တင်သွင်းသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သယ်ယူပါက ရေခဲချပ်များဖြင့် သယ်ဆောင်ပြီး ရန်ကုန်တွင်းရှိမြို့နယ်များသို့ အခမဲ့ ပို့ဆောင်ပေးသည်။ နယ်မြို့များမှ မှာယူလိုသူများအတွက်လည်း နယ်ကားဂိတ်အရောက်ပို့ဆောင်ပေးလျက်ရှိသည်။ ၎င်းင်းကာကွယ်ဆေးသည် HPV ဗိုင်းရပ်စ်ပိုးအတွက် ကိုယ် ခန္ဓာကိုယ်ထဲမှ ခုခံနိုင်စွမ်း Anti body ကိုပေါ်ထွက်စေသောကြောင့် အမျိုးသားများတွင်လည်း ထိုးနိုင်သည်။ သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးကို GlaxoSmithKlineမှ တင်သွင်းဖြန့်ချိသည်။
အမှတ် (၇၉၀)၊ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အခန်း ၀၆-၀၁-၀၂(၆လွှာ)ဓနသီဟစင်တာ၊ လမ်းမတော်မြို့နယ်။ဖုန်း- ၂၁၁၅၉၄၊ ၂၁၀၆၇၀၊ ၂၁၀၆၇၅၊ လိုင်းခွဲ ၆၀၁၊ ၆၀၂။မန္တလေးမြို့တွင် အခန်း-၂ ၊ ရွှေ မြို့တော်အိမ်ရာ၊ ၇၇လမ်း၊ ၂၉လမ်းနှင့် လမ်း ၃၀ ကြား။ဖုန်း- ၀၂ ၃၄၇၄၂ သို့ ဆက်သွယ်မှာယူနိုင်သည်။

0 comments:

Post a Comment