Sunday, December 25, 2011

နှစ်သန်း ၅၀၀ ကျော်က ငါးမန်းဖြူကြီး ကျောက်ဖြစ်ရုပ်ကြွင်း မျက်လုံးတွေ့ရှိ

ငါးမန်းဖြူ
ဆစ်ဒ်နီ- နှစ်သန်းပေါင်း ၅၀၀ ကျော်က ရေသတ္တ၀ါများကို သတ်ဖြတ်စားခဲ့သည့် သမိုင်းမတိုင်မီခေတ် ပင်လယ်ပျော် ရေနေ သတ္တ၀ါ တစ်ကောင်၏ ကျောက်ဖြစ်ရုပ် ကြွင်း မျက်လုံးတစ်စုံကို ဩစတြေးလျ သိပ္ပံပညာရှင်များ တွေ့ရှိထားကြောင်း ကြာသပတေးနေ့က ကြေညာသည်။
အလွန်ကြီးမားသော အခွံမာပါသည့် ငါးနှင့် အသွင်သဏ္ဌာန်တူသော Anomalocaris ခေါ် ယင်းသတ္တ၀ါ၏ အင်းဆက်ပိုး မျက်လုံး သဏ္ဌာန် မျက်လုံး တစ်စုံကို ဩစတြေးလျနိုင်ငံ ကန်ဂရူး ကျွန်း ကျောက်လွှာများထဲမှ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
မျက်လုံးတစ်လုံး၏ အချင်းသည် သုံးစင်တီမီတာ (၁ ဒသမ ၂ လက်မ) ရှိပြီး မျက်လုံးတစ်စုံ၌ မှန်ဘီလူး ပေါင်း ၁၆,၀၀၀ ခန့် ရှိနေသည်။
Anomalocaris များသည် ကိုယ်ထည် တစ်မီတာအထိ ကြီးထွား ရှည်လျားလာနိုင်ပြီး ကင်ဘရီယန် ဘူမိခေတ်တွင် သက်ရှင်နေထိုင် ခဲ့ကြ သော ငါးမန်းဖြူကြီးများ(great white sharks) စာရင်း၌ ပါဝင်နေသည်။
ယနေ့ခေတ် ရိုးရိုးယင်ကောင်၏ မျက်လုံးတစ်စုံတွင် မှန်ဘီလူးပေါင်း ၃,၀၀၀ ခန့်နှင့် ပုစဉ်းတွင် ၃၀,၀၀၀ ခန့်ရှိကာ ပုစဉ်းတွင် Anomalocaris ထက် မျက်လုံးမှန်ဘီလူးပိုများသည့် အင်းဆက်ပိုးဖြစ်နေသည်။
လေ့လာတွေ့ရှိချက်အရ Anomalocaris များသည် အလင်းရောင် ကောင်းစွာရှိပြီး ကြည်လင်သည့် ရေထဲ တွင် ကျက်စားရင်း အလွန်စူးရှလျင်မြန်သည့် အမြင်စွမ်းအားကို ရရှိခဲ့ရာမှအခြား သတ္တ၀ါများနှင့် ယှဉ်ပြိုင်တိုက်ခိုက် ရာတွင် ဆင့်ကဲဆင့်ကဲ အသာစီးရရှိခဲ့ ဟန်တူသည်။
ဦးခေါင်းဘေးတစ်ဖက် တစ်ချက်မှ ရှည်ထွက်နေသော ဧရာမ မျက်လုံးအောက်မှ ရှောင်ပြေးကြသည့် သတ္တ၀ါများရှေ့တွင် ၎င်း၏ ချွန်ထက် သော ဆူးများ၊ အဆိပ်ရည်အိတ်များ နှင့် အခြား အကာအကွယ်များ နိုးထလာ ကြဖွယ်ရှိသည်။
Anomalocaris များတွင် သားကောင်ကို ဖမ်းရန်အတွက် ချွန်ထက်သော ဆူးများဖြင့် အနားသတ် ထားသည့် ကုတ်ခြစ်ဆွဲယူနိုင်သော လေးစားခံ့ညားဖွယ် လက်သည်းများ လည်းရှိသည်။
ရက်စက်ကြမ်းကြုတ် ဟန်ပေါ်သော စက်ဝိုင်းသဏ္ဌာန် ပါးစပ်အတွင်းဘက်တွင် သွားသဏ္ဌာန် လွှတန်းများလည်း ရှိသည်။
ယင်းလွှတန်းများဖြင့် သားကောင်အား သတ်ဖြတ်စားသောက်မည်ဖြစ်ရာ Anomalocaris များသည် ချွန်ထက်သော ဆူးများ၊ အမြှောင်းများဖြင့် လိမ်တွန့်ကြမ်းထော်နေသော သတ္တ၀ါ တစ်ကောင်ဖြစ်ကြောင်း ပက်တာဆန် က ဆိုသည်။

0 comments:

Post a Comment