Thursday, December 22, 2011

ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်အားမွေးဖွား... ကျန်းမာစွာရှိသည့် အပြင် ဦးခေါင်းနှစ်လုံးစလုံးမှ နို့  စို့ နိုင်....

ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ 
ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊ပါရာပြည်နယ်ရှိ အနာဂျာ့ စ်
ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏အရေးပါသောအင်္ဂါအစိတ်အပိုင်းများ
အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်... 

 

Mother's pride: The mother insisted she was delighted with her newborn who weighed 9.9lbs
 ကလေးငယ်တွင်ဦးခေါင်းနှစ်လုံးပါရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးလည်း
ကျန်းမာစွာလည်ပါတ်လှုပ်ရှားလျှက်ရှိပါတယ်...
The baby has two heads but all his organs are functioning healthily. The mother was said to have found about the abnormality only minutes before he was born
 

မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ်
လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်... 

ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....
ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် ( ဦးခေါင်းအောက်စိုက်) ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ တစ်နာရီမျှ
ကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...

 
Disbelief: The director of Santa Casa tells the assembled media of the startling pregnancy of a two-headed baby
 မယုံနိုင်လောက်အောင်အံ့ သြဖွယ်ရာကောင်းလှပါတယ်လို့ စုဝေးရောက်ရှိလာခဲ့ သည့် 
သတင်းမီဒီယာများအားပြောကြားနေသည့် ဆေးရုံဒါရိုက်တာ...

0 comments:

Post a Comment