
မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည်ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီးလက်ရှိတွင် ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။ အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာ ချန်းခမျာ အသည်းအသန် ကာကွယ်နေရပြီး အဆိုပါမြင်ကွင်းကို ဓာတ်ပုံရိုက်ထားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်လည်ပတ်စဉ် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို ပြန်ကြည့်စဉ်က ချန်းသည် ရယ်ရွှင်စရာ အဖြစ်သာ သဘောထားခဲ့သည်။ သို့သော်လည်း ထိုပုံသည် အင်တာနက်မှတစ်ဆင့် အာရှတိုက်တစ်ဝှမ်းကို ကျော်လွန်ကာ အမေရိကန်၊ ဥရောပနှင့် ဗြိတိန်တို့ထိ ပျံ့နှံ့သွားခဲ့သည်။ ချန်းတစ်ယောက် ထိုင်ဝမ်သို့ ပြန်ရောက်ချိန်တွင် ယင်းကိစ္စကို သိရှိပြီးနောက် မျက်လုံးပြူးခဲ့ရသည်။

ဟိ...တော်တော်လေးကိုတော်တဲ.မျောက်တွေနော်....
ReplyDelete