အဆိုပါ ဖုန်းများကို ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင်သာ အသုံးပြုနိုင်ကြောင်းနှင့် အခြားမြို့များသို့ သယ်ဆောင် အသုံးပြုပါက CDMA 450 ဟန်းဆက် အတွင်းသို့ SIM Card ပြောင်းလဲ ထည့်သွင်း အသုံးပြုရသည်။ CDMA 800 MHZ ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းက စတင်ချပေးခဲ့ပြီး ယခုအချိန်ထိ အလုံးရေ သုံးသိန်းရှစ်သောင်းကျော် အသုံးပြုနေကြောင်းနှင့် စခန်းပေါင်း (၁၄၀) ကျော် ရှိကြောင်း သိရသည်။ ယင်းဖုန်းများကို ၂၀၁၁ နှစ်ဆန်းပိုင်းက ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၁၁ အောက်တိုဘာ လဆန်းပိုင်းမှစ၍ One Stop Service ဖြင့် ပြန်ချပေးနေကြောင်း သိရသည်။ “အလုံးရေ ကန့်သတ်မရှိ ချပေးမှာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
0 comments:
Post a Comment